နဂါးမောက်သီး ကြိုက်နှစ်သက်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2952 Views

နဂါးမောက်သီး ကြိုက်နှစ်သက်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

Knowledge | Posted by Zarni Kyaw

[Unicode]

နဂါးမောက်သီးက အပူပိုင်းဒေသမှာ ထွက်ရှိတဲ့ ချိုမြိန်တဲ့သစ်သီးတစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရသာက ကီဝီသီးနဲ့ သစ်တော်သီးနှစ်မျိုးရဲ့ ကြားထဲက အရသာဖြစ်ပါတယ်။ နဂါးမောက်သီးကို အင်္ဂလိပ်လိုဆိုရင် Dragon Fruit လို့လည်း ခေါ်သလို Pitaya (သို့) Strawberry Pear လို့လည်း ခေါ်ကြပါတယ်။ နဂါးမောက်သီးထွက်ရှိရာ ဒေသတွေကတော့ အရှေ့တောင်အာရှနိုင်ငံများ၊ မက်ဆီကိုနိုင်ငံ၊ အမေရိက အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသ၊ အစ္စရေးနိုင်ငံတို့ပဲဖြစ်ပါတယ်။ နဂါးမောက်သီး မျိုးကွဲပေါင်း အခု ၂၀ လောက် ရှိပေမယ့် အဓိက အားဖြင့်တော့ သုံးမျိုး သုံးစားခွဲထားပါတယ်။

ပထမတစ်ခုကတော့ ပန်းရောင်အခွံရှိပြီး အထဲက အသားက အဖြူရောင်အသားဖြစ်ပါတယ်။ ဒုတိယတစ်ခုလည်း ပန်းရောင်အခွံရှိပေမယ့် အထဲက အသားကတော့ အနီရောင်ရှိပါတယ်။ တတိယတစ်ခုကတော့ အဝါရောင်အခွံနဲ့ အဖြူရောင် အသားတို့ပဲဖြစ်ပါတယ်။ နဂါးမောက်သီးက ကယ်လိုရီနည်းပါးပြီး ဗီတာမင် စီ၊ ဖော့စရပ်နဲ့ ကယ်လစီယမ် စတဲ့ အာဟာရဓာတ်တွေ အမြောက်အမြားပါဝင်တဲ့အပြင် အမျှင်ဓာတ်နဲ့ Antioxidants တို့လည်း ပေါများစွာ ပါဝင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

နဂါးမောက်သီး ဝယ်မယ်ဆိုရင် ဘယ်လိုရွေးဝယ်သင့်လဲ

ကိုယ်ဝယ်တဲ့ နဂါးမောက်သီးက မှည့် မမှည့်သိချင်တယ်ဆိုရင် သူ့ရဲ့ အရောင်ကို အရင်ဆုံးကြည့်ပါ။ အရောင်တောက်တောက်လေးဖြစ်ပြီး အသီးတစ်ခုလုံးရဲ့ အရောင်က အရောင်ညီနေမယ်ဆိုရင်တော့ မှည့်တဲ့အသီးဖြစ်ပါတယ်။ အသီးပေါ်မှာ အမဲစက်အနည်းငယ် တွေ့ရရင်လည်း စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ အမဲစက်နဲ့ အစက်အပြောက်တွေ အရမ်းများနေမယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့ အသီးပဲဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ လက်နဲ့ ဖိစမ်းကြည့်ရပါမယ်။ လက်ချောင်းနဲ့ ဖိစမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေမယ်ဆိုရင် မှည့်ဖို့ ရက်အတော်ကြာစောင့်ရဦးမှာပဲဖြစ်ပါတယ်။ လက်နဲ့ ဖိကြည့်လို့ အရမ်းကြီး ပျော့စိနေမယ်ဆိုရင်လည်း အခြေအနေ မဟန်ပါဘူး။ အမှည့်လွန်နေတာပဲဖြစ်ပါတယ်။ အနေတော် အိအိလေးဖြစ်နေရင်တော့ မှည့်နေတဲ့အလုံးပဲဖြစ်ပါတယ်။

