နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
9 Mar 2022 11:11 am တွင် တင်ခဲ့သည်
3444 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျွန်မတို့တော်တော်များများယူဆထားတာက အိမ်ဆိုတာက လုံခြုံတဲ့နေရာတစ်ခုလို့လေ။ ဒါပေမယ့်လေ့လာမှုတွေအရတော့ အိမ်ကမတော်တဆမှုတွေ အများဆုံးဖြစ်နိုင်တဲ့နေရာပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေဟာနေအိမ်မှာ မတော်တဆထိခိုက်မိတာများပါတယ်။ ကျွန်မတို့အနေနဲ့နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို မကာကွယ်နိုင်ပေမယ့်နေအိမ်ထဲမှာ လူကြီးတွေနဲ့ ကလေးတွေကို လုံခြုံဘေးကင်းအောင်ထားပေးလို့တော့ရပါတယ်။

နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက –

*  ချော်လဲတာ

*  ပစ္စည်းတွေမတော်တဆပြုတ်ကျတာ

*  ထိခိုက်ပွန်းပဲ့ဒဏ်ရာ

*  ခြေဆစ်လက်ဆစ်လွဲတာ

*  ပြတ်ရှဒဏ်ရာ

*  အပူလောင်တာ

*  အရေပြားမှာ ဓာတုပစ္စည်းတွေလောင်တာ

*  ဖန်ကွဲစတွေရှတာတွေဖြစ်နိုင်ပါတယ်။

အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ချင်ရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တို့ကိုသေချာတိုက်ထားပေးပါ – အိမ်သာနဲ့ရေချိုးခန်းက မဖြစ်မနေ အသုံးပြုရမယ့်နေရာတွေဖြစ်တာကြောင့်ချောနေတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ကြွေပြားခင်းထားတာဆိုရင်တော့ အခင်းတစ်ခုခုခင်းပေးထားတာ အဆင်ပြေဆုံးဖြစ်မှာပါ။

လှေကားတွေကိုသေချာဂရုစိုက်ပေးပါ –လှေကားတွေကနေလည်း မတော်တဆခြေချော်ကျတာမျိုးဖြစ်နိုင်တာကြောင့်လှေကားမှာ အလှဆင်တဲ့အနေနဲ့ အခင်းခင်းထားတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုကလှေကားကိုအလင်းရောင်ကောင်းကောင်းရအောင်ထားပေးဖို့လည်းမမေ့ပါနဲ့။

ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ -ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။

ညမီးဖွင့်ထားပေးပါ – ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှ အိပ်ပျော်တယ်ဆိုရင်တောင် ညမီးခပ်မှိန်မှိန်လေးတော့ဖွင့်ထားပေးပါ။ အိပ်ခန်း၊လျှောက်လမ်း၊အိပ်သာနဲ့ရေချိုးခန်းတို့မှာ မီးခပ်မှိန်မှန်လေးထွန်းထားပေးပါ။ အိပ်ရာထဲမှာ ဒါမှမဟုတ် အလွယ်တကူယူလို့ရတဲ့နေရာမှာ လက်နှိပ်ဓါတ်မီးထားပေးပါ။

ပရိဘောဂတွေကိုသေချာထားပေးပါ – အိမ်ကို တတ်နိုင်သမျှ ရှင်းရှင်းလေးပဲထားပေးပါ။ ပရိဘောဂတွေကိုလည်း အစွန်းထွက်နေတာမျိုးမဖြစ်အောင်လုပ်ပေးပါ။နောက်တစ်ခုကပြတင်းပေါက်နားမှာ ခုံတွေ၊စားပွဲတွေနဲ့ ကလေးတွေတက်လို့ မှီလောက်တဲ့ပရိဘောဂတွေမထားပါနဲ့။ မတော်တဆပြတင်းပေါက်ကနေပြုတ်ကျတာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ဒီလိုတွေသတိထားနေရက်က မတော်တဆမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိခိုက်မိတဲ့ဒဏ်ရာသေးရင် အိမ်မှာပဲ ကိုယ်တိုင် အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ပေးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာဆေးတာလောက်လုပ်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ ဒီလိုတွေလုပ်ပေးဖို့ဆိုရင်တော့ နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်လုံးလောက်ဆောင်ထားဖို့လိုပါမယ်။ဘေးကင်းလုံခြုံတဲ့နေအိမ်လေးအဖြစ် ဒီနည်းလေးတွေ သုံးပြီး ဖန်တီးကြည့်ပါနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေနအိမ္မွာထိခိုက္မိႏိုင္တဲ့ မေတာ္တဆထိခိုက္မႈေတြကို ဒီလိုကာကြယ္ပါ

