ရန်ကုန်မြို့လယ်ရှိ Yoma Central နှင့် The Peninsula ရန်ကုန် စီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်မည် ဟု မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
3705 Views

ရန်ကုန်မြို့လယ်ရှိ Yoma Central နှင့် The Peninsula ရန်ကုန် စီမံကိန်း ၂၀၂၂ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်မည် ဟု မျှော်မှန်း

[Unicode]

အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် ရန်ကုန်မြို့လယ်ရှိ Yoma Central နှင့် The Peninsula Yangon စီမံကိန်းများ ၂၀၂၂ ခုနှစ်တွင်အပြီးသတ်ဆောင်ရွက်နိုင်မည် ဟု မျှော်မှန်းထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ ရန်ကုန်မြို့အချက်အချာကျသည့်နေရာတွင် ဗိသုကာပညာရှင် Cecil Balmond OBE မှ ဒီဇိုင်းဆွဲထားသည့် Yoma Central စီမံကိန်းတွင် ဇိမ်ခံအမှတ်တံဆိပ်အမျိုးမျိုး အသုံးပြုထားသည့် The Peninsula Residences Yangon၊ နိုင်ငံတကာစံနှုန်း မီအဆင့် Grade A ရုံးတာဝါနှစ်ခု၊ Westin စီးပွားရေးဟိုတယ်နှင့် တိုက်ခန်းများပါဝင်သော ဘက်ပေါင်း စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန့်မာ့အမွေအနှစ်ဟောင်း တစ်ခုဖြစ်သော မြန်မာ့မီးရထား ရုံးချုပ်ဟောင်း အဆောက်အအုံအားပြန်လည် မွမ်းမံတည်ဆောက်ထားသည့် The Peninsula Yangon ကြယ်ငါးပွင့်ဟိုတယ် စီမံကိန်းသစ်များ ၂၀၂၂ ခုနှစ် တွင် အပြီးသတ်ရန် မျှော်မှန်းထားကြောင်း Yoma Central ၏သတင်းထုတ်ပြန်ထားမှုအရ သိရသည်။

“လာမယ့်တစ်နှစ်ကျော်အတွင်း ရန်ကုန်မြို့ရဲ့ လမ်းမကြီးများပေါ်မှာ Grade A အဆင့်မြင့်ရုံးခန်းများ၊ ဈေးဝယ်ထွက်ရန်နေရာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဘားများ နှင့်ကဖေးများအတွက် စီမံကိန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Yoma Land ၏အကြီးအကဲ Stephen Purvis မှ ပြောဆိုသည်။

အကျယ်အဝန်း ၂.၄၄ သန်းစတုရန်းပေရှိပြိး ၁၀ ဧကကျယ်သည့် အဆိုပါ Yoma Central နှင့် The Peninsula Yangon စီမံကိန်းများ၏ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC) က အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းသစ်များအား ဟောင်ကောင်နှင့်ရှန်ဟိုင်းဟိုတယ်လီမိတက် (The HongKong and Shanghai Hotels Limited)၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း (Mitsubishi Corporation)၊ မစ်ဆူဘီရှီအိမ်ယာ (Mitsubishi Estate)၊ မြန်မာ့ပထမရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (First Myanmar Investment Company Limited)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (the Asian Development Bank) တို့ပါအဝင် နိုင်ငံတကာကော်ပိုရေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕လယ္႐ွိ Yoma Central ႏွင့္ The Peninsula ရန္ကုန္ စီမံကိန္း ၂၀၂၂ ခုႏွစ္တြင္ အၿပီးသတ္ ေဆာင္႐ြက္ႏိုင္မည္ ဟု ေမွ်ာ္မွန္း

