ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
9087 Views

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Knowledge | Posted by Hnin Ei Khin

 

[Unicode]

မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။

ဘူးသီးကို ဟင်းခါး အဖြစ် ကျို ချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင်စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁ဝဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကိုကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစတာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Healthcare

[Zawgyi]

ဘူးသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ျမန္မာ လူမ်ိဳးေတြရဲ႕ မီးဖိုေခ်ာင္ ထဲမွာ အေတြ႕ရမ်ားတဲ့ ဘူးသီးဟာ ေသြးတိုး က်ေစတဲ့ အစြမ္းနဲ႔ ႏွလုံးေရာဂါ သက္သာေစတဲ့ အစြမ္း ႐ွိတယ္လို႔ ဆိုၾကပါတယ္။

ဘူးသီးကို ဟင္းခါး အျဖစ္ က်ိဳ ခ်က္ ေသာက္သုံး ၾကသလို ဘူးသီးကို ျပဳတ္ၿပီး တို႔စားတာ၊ သုပ္စား တာမ်ိဳးလည္း ျပဳလုပ္ ၾကပါတယ္။ ဘူးသီးကို စားေပးတာေၾကာင့္ ေအာက္ပါ အက်ိဳး ေက်းဇူးေတြကို ရ႐ွိေစပါတယ္။

အသည္းရဲ ့ လုပ္ငန္းေဆာင္တာေတြကို ဟန္ခ်က္ညီေစပါတယ္ဘူးသီးမွာ ျပည့္ဝဆီနဲ႔ ကယ္လိုရီ ပါဝင္မႈ နည္းပါတယ္။ အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ႐ိုင္ဘို ဖေလဗင္၊ ဇင့္(သြပ္)၊ သိုင္ယာ မင္၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ ပါဝင္မႈ မ်ားပါတယ္။ ဒါေၾကာင့္ အသည္းကို သန္႔စင္ေစတာ၊ ျပန္လည္ အားျဖည့္ေပးတာနဲ႔ အယ္လ္ကိုေဟာေၾကာင့္ ထိခိုက္မႈကို ကာကြယ္ေပးတာတို႔ လုပ္ေဆာင္ ေပးပါတယ္။

ဆံပင္ျဖဴတာကို ေလ်ာ့က်ေစပါတယ္

ဘူး႐ြက္ကရတဲ့ အရည္ဟာ အသားဝါတာကို သက္သာေစၿပီး ဘူးသီးအရည္ ကေတာ့ ဆံပင္ျဖဴ တာကို ေလ်ာ့က်ေစ တယ္လို႔ ဆိုၾကပါတယ္။

ႏုံးခ်ည့္ေညာင္းညာမႈ သက္သာေစပါတယ္

ဘူးသီးကို စားေပးတာေၾကာင့္ ႏုံးခ်ည့္ ေညာင္းညာမႈ ေလ်ာ့က်ေစၿပီး လန္းဆန္း ေစပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ရက္ေတြမွာ လန္းဆန္းေစပါတယ္။

စိတ္စြဲလြန္ ေဝဒနာကို သက္သာေစပါတယ္

ဘူးသီးဟာ နာ့ဗ္ေၾကာေတြကို အားေကာင္းေစတဲ့အတြက္ အလုပ္တစ္ခုခုကို ထပ္ခါ တလဲလဲ လုပ္တတ္တဲ့ စိတ္စြဲလြန္ ေဝဒနာ (OCD)ကို ေလ်ာ့က် ေစပါတယ္။ ေဆးဝါးေဗဒ ဂ်ာနယ္ရဲ႕ ေလ့လာမႈအရ ဘူးသီးမွာ စိတ္စြဲ လြန္ေဝဒနာကို ေလ်ာ့က်ေစတဲ့ အစြမ္း႐ွိတယ္လို႔ သိရ ပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ့က် ေစပါတယ္

ဘူးသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ဘူးသီး ၁ဝဝ ဂရမ္စား တဲ့အခါ ၁၂ ကယ္လိုရီပဲ ရ႐ွိပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ အစားအစာ တစ္မ်ိဳးအျဖစ္ အသိအမွတ္ ျပဳထားပါတယ္။

အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ဘူးသီးမွာ သိုင္ယာမင္၊ ဗီတာမင္စီ၊ ဇင့္(သြပ္)၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ မ်ားစြာ ပါဝင္တဲ့အတြက္ အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ ေစပါတယ္။

မ်က္စိ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ဘူးသီးမွာ ဘီတာကယ္႐ိုတင္း ပမာဏ မ်ားစြာ ပါဝင္တဲ့အတြက္ မ်က္စိ အျမင္အာ႐ုံကိုေကာင္းမြန္ ေစပါတယ္။ ဘူးသီးဟာ အစာအိမ္ေဝဒနာ၊ အစာအိမ္အူလမ္းေၾကာင္း ပိုးဝင္တာနဲ႔ လိပ္ေခါင္းစတာေတြကိုလည္း သက္သာေစပါတယ္။ ဘူးသီးမွာ ေသြးေတြကို သန္႔စင္ေစတဲ့ အာနိသင္လည္း ႐ွိတာေၾကာင့္ ေရာဂါ အမ်ားစုကို တြန္းလွန္ ေပးႏိုင္ပါတယ္။

ေသြးတြင္း သၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစပါတယ္

ဘူးသီးမွာ ပါတဲ့ ပပ္တိုက္နဲ႔ အယ္လ္ကာလြိဳက္ ေတြက ေသြးတြင္း သၾကား ဓာတ္ပမာဏကို ေလ်ာ့က် ေစပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳ ေရာဂါ ႐ွိသူေတြ အသင့္အတင့္ စားႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Healthcare

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service