ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၄တွင် ဒုတိယပိုဒ်နှင့် တတိယပိုဒ်တို့၌ ပါရှိသော "one
hundred kyats" ဆိုသည့် စကားရပ်ကို "one hundred thousand kyats " ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၃။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၇ တွင် -
(က) ပုဒ်မ (က) ပုဒ်မခွဲငယ် (၁) တွင်ပါရှိသော "Government of India or " ဆိုသည့် စကားရပ်ကိုပယ်ဖျက်ရမည်။
(ခ) ပုဒ်မ(က)ပုဒ်မခွဲငယ် (၁) တွင်ပါရှိသော "The Government of the Union of Burma" ဆိုသည့်စကားရပ်ကို ...