နဂါးမောက်သီးကို နည်းမှန်လမ်းမှန် ဘယ်လိုခွဲရမလဲ

နဂါးမောက်သီး ခွဲစားတဲ့အခါ များသောအားဖြင့် အခွံကနေ တစ်လွှာချင်းစီ ခွာချပြီး စားကြလေ့ရှိပါတယ်။ ဒီနည်းလမ်းက ခွာရတဲ့ အချိန်လည်းကြာပြီး နဂါးမောက်သီး အရောင်က လက်မှာ စွန်းထင်းသွားတတ်ပါတယ်။ တကယ်တော့ နဂါးမောက်သီးခွာနည်းက ထောပတ်သီး လှီးသလိုပါပဲ အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းရမှာပါ။အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီးမှ အသားကို အခွံနဲ့ ကွာသွားအောင် ခွဲလိုက်ရမှာပဲဖြစ်ပါတယ်။

တစ်ခါတည်းနဲ့ အတုံးအကြီးကြီး မခွဲချင်ဘူးဆိုရင်တော့ ဇွန်းလေးနဲ့ အသားတွေ ခပ်ထုတ်လို့လည်းရသလို ဓားရာပေးပြီး အတုံးသေးသေးလေးတွေ လှီးထုတ်လို့လည်း ရပါတယ်။

ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင်တော့ နဂါးမောက်သီး ဝယ်ယူရာမှာ ပုပ်နေတဲ့အသီးတွေကို ရှောင်ဝယ်နိုင်သလို ခွဲစားတဲ့အခါမှာလည်း အချိန်တိုအတွင်း လွယ်လွယ်ကူကူပဲ ခွဲစားနိုင်မှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myfoodmyanmar

[Zawgyi]

နဂါးေမာက္သီး ႀကိဳက္ႏွစ္သက္သူေတြ မျဖစ္မေန သိထားသင့္တဲ့ အခ်က္မ်ား

နဂါးေမာက္သီးက အပူပိုင္းေဒသမွာ ထြက္႐ွိတဲ့ ခ်ိဳၿမိန္တဲ့သစ္သီးတစ္မ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ အရသာက ကီဝီသီးနဲ႔ သစ္ေတာ္သီးႏွစ္မ်ိဳးရဲ႕ ၾကားထဲက အရသာျဖစ္ပါတယ္။ နဂါးေမာက္သီးကို အဂၤလိပ္လိုဆိုရင္ Dragon Fruit လို႔လည္း ေခၚသလို Pitaya (သို႔) Strawberry Pear လို႔လည္း ေခၚၾကပါတယ္။ နဂါးေမာက္သီးထြက္႐ွိရာ ေဒသေတြကေတာ့ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ား၊ မက္ဆီကိုႏိုင္ငံ၊ အေမရိက အလယ္ပိုင္းေဒသႏွင့္ ေတာင္ပိုင္းေဒသ၊ အစၥေရးႏိုင္ငံတို႔ပဲျဖစ္ပါတယ္။ နဂါးေမာက္သီး မ်ိဳးကြဲေပါင္း အခု ၂၀ ေလာက္ ႐ွိေပမယ့္ အဓိက အားျဖင့္ေတာ့ သံုးမ်ိဳး သံုးစားခြဲထားပါတယ္။

ပထမတစ္ခုကေတာ့ ပန္းေရာင္အခြံ႐ွိၿပီး အထဲက အသားက အျဖဴေရာင္အသားျဖစ္ပါတယ္။ ဒုတိယတစ္ခုလည္း ပန္းေရာင္အခြံ႐ွိေပမယ့္ အထဲက အသားကေတာ့ အနီေရာင္႐ွိပါတယ္။ တတိယတစ္ခုကေတာ့ အဝါေရာင္အခြံနဲ႔ အျဖဴေရာင္ အသားတို႔ပဲျဖစ္ပါတယ္။ နဂါးေမာက္သီးက ကယ္လိုရီနည္းပါးၿပီး ဗီတာမင္ စီ၊ ေဖာ့စရပ္နဲ႔ ကယ္လစီယမ္ စတဲ့ အာဟာရဓာတ္ေတြ အေျမာက္အျမားပါဝင္တဲ့အျပင္ အမွ်င္ဓာတ္နဲ႔ Antioxidants တို႔လည္း ေပါမ်ားစြာ ပါဝင္တဲ့ အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။

