18ftx54ft Apartment

Click Photo To Enlarge

Posted on 19 Jan 2025 8:47 am Views 368 Ad Number S-14015928

Thingangyun | Yangon Region

Apartment | Ground Floor + Attic

18 ft x 54 ft 972 Square Feet

4 Bedroom(s) 2 Bathroom(s)

Price 3,060 Lakh (Kyats)

Owner Direct  Bank Installment

ရန်ကုန်မြို့ရဲ့ Location ကောင်းပြီး အချက်အချာကျတဲ့နေရာမှာရှိတဲ့ သဃ်န်းကျွန်းမြို့နယ် သု၀ဏ္ဏဈေးအနီးမှာ ရှိတဲ့ (၁၈ပေ x ၅၄ပေ )မြေညီထပ်ခိုးပါ တိုက်ခန်းလေးရောင်းချင်ပါတယ်
Location ကတော့ သု၀ဏ္ဏ ရန်ကုန်သစ်ရပ်ကွက်ရဲ့ လူကြိုက်အများဆုံးလမ်းဖြစ်တဲ့ အောင်ဇေယျ၅လမ်းမှာ တည်ရှိပါတယ်
တိုက်သက်တမ်း ၈နှစ်ကျော်ပြီး နေထိုးမှာမပူရတဲ့ မြောက်ဘက်လှည့်လေးဖြစ်ပါတယ်
မေညီဖြစ်လို့ ကားပါကင်အတွက် ပူစရာမလိုပါဘူး
စာရွက်စာတမ်းခိုင်မာမှုကတော့ ကန်ထရိုက်ဆီက တိုက်ရိုက်၀ယ်ယူထားခြင်း၊BCC ,မြေရှင် ကန်ထရိုက်စာချုပ်၊ မီးအာမခံထားရှိထားခြင်း တို့ကြောင့် စိတ်ချလက်ချ ၀ယ်ယူနိုင်မှာပါ
အိမ်အတွင်းပြင်ဆင်မှုကတော့ အပေါ်ထက်အောက်ထက် နှစ်ထပ်စလုံး ပါကေးအထူစားအကောင်းစားခင်းထားပါတယ် ။ အပေါ်ထက် အောက်ထက် Toilet 2ခန်း , ရေချိုးခန်း တခန်းပါရှိတယ်
မီးဖိုခန်းအကျယ်ကြီးမလို့ အချက်အပြုတ်ဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် အသက်ရှူချောင်ချောင်နဲ့ လွတ်လွတ်လပ်လပ် အရသာရှိတဲ့ ဟင်းလျာတွေကို ပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်
အိမ်ရဲ့လုံခြုံမှုအတွက်ကတော့ အိမ်ရှေ့မှာ သံပန်းနှစ်ထပ် Aluminum slide door တံခါးတချပ်ပါတပ်ဆင်ပေးထားလို့ လုံခြုံမှုအတွက် ပြောစရာမလိုတဲ့အပြင် နဂိုကတည်းက ရပ်ကွက်သန့် လမ်းသန့် တဲ့အပြင် တလမ်းလုံးခြုံ‌ေရးအတွက် CCTVများတပ်ဆင်ထားတာမလို့ခေတ်ကာလအခြေအနေအရ မိဘတစ်ဦးတည်းထားပြီး အလုပ်သွားရမယ့် မိသားစုတွေအတွက် အေးအေးချမ်းချမ်းဘေးရန်ကင်းကင်းနေလို့ရမယ့် နေရာလေးဖြစ်တယ်ဆိုတာ အပြည့်အ၀အာမခံပါတယ်
အိမ်နောက်ဘက်မှာလည်း mini garden လေးဖန်တီးပေးထားတာမလို့ မိသားစု သူငယ်ချင်းတွေစုပြီး ကော်ဖီသောက်ရင်း စကားလက်ဆုံပြော အေးဆေးအနားယူလို့လည်းရပါသေးတယ်
မြေညီထပ်ခိုးမလို့ မိသားစုများတဲ့ မိသားစုတွေအတွက်လည်း ကျယ်ကျယ်၀န်း၀န်းနဲ့ လုံးချင်အိမ်မှာနေရတဲ့ ခံစားချက်ကိုရရှိမှာပါ
အောင်ဇေယျမှတ်တိုင် ၊ ဝေဘူလမှတ်တိုင် ၊ သု၀ဏ္ဏဈေးမှတ်တိုင်တို့နဲ့ အနီးဆုံးမှာရှိလို့ ရုံးတက်ရုံးဆင်း budget ချွေတာချင်တဲ့သူတွေအတွက် အဆင်ပြေဆုံးနေရာတခုပါ
