1174 ကြိမ် ကြည့်ရှု့ပြီး

ပုံစံ(၇)ရှိပြီးယာမြေကို ရပ်ကျေးလယ်စီနဲ့ လွန်ခဲ့တဲ့(၂)နှစ်က အရောင်းအဝယ် စာချူပ် ချုုပ်ဆိုပြီး ထိုရောင်းသူဆီမှာပဲ နှုတ်ကတိနဲ့တစ်နှစ်တစ်ဖိုး သက်မှတ်၍ အငှားပြန်ချထားခဲ့ပြီး စာချုပ်နဲ့ ပုံစံ(၇)တော့ယူထားပါတယ်။ ယခုမြေငှားခမပေးလို့ မြေမငှားတော့ဘူးပြောတာကို ဆက်လက်စိုက်ပျိုးနေပါတယ် သိလိုတာက ရပ်ကျေးလယ်စီကိုမူလမြေယာမှု့ခင်းဖွင့်လှစ်တိုင်းရမလား တရားရုံကိုအမှု့ဖွင့်ရမလား မသိပါသဖြင့် ရိုသေစွာမေးမြန်အပ်ပါတယ် ဆရာခင်ဗျာ

မေးသူ - Ko Yan Naing Oo

[Unicode]

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက်(သို့)ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည်လယ်ယာမြေဥပဒေပုဒ်မ -၂၂ အရ မူလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။ ရပ်ကျေးလယ်စီအဖွဲ့မှချမှတ်သောအမိန့်(သို့)ဆုံးဖြတ်ချက်ကျေနပ်မှုမရှိပါက မြို့နယ်လယ်စီတွင် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း လယ်ယာမြေဥပဒေပုဒ်မ -၂၃၊ပုဒ်မခွဲ (က)အရ သတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။ မြို့နယ်လယ်စီသည် ရပ်ကျေးလယ်စီကချမှတ်သည့် အမိန့်(သို့) ဆုံးဖြတ်ချက်များကို ပုဒ်မခွဲ(ခ)အရ အတည်ပြုခြင်း၊ပြင်ဆင်ခြင်း၊ သို့ ပယ်ဖျက်ခြင်းပြုနိုင်သည်။

မြို့နယ်လယ်စီအဖွဲ့မှချမှတ်သောအမိန့်(သို့)ဆုံးဖြတ်ချက်ကျေနပ်မှုမရှိပါက ခရိုင်လယ်စီတွင် အမိန့်ချ မှတ်သည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း လယ်ယာမြေဥပဒေပုဒ်မ -၂၄၊ပုဒ်မခွဲ (က)အရ ခရိုင်လယ်စီအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။

ခရိုင်လယ်စီသည် မြို့နယ်လယ်စီကချမှတ်သည့် အမိန့်(သို့) ဆုံးဖြတ်ချက်များကို ပုဒ်မခွဲ(ခ)အရ အတည်ပြုခြင်း၊ပြင်ဆင်ခြင်း၊ သို့ ပယ်ဖျက်ခြင်းပြုနိုင်သည်။ ခရိုင်လယ်စီအဖွဲ့မှချမှတ်သောအမိန့်(သို့)ဆုံးဖြတ်ချက်ကျေနပ်မှုမရှိပါက တိုင်းဒေသကြီး(သို့)ပြည်နယ် လယ်စီအဖွဲ့တွင် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း(၆၀)အတွင်း လယ်ယာမြေဥပဒေပုဒ်မ -၂၅၊ပုဒ်မခွဲ (က)အရ တိုင်းဒေသကြီး(သို့)ပြည်နယ် လယ်စီအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံဝင်နိုင်သည်။ တိုင်းဒေသကြီး(သို့)ပြည်နယ် လယ်စီအဖွဲ့တွင် ခရိုင်လယ်စီကချမှတ်သည့် အမိန့်(သို့) ဆုံးဖြတ်ချက်များကို ပုဒ်မခွဲ(ခ)အရ အတည်ပြုခြင်း၊ပြင်ဆင်ခြင်း၊ သို့ ပယ်ဖျက်ခြင်းပြုနိုင်ပြီး ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီး(သို့)ပြည်နယ် လယ်စီအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဖြစ်သည်။

လယ်ယာလုပ်ပိုင်ခွင့်ရရှိထားသူသည် လယ်ယာမြေဥပဒေပုဒ်မ -၁၉အရ ချမှတ်သည့်အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက မြို့နယ်လယ်စီအဖွဲ့မှသော်၎င်း၊ယင်းအဖွဲ့ကတာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုနိုင်ပါသည်။

[Zawgyi]

ပုံစံ(၇)ရွိၿပီးယာေျမကို ရပ္ေက်းလယ္စီနဲ႔ လြန္ခဲ့တဲ့(၂)ႏွစ္က အေရာင္းအဝယ္ စာခ်ဴပ္ ခ်ဳုပ္ဆိုၿပီး ထိုေရာင္းသူဆီမွာပဲ ႏႈတ္ကတိနဲ႔တစ္ႏွစ္တစ္ဖိုး သက္မွတ္၍ အငွားျပန္ခ်ထားခဲ့ၿပီး စာခ်ဳပ္နဲ႔ ပုံစံ(၇)ေတာ့ယူထားပါတယ္။ ယခုေျမငွားခမေပးလို႔ ေျမမငွားေတာ့ဘူးေျပာတာကို ဆက္လက္စိုက္ပ်ိဳးေနပါတယ္ သိလိုတာက ရပ္ေက်းလယ္စီကိုမူလေျမယာမႈ႕ခင္းဖြင့္လွစ္တိုင္းရမလား တရား႐ုံကိုအမႈ႕ဖြင့္ရမလား မသိပါသျဖင့္ ႐ိုေသစြာေမးျမန္အပ္ပါတယ္ ဆရာခင္ဗ်ာ

