2055 ကြိမ် ကြည့်ရှု့ ပြီး

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

 AYA Bank ၏ အိမ်ရာချေးငွေဖြင့် (၁၅) နှစ်အရစ်ကျ ဝယ်ယူနိုင်သည့် တိုက်ခန်းအရောင်းပြပွဲကြီးကို မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၃ဝ ရက် နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် အလုံမြို့နယ် ၊ ကမ်းနားလမ်းပေါ်ရှိ AYA Bank ရုံးချုပ်တည်ရှိရာ Riverview Point Tower ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

အရောင်းပြပွဲအတွင်းတွင် တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ စမ်းချောင်း ၊ မရမ်းကုန်း ၊ အင်းစိန် ၊ သာကေတ ၊ သင်္ဃန်းကျွန်း ၊ ဒေါပုံ ၊ လှိုင် ၊ တာမွေ ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ အလုံ ၊ ကြည်မြင့်တိုင် မြို့နယ်များရှိ သိန်း (၂ဝဝ) ကျော် မှ သိန်း (၈ဝဝ) ကျော် တန်ဖိုးရှိသော တိုက်ခန်းများကို ရောင်းချခဲ့ကြောင်း သိရပါသည်။

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

“ ဒီအရောင်းပြပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းမိသားစုတွေ ၊ အိမ်ငှားဘဝကနေ အိမ်ပိုင်နဲ့ နေထိုင်လိုသူတွေအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ iMyanmarHouse.com ကနေ စီစဉ်ကျင်းပပေးတာ ဖြစ်ပါတယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့ မိမိမှာ ၇၅ သိန်းနဲ့ အထက် စုဆောင်းငွေ လက်ဝယ်ရှိရမယ်။ ပြီးတော့ လစဉ် အနည်းဆုံး ၃ သိန်း နဲ့အထက် ပေးသွင်းနိုင်ရမယ်။ လစဉ်ပေးသွင်းငွေဟာ ကိုယ်တစ်ဦးတည်း လစာနဲ့ မလုံလောက်ရင်လည်း မိသားစု ဝင်ငွေတွေနဲ့ စုပေါင်းပြီးတော့ ဝယ်ယူနိုင်ပါတယ်။ ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့ပါသည်။

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

မိသားစု ဝင်ငွေ အထောက်အထား ၊ သန်းခေါင်စာရင်း ၊ မှတ်ပုံတင် ၊ ရဲစခန်းထောက်ခံစာ ၊ ရပ်ကွက်ထောက်ခံစာ တို့ကို ပြင်ဆင်ယူဆောင်လာပါက ဘဏ်ချေးငွေလျှောက်ထားလို့ ရမရ တခါတည်းစစ်ဆေးပေးမှာ ဖြစ်ကြောင်း သိရှိရပါသည်။

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)