နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်

နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
29 Jan 2021 2:10 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

အခန်းပေါင်း ၄၀၀ ကျော်ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာကို ဒီကနေ့ (ဇန်နဝါရီ ၂၈)ရက်မှာ စတင်ဖွင့်လှစ် လိုက်ပါပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ တည်ဆောက်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာလမ်းရှိ မြနန္ဒာနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကိုဖွင့်လှစ်ခဲ့တာပါ။

(၈)ခန်းတွဲ (၅)ထပ်တိုက် ခြေတံရှည်(၁၄)လုံးတွင် တစ်ခန်းအကျယ် (၄၃၆)စတုရန်းပေရှိ လူနေအိပ်ခန်း(၄၄၈)ခန်းနှင့် Multi-Funtion Unit (၉၅၀)စတုရန်းပေရှိ အခန်း(၂၈)ခန်း စုစုပေါင်း(၄၇၆)ခန်း ပါဝင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့ရန်ကုန်မှာ အခြေခံပြည်သူတွေနေထိုင်ဖို့ အဌားအိမ်ရာတွေ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာဖွင့်လှစ်နိုင်ခဲ့သလို လက်ရှိမှာတော့ နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာအဖြစ် ရန်ကုန်မှာ ပထမဆုံး တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ိထို့ကြောင့် နေထိုင်လိုတဲ့ နိုင်ငံဝန်ထမ်းတွေအနေနဲ့ မိမိရဲ့သက်ဆိုင်ရာဌာနကထောက်ခံချက်တွေကိုရယူပြီး စတင်လျှောက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လျှောက်ထားလိုသူတွေဟာ အငြိမ်း လစာနည်းပါပြီး အိမ်ပိုင်မရှိသူဖြစ်ရမှာဖြစ်ပြီးအထူးသဖြင့် ဦးစီးအရာရှိအောက် ဝန်ထမ်းတွေဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

အထူးသဖြင့် ၂၀၁၉ အတွင်း အငြိမ်းစားယူခဲ့သောဝန်ထမ်းတွေနဲ့ ၂၀၂၀ မှာ အငြိမ်းစားယူမယ့်ဝန်ထမ်းတွေကို အဓိကဦးစားပေးခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဌားအိမ်ရာအတွက် ဌားရမ်းသွားမယ့်နှုန်းထားကိုတော့ မကြာခင်မှာထုတ်ပြန်သွားမယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)