ကြၽန္မတို႔ေတာ္ေတာ္မ်ားမ်ားယူဆထားတာက အိမ္ဆိုတာက လုံျခဳံတဲ့ေနရာတစ္ခုလို႔ေလ။ ဒါေပမယ့္ေလ့လာမႈေတြအရေတာ့ အိမ္ကမေတာ္တဆမႈေတြ အမ်ားဆုံးျဖစ္ႏိုင္တဲ့ေနရာပါ။ အထူးသျဖင့္ ကေလးငယ္ေတြနဲ႔ အသက္ႀကီးတဲ့လူေတြဟာေနအိမ္မွာ မေတာ္တဆထိခိုက္မိတာမ်ားပါတယ္။ ကြၽန္မတို႔အေနနဲ႔ေနအိမ္မွာျဖစ္ႏိုင္တဲ့ မေတာ္တဆထိခိုက္မႈေတြကို မကာကြယ္ႏိုင္ေပမယ့္ေနအိမ္ထဲမွာ လူႀကီးေတြနဲ႔ ကေလးေတြကို လုံျခဳံေဘးကင္းေအာင္ထားေပးလို႔ေတာ့ရပါတယ္။

ေနအိမ္မွာျဖစ္ႏိုင္တဲ့ မေတာ္တဆမႈေတြက –

* ေခ်ာ္လဲတာ

* ပစၥည္းေတြမေတာ္တဆျပဳတ္က်တာ

* ထိခိုက္ပြန္းပဲ့ဒဏ္ရာ

* ေျခဆစ္လက္ဆစ္လြဲတာ

* ျပတ္႐ွဒဏ္ရာ

* အပူေလာင္တာ

* အေရျပားမွာ ဓာတုပစၥည္းေတြေလာင္တာ

* ဖန္ကြဲစေတြ႐ွတာေတြျဖစ္ႏိုင္ပါတယ္။

အိမ္တြင္းမွာျဖစ္ႏိုင္တဲ့ မေတာ္တဆထိခိုက္မႈေတြကို ဒီလိုကာကြယ္ပါ

အိမ္တြင္းမွာျဖစ္ႏိုင္တဲ့ မေတာ္တဆထိခိုက္မႈေတြကို ကာကြယ္ခ်င္ရင္ ဒီနည္းလမ္းေလးေတြက အသုံးဝင္မွာပါ။

အိမ္သာနဲ႔ေရခ်ိဳးခန္းၾကမ္းျပင္တို႔ကိုေသခ်ာတိုက္ထားေပးပါ – အိမ္သာနဲ႔ေရခ်ိဳးခန္းက မျဖစ္မေန အသုံးျပဳရမယ့္ေနရာေတြျဖစ္တာေၾကာင့္ေခ်ာေနတာမ်ိဳးမျဖစ္ေအာင္ေသခ်ာဂ႐ုစိုက္ဖို႔လိုအပ္ပါမယ္။ေႂကြျပားခင္းထားတာဆိုရင္ေတာ့ အခင္းတစ္ခုခုခင္းေပးထားတာ အဆင္ေျပဆုံးျဖစ္မွာပါ။

