ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2024 1:22 pm တွင် တင်ခဲ့သည်
262 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ကိုယ်စားလှယ်ဆိုသည်မှာ အခြားသူ၏ ကိစ္စရပ်များအား ဆောင်ရွက်ရန် ခန့်ထားခံရသူ၊ အခြားသူကို ကိုယ်စားပြုသူကို ဆိုလိုကြောင်း ပဋိဉာဉ် ဥပဒေ-၁၈၂တွင် ဖော်ပြထားပြီးဖြစ်ပါသည်။

အရွယ်ရောက်ပြီးသူ၊ စိတ်ပေါ့သွပ်သူ မဟုတ်သည့်မည်သူကိုမဆို ပုဒ်မ-၁၈၃ အရ တရားဝင်ကိုယ်စား လှယ်အဖြစ် ခန့်အပ်နိုင်ပါသည်။ ကိုယ်စားခန့်အပ်ရာတွင် အဖိုးစားနားဖြင့် ခန့်အပ်ရန်လဲ မလိုပါ ကိုယ်စားလှယ်အဖြစ် လက်ခံခြင်း အတွက် အဖိုးစားနား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆောင်ရွက်ရန် လက်ခံလျှင်ပင် ကိုယ်စားလှယ်အဖြစ် လုံလောက်ပါသည်။

ကိုယ်စားလှယ်တစ်ဦးမှာ ၎င်းအားခန့်အပ်ထားသည့် တာဝန်ရပ်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ကာ စာရင်းရှင်းလင်းခြင်းများလဲ ပြန်လည်လုပ်ဆောင်ပေးရန် လိုပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအား ကိုယ်စားလှယ်မှတဆင့် ဆောင်ရွက်လိုလျှင် မှတ်ပုံတင်ဥပဒေပုဒ်မ - ၃၂၊ ၃၃အရ စာဖြင့်ရေးသား မှတ်ပုံတင်ထားသည့် ကိုယ်စားလှယ်လွှဲစာရှိရန် လိုအပ်သည်။

ထို့ပြင် ပုဒ်မ-၁၈၆ အရ ကိုယ်စားလှယ်၏ ပြုလုပ်မှုကို စာဖြင့် (သို့) နူတ်ဖြင့် အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သတ်မှတ်ထားခြင်းလဲ ပြုနိုင်သည်။ ကိစ္စတစ်ခုခုအတွက် ဆောင်ရွက်လိုလျှင် အထူးကိုယ်စားလှယ်လွှဲစာ၊ မူခင်းကိစ္စများဖြေရှင်း ဆောင်ရွက်ရန်အတွက်ဆိုလျှင် ရှေ့နေကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိစ္စရပ်များဆောင်ရွက်ရန်အတွက် အထွေထွေကိုယ်စားလှယ်စာဟူ၍ သီးခြားစီ ကိုယ်စားလှယ်စာ၌ သတ်မှတ်ချက်များဖြင့် အတိအလင်းလွှဲအပ်နိုင်သလို နှစ်ဦးနှစ်ဖက်ပြုလုပ်ဆောင်ရွက်မှုအပေါ်မူတည်၍လဲ သွယ်ဝိုက်၍ ကိုယ်စားလှယ်အဖြစ်လဲ ခန့်အပ်နိုင်ပါသည်။

ပဋိညာဉ်ချုပ်ဆိုရန်၊ တရားစွဲဆိုရာတွင် ၎င်းကိုယ်စား ခုခံဖြေရှင်းဆောင်ရွက်ရန်၊ ပစ္စည်းလွှဲပြောင်းခြင်းများအား ဆောင်ရွက်ရန် နှင့် အခြားသော စာချုပ်စာတမ်းနှင့် သက်ဆိုင်သော ကိစ္စရပ်များဆောင်ရွက်ရန် အတွက် ပဋိဉာဉ်ဥပဒေနှင့်အညီ ကိုယ်စားလှယ်လွှဲအပ်နိုင်သည်။

ကိုယ်စားလှယ်အား တာဝန်လွှဲအပ်၍ ဆောင်ရွက်ခြင်းဖြစ်သော်လည်း ကိုယ်စားလှယ်လွှဲအပ်ထားသူမှာ ပဋိညာဉ်တွင် ပါဝင်သည့်အချက်များအတိုင်း ငြင်းဆိုခွင့်မရှိ လိုက်နာရမှာဖြစ်တယ်။ ပုဒ်မ-၂၁၄ အရ ကိုယ်စားလှယ်သည် ကိုယ်စားလှယ်ခန့်အပ်သူ အကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် တာဝန်ရှိပါသည်။

ထို့ပြင် ကိုယ်စားလှယ်လုပ်ငန်း ကုန်ဆုံးခြင်း၊ လုပ်ပိုင်ခွင့်ကို ပြန်လည် ရုတ်သိမ်းခြင်း (သို့) စွန့်လွှတ် ခြင်း၊ ကိုယ်စားလှယ် လုပ်ငန်းပြီးဆုံးခြင်း၊ အကြီးအကဲ (သို့) ကိုယ်စားလှယ် သေဆုံးခြင်း၊ အကြီးအကဲသည် ကြွေးမဆပ်နိုင်သော အင်ဆော်လဝင်အဖြစ် ကြေညာခံရခြင်း၊ အချိန်ကာလ ကန့်သတ်ထားသော ကိုယ်စားလှယ်လုပ်ငန်းတို့တွင် သတ်မှတ်အချိန်ကာလပြည့်ပါက ကိုယ်စားလှယ်အဖြစ်မှ ဆုံးခန်းတိုင်ကာ ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးသွားကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 


 













 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service