1718 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

 

မြန်မာနိုင်ငံ၏ နံပါတ်တစ်လူသုံးအများဆုံး အိမ်ခြံမြေ ရောင်းဝယ်ငှား ၀ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီးကို သတ္တမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ဒီဇင်ဘာလ ( ၁၅)ရက်နေ့ မှ (၁၇)ရက်နေ့အထိ ၃ ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

အဆိုပါ ပြပွဲကြီးအတွင်းတွင် တန်ဖိုးနည်း အိမ်ရာမှ နိုင်ငံတကာ အဆင့်မီ အိမ်ရာ အထိ အမျိုးအစားစုံလင်စွာ တနေရာတည်း လေ့လာ ဝယ်ယူရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ (၆၀) ကျော်မှ ရန်ကုန် ၊ ပုသိမ်နှင့် တောင်ကြီးမြို့များရှိ ဆောက်လုပ်ဆဲ ၊ဆောက်လုပ်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ၊ (၁)နှစ်မှ (၁၅)နှစ်အထိ အရစ်ကျငွေချေစနစ်များ ဖြင့် ပါဝင် ရောင်းချခဲ့ကြရာ လာရောက် လေ့လာဝယ်ယူသူ လွန်စွာများပြားခဲ့ပြီး ပြပွဲ(၃)ရက်အတွင်း တိုက်ခန်းနှင့် ကွန်ဒိုများကို မြန်မာ ကျပ်ငွေ (၁၈.၄) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃.၆ သန်းကျော်) တန်ဖိုးအထိရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

ထို့ပြင် ပြပွဲသို့လာရောက်သူများအနေဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်များဖြစ်သည့် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဗဟန်း၊ တာမွေ ၊ လှိုင်၊ အင်းစိန်၊ ကမာရွတ်၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ ၊ သံလျှင် စသည့် မြို့နယ်များရှိ ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၅၀၀၀ အတွင်း တိုက်ခန်း ၊ ကွန်ဒို နှင့် လုံးချင်းပေါင်းများစွာကို တစ်နေရာတည်း စုံလင်စွာ ကြည့်ရှုလေ့လာ ဝယ်ယူခွင့် ရခဲ့သည့်အပြင် အိမ်ရာချေးငွေအတွက် YOMA ၊ CB ၊ KBZ ဘဏ်များမှလည်း ပြပွဲသို့ လာရောက်လေ့လာဝယ်ယူသူများအတွက် လိုအပ်သည့် အိမ်ရာချေးငွေဆိုင်ရာ ၀န်ဆောင်မှုများကို ပြပွဲကာလအတွင်း ပြုလုပ်ပေးခဲ့ကြောင်း သိရပါသည်။

 

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

အထူးသဖြင့် ပြပွဲသို့ လာရောက်လေ့လာဝယ်ယူသူများအနေဖြင့် ၀ယ်ယူမှုများအတွက် ကနဦး ငွေပေးချေမှုကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ လစဉ်အနည်းဆုံး ၃ သိန်းကျော်မှ စတင်ပေးသွင်းကာ နှစ်ရှည်အရစ်ကျစနစ်များဖြင့် လည်း ဝယ်ယူနိုင်ခဲ့ခြင်းတို့ကြောင့် စံချိန်တင်ရောင်းချခဲ့ရသည့် အရောင်းပြပွဲတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

အဆိုပါပြပွဲကြီးနှင့်ပတ်သက်၍ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက “အခုကျင်းပတဲ့ ပွဲကြီးကတော့ ရန်ကုန်မြို့မှာ iMyanmarHouse.com ကနေ ကြီးမှူးကျင်းပတဲ့ သတ္တမအကြိမ်မြောက်ပွဲကြီးဖြစ်ပါတယ်။ ယခင် (၆) ကြိမ်ထက် နေရာပိုကျယ်တဲ့ မိုင်ဒါကွင်းမှာ ကျင်းပခဲ့တာကြောင့် အိမ်ခြံမြေ တင်မကပဲ လူသုံးကုန်တွေကိုပါ ပြခန်းပေါင်းများစွာနဲ့ ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။ လူအစည်ဆုံး ၊ အအောင်မြင်ဆုံးပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မန္တလေးမြို့ မှာ (၁) ကြိမ်၊ တောင်ကြီးမြို့ မှာ (၁) ကြိမ်နဲ့ စင်္ကာပူနိုင်ငံမှာ (၄) ကြိမ် ဒီလိုပွဲမျိုးတွေ ကျင်းပပြုလုပ်ပြီးပါပြီ။ အခုပြပွဲအတွင်းမှာ တန်ဖိုးနည်း ၊ တန်ဖိုးသင့် တိုက်ခန်းတွေမှ စပြီး ကျပ်သိန်း (၅၀၀) ဝန်းကျင် မီနီကွန်ဒိုတွေ ၊ သိန်း (၁၀၀၀) ဝန်းကျင် လုံးချင်းအိမ် တွေ နဲ့  နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ပြီးကွန်ဒိုအခန်းတွေ စသဖြင့် အမျိုးအစား စုံလင်စွာ ပါဝင်တဲ့အပြင် YOMA Bank ကနေ အိမ်ရာချေးငွေကို ပြပွဲအတွင်း ချက်ချင်းလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

 လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေနဲ့ပတ်သက်၍လည်း ဦးနေမင်းသူက “အခုဒီဇင်ဘာ (၁၄)ရက်နေ့က အတည်ပြုလိုက်တဲ့ ကွန်ဒိုနည်းဥပဒေကို ကြိုဆိုပါတယ်။ ဒါ့အပြင် သိန်း (၁၀၀) ကျော်ကနေ သိန်း (၁၀၀၀) လောက်အတွင်းက တိုက်ခန်းတွေအတွက်လည်း တိုက်ခန်းဥပဒေကို သက်ဆိုင်ရာပညာရှင်တွေ အနေနဲ့ရေးဆွဲပြီး အမြန်ဆုံးထွက်ရှိလာနိုင်ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အနေနဲ့ကတော့ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ဦးတည်ချက်တိုင်း အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဆက်လက်ပြောကြားသွား ခဲ့ပါသည်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

 တိုက်ခန်းအရစ်ကျဝယ်ယူလို၍ပြပွဲသို့ လာရောက်လေ့လာသည့် သာကေတမြို့နယ်တွင်နေထိုင်သည့်အသက် (၅၀)အရွယ် ဒေါ်မိုးမိုးက “ကျွန်မက သမီး သုံးယောက်အမေ မုဆိုးမပါ။ အခုသမီးလေးတွေ ကျောင်းပြီးလို့ အလုပ်ရတော့ သားအမိတွေဝင်ငွေနဲ့ အရစ်ကျတိုက်ခန်းလေးတစ်ခန်းလောက်လာရှာတာပါ။ သာကေတဖက်က လေးလွှာအခန်းတစ်ခန်းကို ကနဦး သိန်း(၃၀)ပေးပြီး ကျန်တာ အရစ်ကျနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။

 ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

အပြင်မှာက လက်ငင်းဆိုတော့ ဘယ်လိုမှ မ၀ယ်နိုင်ဘူးလေ။ ဒီမှာ အရစ်ကျဆိုပြီးပေးရပေမယ့် အပြင်မှာလက်ငင်းပေးရတဲ့ဈေးနဲ့ မကွာတော့ ကျွန်မတို့လိုလူတွေအတွက် ဒီလိုပွဲတွေကမမက်ရဲတဲ့အိမ်ပိုင်ဆိုင်ရေး အိမ်မက်ကို တကယ်ဖြစ်အောင် အကောင်အထည်ဖော်ပေးလိုက်တာပဲ။ ဒီတစ်သက်တော့ အိမ်မပိုင်တော့ဘူးလို့ထင်နေတာ ။ အခုတကယ် ပိုင်နိုင်ပြီဆိုတော့ ဘယ်လိုဝမ်းသာမှန်းတောင်မသိပါဘူး” ဟု ပြပွဲတွင် တိုက်ခန်းဝယ်ယူနိုင်ခဲ့သည့် သူမ၏ခံစားချက်ကို ပြောသည်။

ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

 ယခုကျင်းပပြုလုပ်ခဲ့သည့် ပြပွဲကာလအတွင်းတွင်လည်း အိမ်ခြံမြေ ၊ စီးပွားရေး ၊ ဥပဒေ ကဏ္ဍတို့မှ အသိပညာရှင် အတတ်ပညာရှင် (၁၅)ဦး တို့မှလည်း အသိပညာဗဟုသုတများကို မျှဝေဆွေးနွေး ဟောပြောခဲ့ကြကြောင်းသိရပါသည်။

ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် ကျပ်သိန်း (၅၀) တန်ဖိုးရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းများအား ပျော်ရွင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်းလည်း သိရှိရပါသည်။

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)