မဖြစ်မနေ သန့်ရှင်းရေးပြုလုပ်သင့်သော မီးဖိုချောင်သုံးပစ္စည်းများ

မဖြစ်မနေ သန့်ရှင်းရေးပြုလုပ်သင့်သော မီးဖိုချောင်သုံးပစ္စည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jun 2022 10:16 am တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မီးဖိုချောင်သုံးပစ္စည်းတချို့ဟာ ရောဂါပိုးတွေ ကပ်ငြိပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။

အသန့်ရှင်းဆုံး မီးဖိုချောင်မှာပင် ပိုးမွှားရှိနေနိုင်

လေ့လာမှုအသစ်အရ အိမ်ထောင်စု ၂၀ရဲ ့ မီးဖိုချောင်သုံး ပစ္စည်း ၁၄ မျိုးကို စစ်ဆေးကြည့်ခဲ့တဲ့အခါ အီးကိုလိုင်ပိုး၊ ဆာမိုနဲလ်လားပိုး၊ လစ္စတီးရီးယားပိုး၊ မှိုပိုး အစရှိတဲ့ အစာကြောင့် နာမကျန်းမှုဖြစ်စေတဲ့ ရောဂါပိုးတွေ ပေါင်းစပ်ကပ်ငြိနေတယ်လို့ သိရပါတယ်။

ဓားလက်ကိုင်

ဓားလက်ကိုင်ဖြစ်တဲ့ သစ်သား၊ ကျောက် အစရှိတာတွေမှာ ပိုးမွှားတွေ ကပ်ငြိနေတတ်တဲ့အတွက် ဆပ်ပြာရည်ပူပူနဲ့ ဆေးကြောကာ ဘရပ်ရှ်ငယ်နဲ့ ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနဲ့ဆေးပြီး ခြောက်သွေ့အောင်ထားလိုက်ပါ။

ရေခဲသေတ္တာထဲရှိ ဟင်းသီးဟင်းရွက်ထည့် အံဆွဲ

သင့်ရေခဲသေတ္တာထဲက ဟင်းသီးဟင်းရွက်ထည့်တဲ့ အံဆွဲကို သေချာဆေးကြောသန့်စင်မှုမရှိရင် ဆာမိုနဲလ်လား၊ လစ္စတီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်လတစ်ကြိမ် ဟင်းသီးဟင်းရွက်ထည့်တဲ့ အံကို ထုတ်ယူကာ ကြက်သီးနွေးရေနဲ့ အပျော့စားကြေးချွတ်ဆေးရောထားတဲ့ ရေထည့်ပြီး ပွတ်တိုက်ဆေးကြောပေးပါ။ အနံ့ထွက်နေရင် ဆော်ဒါမှုန့်အရည်လောင်းပြီး အနံ့ပျောက်အောင် လုပ်နိုင်ပါတယ်။

ရေခဲသေတ္တာထဲရှိ အသားထည့် အံဆွဲ

ရေခဲသေတ္တာထဲက အသားထည့်တဲ့ အံဆွဲကို မဆေးကြောတာကြောင့် ဆာမိုနဲလ်လား၊ အီးကိုလိုင်၊ မှိုပိုးတွေရှိနေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ထည့်တဲ့ အံလိုပဲ ဆပ်ပြာနဲ့ ရေသုံးပြီး သေချာပွတ်တိုက်ဆေးကြောပေးပါ။

မွှေစက် (Blender)

သင်က ထုတ်လုပ်သူရဲ့ သန့်ရှင်းရေးလမ်းညွှန်ချက်အတိုင်း မလိုက်နာရင် သင့်မွှေစက်ထဲမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပါတယ်။ အသုံးပြုပြီးတိုင်း ဆပ်ပြာရေနွေးနဲ့ ဆေးကြောပေးပါ။ နောက်တစ်ကြိမ် မမွှေခင် ခြောက်သွေ့အောင်ထားပါ။

သံဘူးဖောက်တံ

လူအများစုဟာ သံဘူးဖောက်တံကိုသုံးပြီး ဆေးကြောမှုမလုပ်ဘဲ အံဆွဲထဲထည့်ထားလိုက်တာ များပါတယ်။ အဲဒီအခါ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိနေတတ်ပါတယ်။

သံဘူးဖောက်တံက စားကြွင်းစားကျန်တွေအားလုံး ကင်းစင်သွားစေဖို့ အသုံးပြုပြီးတိုင်း ဆပ်ပြာရေနွေးနဲ့ သေချာဆေးကြောပေးပါ။

ယောက်မ၊ ထိပ်ပြားဇွန်း

ယောက်မ၊ ထိပ်ပြားဇွန်း စတာတွေကိုသုံးပြီး တိုင်းဆေးကြောမှုမရှိရင် ပိုးမွှားတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် ထမင်းခပ်တဲ့ ထိပ်ပိုင်းကိုသာမက လက်ကိုင်ကိုလည်း ကောင်းစွာဆေးကြော သန့်ရှင်းသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: healthylifejournalmyanmar

 

 

[Zawgyi]

မျဖစ္မေန သန္႔႐ွင္းေရးျပဳလုပ္သင့္ေသာ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား

မီးဖိုေခ်ာင္သုံးပစၥည္းတခ်ိဳ႕ဟာ ေရာဂါပိုးေတြ ကပ္ၿငိၿပီး နာမက်န္းမႈကို ျဖစ္ေစႏိုင္တယ္လို႔ ေလ့လာမႈအသစ္အရ သိရပါတယ္။

