8741 Views

လယ်ယာမြေနှင့်ပတ်သက်လို့မေးချင်လို့ပါဆရာ။ လယ 3/ခ ၊လန 39 နှင့် လယ 30 တို့ရဲ့ ကွာခြားချက်ကိုအတိအကျလေးသိချင်လို့ ပါဆရာ။ ဂရန်လျှောက်မယ်ဆိုရင်ရော ဘယ်မြေက လျှောက် လို့လွယ်ပါသလဲ၊ ရောင်းပေါင်လွှဲပြောင်းပိုင်ခွင့်ကောရှိပါသလားဆရာ။ ဂရန်ရလျှင်ရော သက်တမ်းဘယ်လောက်ရပါသလဲဆရာ။

မေးသူ - ဦးမျိုးမင်းဇော်
လန ၃၉ (လယ်ယာမြေနိုင်ငံရေးဥပဒေ) ကိုဖျက်သိမ်းပြီး ယခု ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ "လ/ယ-၃၀" ဖြစ်လာတယ်လို့မှတ်လိုက်ရင် ရှင်းသွားပါတယ် ။ လ/ယ-၃(ခ)နဲ့ အကျုံးမဝင်မှသာ ရရှိနိုင်ပါတယ်။ လယ်ယာမြေ ဖြစ်နေရင် လ/ယ -၃၀ အရ လယ်ယာမြေ ကို အခြားနည်းအသံးပြုရန် လျှောက်ယူရပါတယ်။ အခြားနည်း ခွင့်ပြုချက်ရမှသာ လူနေထိုင်ခွင့်ရရှိတဲ့မြေ (မြို့မြေ) ဖြစ်လာပါတယ်။
အခုပြောပြတဲ့အတိုင်း လယ်ယာမြေ ၃(ခ)ကနေ လူနေမြေ (မြို့မြေ) ဖြစ်ဖို့ လ/ယ - ၃၀ လျောက်ပါ ။ ဗဟိုလယ်ယာမြေ စီမွခန့်ခွဲမှု့အဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီဆိုရင် စလစ်/ပါမစ် မြေကတစ်ဆင့် ဂရန်မြေလျှောက်လို့ရပါပြီ ။ ရောင်းပေါင်လွှဲ ပြောင်းပိုင်ခွင့်ရှိပါတယ်။ ဂရန်သက်တမ်းကတော့ ကျေးရွာအုပ်စုတွေဆိုရင် သက်တမ်းက (၁၀)နှစ် ၊ မြို့နေရပ်ကွက်ဆိုရင် အနှစ် (၃၀) ဂရန်ချထားပေးကြောင်း လေ့လာသိရှိရပါတယ် ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App