အေမရိကန္ေဒၚလာသန္း ၇၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ရန္ကုန္ၿမိဳ႕လယ္႐ွိ Yoma Central ႏွင့္ The Peninsula Yangon စီမံကိန္းမ်ား ၂၀၂၂ ခုႏွစ္တြင္အၿပီးသတ္ေဆာင္႐ြက္ႏိုင္မည္ ဟု ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းႏွင့္ ဆူးေလဘုရားလမ္းေထာင့္႐ွိ ရန္ကုန္ၿမိဳ႕အခ်က္အခ်ာက်သည့္ေနရာတြင္ ဗိသုကာပညာ႐ွင္ Cecil Balmond OBE မွ ဒီဇိုင္းဆြဲထားသည့္ Yoma Central စီမံကိန္းတြင္ ဇိမ္ခံအမွတ္တံဆိပ္အမ်ိဳးမ်ိဳး အသုံးျပဳထားသည့္ The Peninsula Residences Yangon၊ ႏိုင္ငံတကာစံႏႈန္း မီအဆင့္ Grade A ႐ုံးတာဝါႏွစ္ခု၊ Westin စီးပြားေရးဟိုတယ္ႏွင့္ တိုက္ခန္းမ်ားပါဝင္ေသာ ဘက္ေပါင္း စုံဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္းႏွင့္ ျမန္႔မာ့အေမြအႏွစ္ေဟာင္း တစ္ခုျဖစ္ေသာ ျမန္မာ့မီးရထား ႐ုံးခ်ဳပ္ေဟာင္း အေဆာက္အအုံအားျပန္လည္ မြမ္းမံတည္ေဆာက္ထားသည့္ The Peninsula Yangon ၾကယ္ငါးပြင့္ဟိုတယ္ စီမံကိန္းသစ္မ်ား ၂၀၂၂ ခုႏွစ္ တြင္ အၿပီးသတ္ရန္ ေမွ်ာ္မွန္းထားေၾကာင္း Yoma Central ၏သတင္းထုတ္ျပန္ထားမႈအရ သိရသည္။

“လာမယ့္တစ္ႏွစ္ေက်ာ္အတြင္း ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမႀကီးမ်ားေပၚမွာ Grade A အဆင့္ျမင့္႐ုံးခန္းမ်ား၊ ေဈးဝယ္ထြက္ရန္ေနရာမ်ား၊ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္မ်ား၊ ဘားမ်ား ႏွင့္ကေဖးမ်ားအတြက္ စီမံကိန္းမ်ား ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” ဟု Yoma Land ၏အႀကီးအကဲ Stephen Purvis မွ ေျပာဆိုသည္။

အက်ယ္အဝန္း ၂.၄၄ သန္းစတုရန္းေပ႐ွိၿပိး ၁၀ ဧကက်ယ္သည့္ အဆိုပါ Yoma Central ႏွင့္ The Peninsula Yangon စီမံကိန္းမ်ား၏ အေမရိကန္ေဒၚလာသန္း ၇၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ျမန္မာရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မ႐ွင္(MIC) က အတည္ျပဳေပးခဲ့ၿပီး ျဖစ္သည္။

အဆိုပါ စီမံကိန္းသစ္မ်ားအား ေဟာင္ေကာင္ႏွင့္႐ွန္ဟိုင္းဟိုတယ္လီမိတက္ (The HongKong and Shanghai Hotels Limited)၊ မစ္ဆူဘီ႐ွီေကာ္ပိုေရး႐ွင္း (Mitsubishi Corporation)၊ မစ္ဆူဘီ႐ွီအိမ္ယာ (Mitsubishi Estate)၊ ျမန္မာ့ပထမရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီလီမိတက္ (First Myanmar Investment Company Limited)၊ အျပည္ျပည္ဆိုင္ရာ ဘ႑ာေရးေကာ္ပိုေရး႐ွင္း (International Finance Corporation) ႏွင့္ အာ႐ွဖြံ႕ၿဖိဳးေရးဘဏ္ (the Asian Development Bank) တို႔ပါအဝင္ ႏိုင္ငံတကာေကာ္ပိုေရး႐ွင္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service