မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) မှ ကြီးမှူး၍ iGREEN Development မှ ဖော်ဆောင်လျှက်ရှိသည့် ဘက်စုံသုံးမြေကွက် နှင့် Shop House အရောင်းပြပွဲကို ၂ဝ၁၈ ခုနှစ် ၊ အောက်တိုဘာလ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့များတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်အနီးရှိ Myanmar Culture Valley နှင့် စီမံကိန်းတည်ရှိရာ အနော်ရထာ စက်မှုဇုန် ၊ လှိုင်သာယာမြို့နယ် တို့တွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ ဒီပွဲအတွင်းမှာ ကျပ်ငွေ သိန်း (၂၀၀) ခန့်ဖြင့် ဂရမ်အမည်ပေါက်မြေကွက်တွေ စတင်ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူပြီးလျှင် လူပဲ နေနေ ၊ စီးပွားရေးအတွက် ဆိုင်ခန်းပဲ ဖွင့်ဖွင့် အဆင်ပြေလို့ ဘက်စုံသုံးလို့ အမည်ပေးထားတာပါ။ (၁၈)လ အတိုးမဲ့ အရစ်ကျ ရောင်းချပေးပါတယ်။ ” ဟု ပြောကြားခဲ့ပါတယ်။
အရောင်းပြပွဲတွင် ပေ (၂ဝx၆၀) နှင့် ပေ (၂ဝx၉ဝ) အကျယ်အဝန်းရှိ မြေကွက်များ ၊ မြေသက်သက် (သို့မဟုတ်) လုံးချင်း (၁) ထပ် ၊ (၂) ထပ် ရွေးချယ်ဝယ်ယူကြောင်းလည်း သိရှိရပါသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်