လယ္ယာေျမလုပ္ပိုင္ခြင့္ႏွင့္စပ္လ်ဥ္း၍ အျငင္းပြားမႈကို ရပ္ကြက္(သို႔)ေက်း႐ြာအုပ္စုလယ္ယာေျမ စီမံခန႔္ခြဲမႈ အဖြဲ႕သည္လယ္ယာေျမဥပေဒပုဒ္မ -၂၂ အရ မူလမႈခင္း ဖြင့္လွစ္၍ စုံစမ္းစစ္ေဆးျခင္း၊ ၾကားနာျခင္းႏွင့္ ဆုံးျဖတ္ျခင္းျပဳရမည္။ ရပ္ေက်းလယ္စီအဖြဲ႕မွခ်မွတ္ေသာအမိန႔္(သို႔)ဆုံးျဖတ္ခ်က္ေက်နပ္မႈမရွိပါက ၿမိဳ႕နယ္လယ္စီတြင္ အမိန႔္ခ်မွတ္သည့္ေန႔မွ ရက္ေပါင္း(၃၀)အတြင္း လယ္ယာေျမဥပေဒပုဒ္မ -၂၃၊ပုဒ္မခြဲ (က)အရ သတ္မွတ္ခ်က္မ်ားႏွင့္အညီ အယူခံဝင္ႏိုင္သည္။

ၿမိဳ႕နယ္လယ္စီသည္ ရပ္ေက်းလယ္စီကခ်မွတ္သည့္ အမိန႔္(သို႔) ဆုံးျဖတ္ခ်က္မ်ားကို ပုဒ္မခြဲ(ခ)အရ အတည္ျပဳျခင္း၊ျပင္ဆင္ျခင္း၊ သို႔ ပယ္ဖ်က္ျခင္းျပဳႏိုင္သည္။ ၿမိဳ႕နယ္လယ္စီအဖြဲ႕မွခ်မွတ္ေသာအမိန႔္(သို႔)ဆုံးျဖတ္ခ်က္ေက်နပ္မႈမရွိပါက ခ႐ိုင္လယ္စီတြင္ အမိန႔္ခ် မွတ္သည့္ေန႔မွ ရက္ေပါင္း(၃၀)အတြင္း လယ္ယာေျမဥပေဒပုဒ္မ -၂၄၊ပုဒ္မခြဲ (က)အရ ခ႐ိုင္လယ္စီအဖြဲ႕သို႔ သတ္မွတ္ခ်က္မ်ားႏွင့္အညီ အယူခံဝင္ႏိုင္သည္။

ခ႐ိုင္လယ္စီသည္ ၿမိဳ႕နယ္လယ္စီကခ်မွတ္သည့္ အမိန႔္(သို႔) ဆုံးျဖတ္ခ်က္မ်ားကို ပုဒ္မခြဲ(ခ)အရ အတည္ျပဳျခင္း၊ျပင္ဆင္ျခင္း၊ သို႔ ပယ္ဖ်က္ျခင္းျပဳႏိုင္သည္။ ခ႐ိုင္လယ္စီအဖြဲ႕မွခ်မွတ္ေသာအမိန႔္(သို႔)ဆုံးျဖတ္ခ်က္ေက်နပ္မႈမရွိပါက တိုင္းေဒသႀကီး(သို႔)ျပည္နယ္ လယ္စီအဖြဲ႕တြင္ အမိန႔္ခ်မွတ္သည့္ေန႔မွ ရက္ေပါင္း(၆၀)အတြင္း လယ္ယာေျမဥပေဒပုဒ္မ -၂၅၊ပုဒ္မခြဲ (က)အရ တိုင္းေဒသႀကီး(သို႔)ျပည္နယ္ လယ္စီအဖြဲ႕သို႔ သတ္မွတ္ခ်က္မ်ားႏွင့္အညီ အယူခံဝင္ႏိုင္သည္။

တိုင္းေဒသႀကီး(သို႔)ျပည္နယ္ လယ္စီအဖြဲ႕တြင္ ခ႐ိုင္လယ္စီကခ်မွတ္သည့္ အမိန႔္(သို႔) ဆုံးျဖတ္ခ်က္မ်ားကို ပုဒ္မခြဲ(ခ)အရ အတည္ျပဳျခင္း၊ျပင္ဆင္ျခင္း၊ သို႔ ပယ္ဖ်က္ျခင္းျပဳႏိုင္ၿပီး ပုဒ္မခြဲ(ဂ)အရ တိုင္းေဒသႀကီး(သို႔)ျပည္နယ္ လယ္စီအဖြဲ႕၏ဆုံးျဖတ္ခ်က္သည္ အၿပီးအျပတ္ျဖစ္ေစရမည္ျဖစ္သည္။

လယ္ယာလုပ္ပိုင္ခြင့္ရရွိထားသူသည္ လယ္ယာေျမဥပေဒပုဒ္မ -၁၉အရ ခ်မွတ္သည့္အမိန႔္ကို လိုက္နာျခင္းမရွိေသာ မည္သည့္လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူကိုမဆို ယင္းအမိန႔္ပါ သတ္မွတ္ရက္ ေက်ာ္လြန္ပါက ၿမိဳ႕နယ္လယ္စီအဖြဲ႕မွေသာ္၎၊ယင္းအဖြဲ႕ကတာဝန္ေပးအပ္ေသာ ပုဂၢိဳလ္ကေသာ္လည္းေကာင္း သက္ဆိုင္ရာတရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထားတရားစြဲဆိုႏိုင္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)