ဈေး၀ယ်ရတာကြိုက်နှစ်သက်တဲ့ အိမ်ရှင်မတွေအတွက်လည်း အနီးနားမှာပဲ သု၀ဏ္ဏဈေး ၊ One Stop Mart ,Easy mart,Capital mini market ,G&G store တွေရှိတာမလို့ အလွယ်တကူ ဘာပဲလိုလို ၀ယ်ယူနိုင်မှာပါ
KBZ bank ,CB Bank, MCB bank ,UAB Bank ,AYA bank တို့က အောင်ဇေယျလမ်းထိပ်တင်မလို့ စီးပွားကေးလုပ်ငန်းကြီးလုပ်ကိုင်နေသော လူကြီးမင်းတို့အတွက် ရွေးချမ်မှုမမှားမယ့် နေရာလေးတခုပါ
သက်ကြီးရွယ်အိုလူကြီးတွေနဲ့ ချစ်စရာသားသားမီးမီးလေး‌တွေပါမယ့် မိသားစုအတွက်ကလည်း ၂၄နာရီဖွင့်လှစ်ပေးထားတဲ့ ဆေးရုံ ဆေးပေးခန်းကြီးတွေအနီးမှာလည်းရှိတာမလို့ အရမ်းကို အဆင်ပြေသောပါရှင်
ပညာရေးအားပေးတဲ့ မိဘတွေအတွက် Private School , International School ,အစိုးရကျောင်းများလည်း အနီးအနားမှာရှိပါသေးတယ်
အဓိကအားသာချက်ကတော့ ‌‌‌‌မိုးရာသီဘယ်လောက်မိုးများများ ရေမတင် ရေမ၀ပ်သောလမ်းဖြစ်ပြီး
ဆူညံမှုကင်းပြီး တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းနဲ့ နေလို့ကောင်းတဲ့ နေရာလေးတခုပါ
အနှစ်ချုပ်အနေနဲ့ မိသားစုအေးအေးဆေးဆေးနေချင်တဲ့လူကြီးမင်းများနဲ့ ရေရှည်အနာဂတ်အတွက် ငွေကြေးကနေ ပိုင်ဆိုင်မှုခိုင်မာတဲ့ property အဖြစ်ပြောင်းလဲစုထားချင်တဲ့ လူကြီးမင်းတို့အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်ဖို့ အာမခံပါတယ်ရှင့်
ပိုင်ရှင်တိုက်ရိုက်ဖြစ်လို့ အိမ်လေးကိုစိတ်၀င်စားလို့ ကြည့်ချင်တယ်ဆိုရင် ၁နာရီကြိုဖုန်းဆက်ချိန်းဆိုပြီး လာရောက်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်
အိမ်လေးကိုအကျိုးဆောင်ပေးမယ့် အကျိုးဆောင်မိတ်ဆွေများလည်းဖိတ်ခေါ်ပါတယ်ရှင့်
အကျိုးဆောင်ခ၂%အပြည့်အ၀ပေးမှာဖြစ်လို့ ဈေးတင်ရောင်းချပေးခြင်း သည်းခံပါရှင်
09266444994
09694595144
09696959515

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အိမ်ရာချေးငွေ တွက်ချက်ရန်

တွက်ချက်ရန်

ငွေပေးသွင်းမှု ပုံစံ
(Your Loan Payment)
လစဉ် ငွေပေးချေမှု 4,873,708
ချေးငွေ ပမာဏ 214,200,000
စုစုပေါင်း ပေးချေရမည့်ငွေ 292,422,480
အတိုးနှုန်း 13%
ချေးယူမည့် နှစ်ပမာဏ 5 years

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Myanmar's No. 1 Car PortalMyanmar's No. 1 C2C E-commerce Portal
 

သင်္ဃန်းကျွန်းမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်