1555 ကြိမ် ကြည့်ရှု့ ပြီး

ငွေဆောင်ကမ်းခြေရှိ ဂရမ်အမည်ပေါက်ရမည့် အပန်းဖြေလုံးချင်းအိမ်ရာ အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

 
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ငွေဆောင်ကမ်းခြေရှိ သိန်း (၅ဝဝ) ခန့်ဖြင့် ဂရမ်အမည်ပေါက်ရမည့် Lake View Villa လုံးချင်းအိမ်ရာ အရောင်းပြပွဲကြီးကို ၂ဝ၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၈ ရက် နှင့် ၂၉ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်းရှိ Myanmar Culture Valley ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
 
ငွေဆောင်ကမ်းခြေရှိ ဂရမ်အမည်ပေါက်ရမည့် အပန်းဖြေလုံးချင်းအိမ်ရာ အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
 
Lake View Villa လုံးချင်းအိမ်ရာသည် စီမံကိန်း မြေဧက (၂၂.၃၄) ဧက ပေါ်တွင် တည်ဆောက်ထားပြီး သဇင်ကျေးရွာအုပ်စု ၊ ငွေဆောင်မြို့ နယ်၊ ပုသိမ်မြို့ တွင် တည်ရှိပြီး ဆောက်လုပ်ပြီးစီးထား၍ အသင့်နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
 
အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ Lake View Villa ဟာ ငွေဆောင်ကမ်းခြေအနီးမှာ တည်ရှိပြီး အရမ်းတန်တဲ့ ဈေးနှုန်းနဲ့ ဂရမ်အမည်ပေါက်လုံးချင်းအိမ် ပိုင်ဆိုင်နိုင်မှာပါ။ ချောင်းသာနဲ့ ငွေဆောင်ကို အဓိက ဆက်သွယ်ပေးထားတဲ့ ကားလမ်းမကြီးအနီးတွင် တည်ရှိတာကြောင့် သွားလာရ အဆင်ပြေတဲ့နေရာဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။
 
ငွေဆောင်ကမ်းခြေရှိ ဂရမ်အမည်ပေါက်ရမည့် အပန်းဖြေလုံးချင်းအိမ်ရာ အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
 
ပြပွဲ (၂)ရက်အတွင်း ဝယ်ယူသူများအတွက် သိန်း (၁ဝဝ) ပေးချေပြီးလျှင် နေထိုင်ခွင့်ပေးသည့် အစီအစဉ်ဖြင့် ရောင်းချခဲ့ပါသည်။
 
စီမံကိန်းတွင် facilities များအနေဖြင့် ကားပါကင် ၊ ရေကူးကန် ၊ ကစားကွင်း ၊ Tea House နှင့် Exercise Area တို့ ပါဝင်ကြောင်းလည်း သိရပါသည်။ 
 
ငွေဆောင်ကမ်းခြေရှိ ဂရမ်အမည်ပေါက်ရမည့် အပန်းဖြေလုံးချင်းအိမ်ရာ အရောင်းပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့
 
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)