ေလွကားေတြကိုေသခ်ာဂ႐ုစိုက္ေပးပါ –ေလွကားေတြကေနလည္း မေတာ္တဆေျခေခ်ာ္က်တာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ေလွကားမွာ အလွဆင္တဲ့အေနနဲ႔ အခင္းခင္းထားတာမ်ိဳး မလုပ္ပါနဲ႔။ေနာက္တစ္ခုကေလွကားကိုအလင္းေရာင္ေကာင္းေကာင္းရေအာင္ထားေပးဖို႔လည္းမေမ့ပါနဲ႔။

ေကာ္ေဇာခင္းတဲ့အခါ အစပ္ေနရာေတြကိုေသခ်ာတိပ္နဲ႔ကပ္ပါ -ေကာ္ေဇာေတြခင္းၿပီး အိမ္ကိုအလွဆင္ထားတယ္ဆိုရင္ေတာ့ေကာ္ေဇာေတြတစ္ခုနဲ႔တစ္ခုဆက္တဲ့ေနရာကို တိပ္သုံးၿပီးေသခ်ာကပ္ထားပါ။ မေတာ္တဆခလုတ္တိုက္မိၿပီးေခ်ာ္လဲတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ညမီးဖြင့္ထားေပးပါ – ညဘက္အိပ္တဲ့အခါ မီးအားလုံးမွိတ္ၿပီး အိပ္မွ အိပ္ေပ်ာ္တယ္ဆိုရင္ေတာင္ ညမီးခပ္မွိန္မွိန္ေလးေတာ့ဖြင့္ထားေပးပါ။ အိပ္ခန္း၊ေလွ်ာက္လမ္း၊အိပ္သာနဲ႔ေရခ်ိဳးခန္းတို႔မွာ မီးခပ္မွိန္မွန္ေလးထြန္းထားေပးပါ။ အိပ္ရာထဲမွာ ဒါမွမဟုတ္ အလြယ္တကူယူလို႔ရတဲ့ေနရာမွာ လက္ႏွိပ္ဓါတ္မီးထားေပးပါ။

ပရိေဘာဂေတြကိုေသခ်ာထားေပးပါ – အိမ္ကို တတ္ႏိုင္သမွ် ႐ွင္း႐ွင္းေလးပဲထားေပးပါ။ ပရိေဘာဂေတြကိုလည္း အစြန္းထြက္ေနတာမ်ိဳးမျဖစ္ေအာင္လုပ္ေပးပါ။ေနာက္တစ္ခုကျပတင္းေပါက္နားမွာ ခုံေတြ၊စားပြဲေတြနဲ႔ ကေလးေတြတက္လို႔ မွီေလာက္တဲ့ပရိေဘာဂေတြမထားပါနဲ႔။ မေတာ္တဆျပတင္းေပါက္ကေနျပဳတ္က်တာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ပါ။

ဒီလိုေတြသတိထားေနရက္က မေတာ္တဆမႈေတြ ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ ထိခိုက္မိတဲ့ဒဏ္ရာေသးရင္ အိမ္မွာပဲ ကိုယ္တိုင္ အနာကိုေဆးေၾကာတာ၊ေဆးထည့္တာ၊ ပလာစတာကပ္တာ၊ ပတ္တီးစည္းတာေတြလုပ္ေပးလို႔ရပါတယ္။ အနာကႀကီးမယ္ဆိုရင္ေတာ့ အနာေဆးတာေလာက္လုပ္ၿပီး နီးစပ္ရာေဆးခန္းကို သြားေရာက္ျပသေပးပါ။ ဒီလိုေတြလုပ္ေပးဖို႔ဆိုရင္ေတာ့ ေနအိမ္မွာ အေရးေပၚေဆးေသတၱာေလးတစ္လုံးေလာက္ေဆာင္ထားဖို႔လိုပါမယ္။ေဘးကင္းလုံျခဳံတဲ့ေနအိမ္ေလးအျဖစ္ ဒီနည္းေလးေတြ သုံးၿပီး ဖန္တီးၾကည့္ပါေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service