Local Property News | Posted by Zarni Kyaw
[Unicode]
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ခူးပရာ (ရွှေတောင်တန်း) ဒေသအား ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားမှသိရသည်။
ခူးပရာ (ရွှေတောင်တန်း) ဒေသသည် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပင်လယ်ရေမျက်နှာပြင်အထက် (၅၈၀၀) ကျော်တွင်တည်ရှိကြောင်းသိရသည်။
အဆိုပါ ခူးပရာ(ရွှေတောင်တန်း) ဒေသမှ ဒီးမော့ဆို မြို့နယ်ရှိ အလှပဆုံးရှုခင်းများကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီဝင်များ၊ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ (DMO) အဖွဲ့ဝင်များပူးပေါင်း၍ CBT ကျေးရွာနှင့် Eco Tourism ဖော်ဆောင်နိုင်ရေးအတွက် အဆိုပါ ခူးပရာ (ရွှေတောင်တန်း) ဒေသသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က သွားရောက်ကာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများလုပ်ခဲ့ကြောင်း သိရသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]