နဂါးေမာက္သီး ဝယ္မယ္ဆိုရင္ ဘယ္လိုေရြးဝယ္သင့္လဲ

ကိုယ္ဝယ္တဲ့ နဂါးေမာက္သီးက မွည့္ မမွည့္သိခ်င္တယ္ဆိုရင္ သူ႔ရဲ႕ အေရာင္ကို အရင္ဆံုးၾကည့္ပါ။ အေရာင္ေတာက္ေတာက္ေလးျဖစ္ၿပီး အသီးတစ္ခုလံုးရဲ႕ အေရာင္က အေရာင္ညီေနမယ္ဆိုရင္ေတာ့ မွည့္တဲ့အသီးျဖစ္ပါတယ္။ အသီးေပၚမွာ အမဲစက္အနည္းငယ္ ေတြ႔ရရင္လည္း စိတ္ပူစရာမလိုပါဘူး။ ဒါေပမဲ့ အမဲစက္နဲ႔ အစက္အေျပာက္ေတြ အရမ္းမ်ားေနမယ္ဆိုရင္ေတာ့ အမွည့္လြန္ေနတဲ့ အသီးပဲျဖစ္ပါတယ္။

ေနာက္တစ္နည္းကေတာ့ လက္နဲ႔ ဖိစမ္းၾကည့္ရပါမယ္။ လက္ေခ်ာင္းနဲ႔ ဖိစမ္းၾကည့္တဲ့အခါ မာမာႀကီးျဖစ္ေနမယ္ဆိုရင္ မွည့္ဖုိ႔ ရက္အေတာ္ၾကာေစာင့္ရဦးမွာပဲျဖစ္ပါတယ္။ လက္နဲ႔ ဖိၾကည့္လို႔ အရမ္းႀကီး ေပ်ာ့စိေနမယ္ဆိုရင္လည္း အေျခအေန မဟန္ပါဘူး။ အမွည့္လြန္ေနတာပဲျဖစ္ပါတယ္။ အေနေတာ္ အိအိေလးျဖစ္ေနရင္ေတာ့ မွည့္ေနတဲ့အလံုးပဲျဖစ္ပါတယ္။

နဂါးေမာက္သီးကို နည္းမွန္လမ္းမွန္ ဘယ္လိုခြဲရမလဲ

နဂါးေမာက္သီး ခြဲစားတဲ့အခါ မ်ားေသာအားျဖင့္ အခြံကေန တစ္လႊာခ်င္းစီ ခြာခ်ၿပီး စားၾကေလ့႐ွိပါတယ္။ ဒီနည္းလမ္းက ခြာရတဲ့ အခ်ိန္လည္းၾကာၿပီး နဂါးေမာက္သီး အေရာင္က လက္မွာ စြန္းထင္းသြားတတ္ပါတယ္။ တကယ္ေတာ့ နဂါးေမာက္သီးခြာနည္းက ေထာပတ္သီး လွီးသလိုပါပဲ အလယ္တည့္တည့္ကေန ထက္ျခမ္းျခမ္းရမွာပါ။အလယ္တည့္တည့္ကေန ထက္ျခမ္းျခမ္းၿပီးမွ အသားကို အခြံနဲ႔ ကြာသြားေအာင္ ခြဲလိုက္ရမွာပဲျဖစ္ပါတယ္။

တစ္ခါတည္းနဲ႔ အတံုးအႀကီးႀကီး မခြဲခ်င္ဘူးဆိုရင္ေတာ့ ဇြန္းေလးနဲ႔ အသားေတြ ခပ္ထုတ္လို႔လည္းရသလို ဓားရာေပးၿပီး အတံုးေသးေသးေလးေတြ လွီးထုတ္လို႔လည္း ရပါတယ္။

ဒီနည္းလမ္းေတြကို သိထားမယ္ဆိုရင္ေတာ့ နဂါးေမာက္သီး ဝယ္ယူရာမွာ ပုပ္ေနတဲ့အသီးေတြကို ေ႐ွာင္ဝယ္ႏိုင္သလို ခြဲစားတဲ့အခါမွာလည္း အခ်ိန္တိုအတြင္း လြယ္လြယ္ကူကူပဲ ခြဲစားႏိုင္မွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: myfoodmyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service