တည်ဆောက်ပြီးစီးပြီဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ယခုလ ၂၈ ရက်တွင်ဖွင့်လှစ်မည်

တည်ဆောက်ပြီးစီးပြီဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ယခုလ ၂၈ ရက်တွင်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2021 1:46 pm တွင် တင်ခဲ့သည်
816 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

တည်ဆောက်ပြီးစီးပြီဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ယခုလ ၂၈ ရက်တွင်ဖွင့်လှစ်မည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာအရသိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ကတည်းက တည်ဆောက်ပြီးစီးခဲ့ပြီး ယခု၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာတွင် ရှစ်ခန်းတွဲ ငါးထပ်တိုက်အပါအဝင် ၃၄ ခန်းပါသောတိုက်များ ပါဝင်ပြီး မိသားစု လေးဦးမှ ငါးဦးအထိ နေနိုင်မည့် စတုရန်းပေ ၄၈၀ ရှိသော အခန်း ၄၇၆ ခန်း တွင် ဝန်ထမ်းများ အငှားနေထိုင်နိုင်မည်ဖြစ်ကြောင်း အဆိုပါ သတင်းအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အခြေခံလစာအပေါ်မူတည်၍ အဆိုပါအိမ်ရာတွင် ဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန် စီမံဆောင်ရွက်ထားကြောင်း၊ အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်းနှင့် ဝန်ထမ်းဖြစ်ပါက ၃ ရာခိုင်နှုန်း ဖြင့် ငှားရမ်းခွင့်ရမည် ဖြစ်ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တည္ေဆာက္ၿပီးစီးၿပီျဖစ္သည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ နိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာ ယခုလ ၂၈ ရက္တြင္ဖြင့္လွစ္မည္

တည္ေဆာက္ၿပီးစီးၿပီျဖစ္သည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ နိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာ ယခုလ ၂၈ ရက္တြင္ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာအရသိရသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ နိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာကို ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ကတည္းက တည္ေဆာက္ၿပီးစီးခဲ့ၿပီး ယခု၂၀၂၁ ခုႏွစ္ ဇန္နဝါရီလကုန္ပိုင္းတြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း၊ ယင္းအိမ္ရာတြင္ ရွစ္ခန္းတြဲ ငါးထပ္တိုက္အပါအဝင္ ၃၄ ခန္းပါေသာတိုက္မ်ား ပါဝင္ၿပီး မိသားစု ေလးဦးမွ ငါးဦးအထိ ေနနိုင္မည့္ စတုရန္းေပ ၄၈၀ ရွိေသာ အခန္း ၄၇၆ ခန္း တြင္ ဝန္ထမ္းမ်ား အငွားေနထိုင္နိုင္မည္ျဖစ္ေၾကာင္း အဆိုပါ သတင္းအရ သိရသည္။

ရန္ကုန္တိုင္းအတြင္းရွိ နိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အေျခခံလစာအေပၚမူတည္၍ အဆိုပါအိမ္ရာတြင္ ေဈးႏႈန္းသက္သာစြာ ေနထိုင္နိုင္ရန္ စီမံေဆာင္ရြက္ထားေၾကာင္း၊ အရာထမ္းျဖစ္ပါက လစာ၏ ၅ ရာခိုင္ႏႈန္းႏွင့္ ဝန္ထမ္းျဖစ္ပါက ၃ ရာခိုင္ႏႈန္း ျဖင့္ ငွားရမ္းခြင့္ရမည္ ျဖစ္ေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
Covid-19 ကာကွယ်ဆေးထိုးပြီး အချို့သူများ အဘယ်ကြောင့် ပေါ့စတစ် စစ်ဆေးတွေ့ရှိသနည်း
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိဆောက်လုပ်ရေးစီမံကိန်းကိုထိုင်းကုမ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကိုယ်စားလှယ်အဖွဲ့များ စုံစမ်းရန် ရောက်ရှိ...
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
တရုတ်ပြည်တွင် COVID-19 ကာကွယ်ဆေးအတုများ မှောင်ခိုရောင်းဝယ်သူ ၈၀ ဦးကျော်ကို ဖမ်းဆီး
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းအဌားအိမ်ရာ မြနန္ဒာစတင်ဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
အခန်း စုစုပေါင်း (၄၇၆) ခန်းပါဝင်သည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်လှစ်
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းအသစ် ၁၄ ခု ကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ခွင့်ပြု...
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
တရုတ်ပြည်တွင် စအိုမှ တို့ဖတ်နမူနာယူကာ Covid-19 စစ်ဆေးခြင်း စတင်လုပ်ဆောင်
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
အိန္ဒိယရှေးဟောင်း အာယုဗ္ဗေဒ ကျန်းမာရေး လျှို့ဝှက်ချက်များ
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...
ဖိလစ်ပိုင်သမ္မတက Covid-19 ကာကွယ်ဆေးကို တင်ပါးတွင် ထိုးနှံခံမည်ဖြစ်သောကြောင့် အများပြည်သူရှေ့တွင် ထိုးနှံခံမည်မဟုတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)