2211 ကြိမ် ကြည့်ရှု့ ပြီး

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး

၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၉ ရက် နှင့် ၁ဝ ရက် နေ့များတွင် လှိုင်သာယာမြို့နယ် ၊ ရန်ကုန် - ပုသိမ်လမ်းမကြီး ၊ ရွှေကမ်းသာယာအိမ်ရာ၌ မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရွှေကမ်းသာယာ နှင့် နဝဒေး လုံးချင်း နှင့် ဆိုင်ခန်းများ အရောင်းပြပွဲတစ်ရပ်အား အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး
ပြပွဲရက်အတွင်း ပထမဆုံးဝယ်သူ (၇) ဦးကို အများဆုံး သိန်း (၁၅ဝ) Discount နှင့် AYA Home Loan ဖြင့် (၁ဝ) နှစ်အရစ်ကျဖြင့် ညှိနှိုင်းရောင်းချပေးခဲ့ကြောင်း သိရပါသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး
iMyanmarHouse.com (အိုင်မြန်မာဟောက်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ “ ရွှေကမ်းသာယာအိမ်ရာကို ဘုရင့်နောင်တံတားမှ ကားနဲ့ ၁ဝ မိနစ်ခန့် သွားရပါတယ်။ နဝဒေးအိမ်ရာကတော့ ၅ မိနစ်ခန့် သွားရပြီးတော့ လှိုင်သာယာစက်မှုဇုန်အနီးမှာ တည်ရှိပါတယ်။ အိမ်ရာအတွင်း ရောင်းချလျက်ရှိတဲ့ အိမ်အမျိုးအစားတွေကတော့ Luxury House နဲ့ Single House စတဲ့ လူနေသီးသန့် လုံးချင်းတွေအပြင် စီးပွားရေးဆိုင်ခန်းတွဲဖွင့်လို့ရတဲ့ Single Shop House နဲ့ လေးထပ်လူနေဆိုင်ခန်း Business town house ဆိုပြီးတော့ ရွေးချယ်မှုများပြားတဲ့ အဆောက်အဦးတွေကို ရောင်းချပေးခဲ့ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး

အိမ်ရာအတွင်း အနုပညာ လက်ရာမြောက်သော Land mark ၊ Community center အပန်းဖြေပန်းခြံ ၊ ဘောလုံးကွင်း ၊ ရေကူးကန် ၊ ကလေးများနှင့် လူကြီးများအတွက် ကစားကွင်း နှင့် လေ့ကျင့်ခန်းကိရိယာများပါ ထည့်သွင်း တပ်ဆင်ပေးထားသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး

ထို့အပြင် ထိုင်ဝမ်နိုင်ငံမှ နာမည်ကျော် ပန်းချီ ၊ ပန်းပု အနုပညာရှင်များမှ ဒီဇိုင်းများရေးဆွဲထားသည့် Main Gate နှင့် Land Mark များကို ပြုလုပ်ပေးထားကြောင်း သိရသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး
အိမ်ရာအနီးတွင် စိန်ဂေဟာ Supermarket ၊ Superone Supermarket ၊ ပန်းလှိုင်ဆေးရုံ ၊ FMI အိမ်ရာ ၊ Victoria Shopping Mall များရှိခြင်းကြောင့် နေထိုင်မှုအတွက် အဆင်ပြေစေပါသည်။

ရွှေကမ်းသာယာ နှင့် နဝဒေး အိမ်ရာစီမံကိန်းရှိ လုံးချင်းအိမ်များနှင့် ဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)