မိမိနေအိမ်မှာ ပျားအုံစွဲခဲ့လျှင် အတိတ်နမိတ် ကောင်းသလား? မကောင်းဘူးလား? - Property Knowledge in Myanmar from iMyanmarHouse.com
23664 Views

မိမိနေအိမ်မှာ ပျားအုံစွဲခဲ့လျှင် အတိတ်နမိတ် ကောင်းသလား? မကောင်းဘူးလား?

Knowledge | Posted by Aye Myat Thu

[Unicode]

မြန်မာလူမျိုးများဟာ ရှေးဓလေ့ထုံးတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ ယနေ့ထိတိုင် လိုက်နာကျင့်သုံးကြပါတယ်။ အိမ်တစ်အိမ်မှာ ပျားစွဲတဲ့အခါမှာ အိမ်ရှိပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ကံကောင်မလား၊ ကံဆိုးမလားဆိုတာကို ရှေးလူကြီးသူမတွေက သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့် ဖော်ပြထားတဲ့ အချက်တွေကို ကြည့်ပြီး အမြန်ဆုံး ဖယ်ရှားသင့်၊ မသင့်၊ ပျားတွေ ပြောင်းရွေချိန်ထိ စောင့်သင့်၊ မစောင့်သင့်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။

အကယ်၍ ပျားလာရာ အရပ်ကို သတိပြုပြီး သိရှိခဲ့မယ်ဆိုရင်တော့ ပိုပြီး အတိတ်၊နိမိတ်ကောက်ဖို့ လွယ်ကူပါတယ်။ ပျားလာရာအရပ်အလိုက် အကျိုးစီးပွား ဖြစ်ထွန်းတာ၊ ဆုတ်ယုတ်တာတွေ ဖြစ်လာနိုင်တာကြောင့် သိထားသင့်တဲ့ ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ပျားသည် အိမ်၏အရှေ့ဘက်မှလာ၍ စွဲပါက စီးပွားပျက်တတ်ပါတယ်။

ပျားသည် အိမ်၏အနောက်ဘက်မှလာ၍ စွဲပါက လာဘ်ရတတ်ပါတယ်။

ပျားသည် အိမ်၏တောင်ဘက်မှ လာ၍ စွဲပါက အိမ်မှာသောကရောက်တတ်ပါတယ်။

ပျားသည် အိမ်၏မြောက်ဘက်မှ လာ၍ စွဲပါက စီးပွားပျက်တတ်ပါတယ်။

ပျားသည် အိမ်၏အရှေ့မြောက်ဘက်မှ လာ၍ စွဲပါက အများပူဇော်ချီးမြှောက်တာကို ခံရတတ်ပါတယ်။

ပျားသည် အိမ်၏အရှေ့တောင်ဘက်မှ လာ၍ စွဲပါက ကြံစည်ထားသမျှ ကိစ္စတွေ အောင်မြင်တက်ပါတယ်။

ပျားသည် အိမ်၏အနောက်မြောက်မှ လာ၍ စွဲပါက ဥစ္စာပစ္စည်းတိုးပွား လာနိုင်ပါတယ်။

ပျားသည် အနောက်တောင်မှ လာ၍ စွဲပါက ဘေးတွေ့ရတတ်ပါတယ်။

ပျားသည် အိမ်၏အောက်ပိုင်းမှ လာ၍ စွဲပါက စီးပွားတိုးတက် တတ်ပါတယ်။

ပျားသည် အိမ်ရှိ လှေကားအောက်မှာ လာ၍ စွဲပါက မိသားစု ပျက်စီးတတ်ပါတယ်။

ပျားသည် အိမ်သာမှာ လာစွဲနေပါက ရောဂါအနာဘယ ရောက်တတ်ပါတယ်။

ပျားသည်အိမ်တံခါးမှာ လာ၍စွဲပါက လာဘ်ရတတ်ပါတယ်။

ပျားသည် လှန်းထားတဲ့ ပုဆိုးအဝတ်မှာ လာပြီး စွဲနေပါက မြတ်သော စည်းစ်ိမ်ကို ရရှိတက်ပါတယ်။

ပျားသည် အိပ်ရာမှာ လာ၍စွဲပါက မမျှော်လင့်ဘဲ ချမ်းသာတတ်ပါတယ်။

အိမ်ရှိ ပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ရှေးလူကြီးသူမတွေရဲ့ အတိတ်နိမိတ်ကို သိရှိမယ်ဆိုရင်တော့ ရှောင်ရှားနိုင်မှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: စပ်မိစပ်ရာ

 

 

[Zawgyi]
















ပျားသည် လှန်းထားတဲ့ ပုဆိုးအဝတ်မှာ လာပြီး စွဲနေပါက မြတ်သော စည်းစိမ်ကို ရရှိတက်ပါတယ်။






Credit: စပ်မိစပ်ရာ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service