2626 ကြိမ် ကြည့်ရှု့ ပြီး

တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့  ၊ အလုံလမ်းမပေါ်ရှိ My Garden Restaurant ၌ Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲတစ်ရပ်အား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း သိရပါသည် ။

 တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

အဆိုအရောင်းပြပွဲအတွင်း ရန်ကင်းရှိ Kanbae Towers အခန်းများ နှင့် လှိုင်သာယာရှိ RiverFront Garden ကွန်ဒိုအခန်းများကို အထူး Discount များ ၊ အထူးငွေချေစနစ်များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၁.၈) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည်ဟု သိရသည်။

 တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

 “ ဒီ ၂ ရက်အတွင်း လာဝယ်တဲ့သူတွေကို အခုလူကြိုက်များနေတဲ့ iPhone X ပါ လက်ဆောင်ထည့်ပေးထားပါတယ်။ ရန်ကင်းက Kanbae Towers ကို ၂ ဧကကျော် ကျယ်တဲ့ ဂရမ်မြေပေါ်မှာ တည်ဆောက်နေပြီး RiverFront Garden ကွန်ဒိုကတော့ စုစုပေါင်း ၃၁ ဧကကျော် ကျယ်တဲ့ နေရာမှာ အကောင်အထည် ဖော်နေတာပါ။ သူလည်းပဲ ဂရမ်မြေပဲ။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အခုဝယ်ထားရင် အရမ်းကို တန်တဲ့ စီမံကိန်းပါ” ဟု Sales Director တစ်ဦးဖြစ်သူ ဦးရာဇာဖြိုးမှ ရှင်းလင်းပြောကြားသွားပါသည်။

 တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

"အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကနေ ကျင်းပတဲ့ ယခုပွဲအတွင်းမှာ ဝယ်သူတွေ အဆင်ပြေအောင် ငွေပေးချေမှု့ အနေနဲ့ အတိုးမဲ့ ၃ နှစ်ခွဲ အရစ်ကျဖြင့် ပေးချေနိုင်တဲ့ အစီအစဉ်ဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မနေဘဲ Investment အနေဖြင့် ဝယ်ယူသူများအတွက် အငှားအာမခံဖြင့် ရောင်းချပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ရောင်းအားကောင်းခဲ့တာပါ" ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

 တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

Kanbae Towers နှင့် RiverFront Garden ကွန်ဒိုအခန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် iMyanmarHouse.com ၏ သတ္တမအကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန် အရောင်းပြပွဲကြီးတွင်လည်း Diamond Sponsor အဖြစ် ပါဝင်ပြသရောင်းချသွားရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

 တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

"ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း ဒီလိုမျိုး အိမ်ခြံမြေ အရောင်းပြပွဲတွေ လစဉ် ကျင်းပပြီး လူတိုင်းအိမ်ပိုင်ဆိုင်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေပါတယ်" ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

တန်ဖိုးငွေ (၁.၈) ဘီလီယံကျပ်ကျော်ဖိုး ရောင်းချနိုင်ခဲ့သော Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး
နိုင်ငံခြားသားဝယ်ယူခွင့်ရရှိမည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
(၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Junction Zawanna အနီးရှိ Cherry ကွန်ဒို နှစ်သစ်ကူးအထူးပရိုမိုးရှင်း
Down Payment လုံးဝပေးစရာမလိုတဲ့ Green City ဂရန်မြေကွက်များ အရောင်းပြပွဲ
95% ပြီးစီးနေပြီဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ Golden Paradise Luxury Villa II မြေကွက်များ ပရိုမိုးရှင်းအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)