အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ ငှားရမ်းခြင်းစာချုပ်အတွက် မည်သူက တံဆိပ်ခေါင်းခွန်ပေးဆောင်ရန်တာဝန်ရှိပြီး မည်သို့ပေးဆောင်ရမလဲ...? - Property Knowledge in Myanmar from iMyanmarHouse.com
2068 Views

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ ငှားရမ်းခြင်းစာချုပ်အတွက် မည်သူက တံဆိပ်ခေါင်းခွန်ပေးဆောင်ရန်တာဝန်ရှိပြီး မည်သို့ပေးဆောင်ရမလဲ...?

Knowledge | Posted by Si Thu Aung

[Unicode]

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုကြလျှင် ငှားယူသူ (အိမ်ငှား)က မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ-၁၇ အရ စာချုပ်မချုပ်ဆိုမှီဖြစ်စေ၊ ချုပ်ဆိုသည့်နေ့တွင်ဖြစ်စေ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ဘဏ်ဖွင့်လှစ်ချိန်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးတွင် ထမ်းဆောင်ရမည်။ ငှားရမ်းသူ (အိမ်ရှင်) က အိမ်ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိပါသည်။ ထိုသို့ ပေးဆောင်ခြင်းကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးရုံးသို့ သွားရောက်ပေးဆောင်ရန်တင်ပြရမည်ဖြစ်ပြီး တင်ပြ သည့်အခါ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ကပ်နှိပ်မထမ်းဆောင်ထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ် အခွန်ဦးစီးမှူးက တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ-၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ-၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ထိုက်သင့်သောတံဆိပ်ခေါင်းခွန်၏ (၁၀) ဆ နှင့်ညီမျှသော ဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေအား စာချုပ် တင်ပြသူ (အိမ်ရှင်) က ပေးဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထိုသို့ ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့် ထိုက်သင့်သောတံဆိပ်ခေါင်းခွန် ပေးဆောင်ခြင်းကို စာချုပ်မူရင်း ဖြင့်သာဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိတ္တူဖြစ်လျှင် ယင်းသို့ မဆောင်ရွက်နိုင်ပါ။

ငှားရမ်းသူ(အိမ်ရှင်)သည် ငှားရမ်းစာချုပ်တွင် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးရန်လိုအပ်မည်ဖြစ်ပြီး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ကပ်နှိပ်မထမ်းဆောင်ထားပါက တင်ပြသူဖြစ်သော အိမ်ရှင်ကသာ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသား တင်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ငွားရမ္းျခင္းႏွင့္စပ္လ်ဥ္း၍ ငွားရမ္းျခင္းစာခ်ဳပ္အတြက္ မည္သူက တံဆိပ္ေခါင္းခြန္ေပးေဆာင္ရန္တာဝန္ရွိၿပီး မည္သို႔ေပးေဆာင္ရမလဲ...?

အိမ္ငွားရမ္းျခင္းႏွင့္စပ္လ်ဥ္း၍ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုၾကလွ်င္ ငွားယူသူ (အိမ္ငွား)က ျမန္မာႏိုင္ငံ တံဆိပ္ေခါင္းအက္ဥပေဒပုဒ္မ-၁၇ အရ စာခ်ဳပ္မခ်ဳပ္ဆိုမွီျဖစ္ေစ၊ ခ်ဳပ္ဆိုသည့္ေန႔တြင္ျဖစ္ေစ ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္ကို ဘဏ္ဖြင့္လွစ္ခ်ိန္အတြင္း သက္ဆိုင္ရာၿမိဳ႕နယ္အခြန္ဦးစီးရံုးတြင္ ထမ္းေဆာင္ရမည္။ ငွားရမ္းသူ (အိမ္႐ွင္) က အိမ္ခန္းငွားရမ္းခေငြအေပၚ ဝင္ေငြခြန္ေပးေဆာင္ရန္ တာဝန္ရွိပါသည္။ ထိုသို႔ ေပးေဆာင္ျခင္းကို သက္ဆိုင္ရာၿမိဳ႕နယ္အခြန္ဦးစီးမႉး႐ုံးသို႔ သြားေရာက္ေပးေဆာင္ရန္တင္ျပရမည္ျဖစ္ၿပီး တင္ျပ သည့္အခါ ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္ ကပ္ႏွိပ္မထမ္းေဆာင္ထားေသာ စာခ်ဳပ္စာတမ္းျဖစ္ပါက ၿမိဳ႕နယ္ အခြန္ဦးစီးမႉးက တံဆိပ္ေခါင္းအက္ဥပေဒပုဒ္မ-၃၃ အရ သိမ္းခ်ဳပ္ရမည္ျဖစ္ၿပီး တံဆိပ္ေခါင္းအက္ဥပေဒပုဒ္မ-၃၅ အရ ေလ်ာ့နည္းသည့္ တံဆိပ္ေခါင္းခြန္ႏွင့္ ထိုက္သင့္ေသာတံဆိပ္ေခါင္းခြန္၏ (၁၀) ဆ ႏွင့္ညီမွ်ေသာ ဒဏ္ေငြအား တင္ျပသူက ေပးေဆာင္ရမည္ျဖစ္သည္။ ေလ်ာ့နည္းတံဆိပ္ေခါင္းခြန္ႏွင့္ဒဏ္ေငြအား စာခ်ဳပ္ တင္ျပသူ (အိမ္႐ွင္) က ေပးေဆာင္ေစျခင္းသည္ ဥပေဒအရ ေဆာင္႐ြက္ျခင္းျဖစ္ပါသည္။

ထိုသို႔ ဝင္ေငြခြန္ေပးေဆာင္ျခင္းႏွင့္ ထိုက္သင့္ေသာတံဆိပ္ေခါင္းခြြန္ ေပးေဆာင္ျခင္းကို စာခ်ဳပ္မူရင္း ျဖင့္သာေဆာင္ရြက္ႏိုင္မည္ျဖစ္ၿပီး မိတၱဴျဖစ္လွ်င္ ယင္းသို႔ မေဆာင္႐ြက္ႏိုင္ပါ။

ငွားရမ္းသူ(အိမ္ရွင္)သည္ ငွားရမ္းစာခ်ဳပ္တြင္ ထိုက္သင့္သည့္တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ထားျခင္း ရွိ/မရွိ စစ္ေဆးရန္လိုအပ္မည္ျဖစ္ၿပီး ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္ ကပ္ႏွိပ္မထမ္းေဆာင္ထားပါက တင္ျပသူျဖစ္ေသာ အိမ္ရွင္ကသာ ဒဏ္ေငြေပးေဆာင္ရမွာျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသား တင္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service