အသန္႔႐ွင္းဆုံး မီးဖိုေခ်ာင္မွာပင္ ပိုးမႊား႐ွိေနႏိုင္

ေလ့လာမႈအသစ္အရ အိမ္ေထာင္စု ၂၀ရဲ ့ မီးဖိုေခ်ာင္သုံး ပစၥည္း ၁၄ မ်ိဳးကို စစ္ေဆးၾကည့္ခဲ့တဲ့အခါ အီးကိုလိုင္ပိုး၊ ဆာမိုနဲလ္လားပိုး၊ လစၥတီးရီးယားပိုး၊ မိႈပိုး အစ႐ွိတဲ့ အစာေၾကာင့္ နာမက်န္းမႈျဖစ္ေစတဲ့ ေရာဂါပိုးေတြ ေပါင္းစပ္ကပ္ၿငိေနတယ္လို႔ သိရပါတယ္။

ဓားလက္ကိုင္

ဓားလက္ကိုင္ျဖစ္တဲ့ သစ္သား၊ ေက်ာက္ အစ႐ွိတာေတြမွာ ပိုးမႊားေတြ ကပ္ၿငိေနတတ္တဲ့အတြက္ ဆပ္ျပာရည္ပူပူနဲ႔ ေဆးေၾကာကာ ဘရပ္႐ွ္ငယ္နဲ႔ ပြတ္တိုက္ေပးပါ။ ၿပီးရင္ ေရနဲ႔ေဆးၿပီး ေျခာက္ေသြ႕ေအာင္ထားလိုက္ပါ။

ေရခဲေသတၱာထဲ႐ွိ ဟင္းသီးဟင္း႐ြက္ထည့္ အံဆြဲ

သင့္ေရခဲေသတၱာထဲက ဟင္းသီးဟင္း႐ြက္ထည့္တဲ့ အံဆြဲကို ေသခ်ာေဆးေၾကာသန္႔စင္မႈမ႐ွိရင္ ဆာမိုနဲလ္လား၊ လစၥတီးရီးယားနဲ႔ မိႈပိုးေတြ ကပ္ၿငိေနႏိုင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံး တစ္လတစ္ႀကိမ္ ဟင္းသီးဟင္း႐ြက္ထည့္တဲ့ အံကို ထုတ္ယူကာ ၾကက္သီးေႏြးေရနဲ႔ အေပ်ာ့စားေၾကးခြၽတ္ေဆးေရာထားတဲ့ ေရထည့္ၿပီး ပြတ္တိုက္ေဆးေၾကာေပးပါ။ အနံ႔ထြက္ေနရင္ ေဆာ္ဒါမႈန္႔အရည္ေလာင္းၿပီး အနံ႔ေပ်ာက္ေအာင္ လုပ္ႏိုင္ပါတယ္။

ေရခဲေသတၱာထဲ႐ွိ အသားထည့္ အံဆြဲ

ေရခဲေသတၱာထဲက အသားထည့္တဲ့ အံဆြဲကို မေဆးေၾကာတာေၾကာင့္ ဆာမိုနဲလ္လား၊ အီးကိုလိုင္၊ မိႈပိုးေတြ႐ွိေနႏိုင္ပါတယ္။ ဟင္းသီးဟင္း႐ြက္ထည့္တဲ့ အံလိုပဲ ဆပ္ျပာနဲ႔ ေရသုံးၿပီး ေသခ်ာပြတ္တိုက္ေဆးေၾကာေပးပါ။

ေမႊစက္ (Blender)

သင္က ထုတ္လုပ္သူရဲ႕ သန္႔႐ွင္းေရးလမ္းၫႊန္ခ်က္အတိုင္း မလိုက္နာရင္ သင့္ေမႊစက္ထဲမွာ ဘက္တီးရီးယားပိုးေတြ ႐ွိေနႏိုင္ပါတယ္။ အသုံးျပဳၿပီးတိုင္း ဆပ္ျပာေရေႏြးနဲ႔ ေဆးေၾကာေပးပါ။ ေနာက္တစ္ႀကိမ္ မေမႊခင္ ေျခာက္ေသြ႕ေအာင္ထားပါ။

သံဘူးေဖာက္တံ

လူအမ်ားစုဟာ သံဘူးေဖာက္တံကိုသုံးၿပီး ေဆးေၾကာမႈမလုပ္ဘဲ အံဆြဲထဲထည့္ထားလိုက္တာ မ်ားပါတယ္။ အဲဒီအခါ ဘက္တီးရီးယားနဲ႔ မိႈပိုးေတြ ကပ္ၿငိေနတတ္ပါတယ္။

သံဘူးေဖာက္တံက စားႂကြင္းစားက်န္ေတြအားလုံး ကင္းစင္သြားေစဖို႔ အသုံးျပဳၿပီးတိုင္း ဆပ္ျပာေရေႏြးနဲ႔ ေသခ်ာေဆးေၾကာေပးပါ။

ေယာက္မ၊ ထိပ္ျပားဇြန္း

ေယာက္မ၊ ထိပ္ျပားဇြန္း စတာေတြကိုသုံးၿပီး တိုင္းေဆးေၾကာမႈမ႐ွိရင္ ပိုးမႊားေတြ ကပ္ၿငိေနတတ္ပါတယ္။ ဒါေၾကာင့္ ထမင္းခပ္တဲ့ ထိပ္ပိုင္းကိုသာမက လက္ကိုင္ကိုလည္း ေကာင္းစြာေဆးေၾကာ သန္႔႐ွင္းသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: healthylifejournalmyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service