ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ်နှင့် အမွေထိန်းလက်မှတ်စာတို့အရ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက် လွှဲပြောင်းရောင်းချရာတွင် အရေးကြီးသောအချက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
1911 Views

ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ်နှင့် အမွေထိန်းလက်မှတ်စာတို့အရ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက် လွှဲပြောင်းရောင်းချရာတွင် အရေးကြီးသောအချက်များ။

Knowledge | Posted by Hnin Ei Khin

[Unicode]

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ်လျှောက်ထားရာ၌အမွေပိုင်ဆိုင်ကြောင်း၊အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန်ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆ်ိုင်ရာက သိရှိလျှင်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ပါသည်။

အလားတူမြေပုံမြေရာဇဝင်ကူးယူရာ၌လည်းဖော်ပြသည့်ကတိသစ္စာပြုလွှာမှာမှန်ကန်မှုမရှိပါကလိမ်လည်၍ကျမ်းကျိန်ဆိုမှုအတွက်အရေးယူခြင်းခံရန်ိုင်ကြောင်းသိရှိထားသင့်ပါသည်။

ကွယ်လွန်သူ၏အမွေဆိုင်သူသားသမီးများ(သို့မဟုတ်)ကွယ်လွန်သူ၏ညီအစ်ကိုမောင်နှမအရင်းများကကွယ်လွန်သူပိုင်အိမ်နှင့်မြေ(သို့မဟုတ်)မြေကွက်ကိုစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ်လျှောက်ထား၍ခွင့်ပြုပါကစာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ် ချုပ်ဆိုပြီးမှသာ ကွယ်လွန်သူပိုင်ဆိုင်သောအိမ်နှင့်မြေ (သို့မဟုတ်) မြေကို ရောင်းချခွင့်ရှိမည်ဖြစ်သည်။

ကွယ်လွန်သူ၏အမွေဆိုင်များအနက်မှတစ်ဦးဦးကကွယ်လွန်သူ၏ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းတို့ကိုစီမံခန့်ခွဲနိုင်ရန်အမွေထိန်းစာလျှောက်ထားနိုင်ကြပါသည်။တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့် အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။

အမွေထိန်းစာအပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရားရုံးက စစ်ဆေးသွားမည်ဖြစ်ပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင်သည့် အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင်တို့အား မျှမျှတတ ခွဲဝေပေးရန် တာဝန်ရှိပါသည်။

အမွေထိန်းလက်မှတ်စာအပြိုင်အဆိုင်လျှောက်ထားမှုတွင်အမွေပုံစီမံခန့်ခွဲမှုစွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက်သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံးစွဲဆိုရန် ဖြစ်ပါသည်။

တရားရုံးမှ ထုတ်ပေးသော အမွေထိန်းစာလက်မှတ်ဖြင့်သာ ကွယ်လွန်သူပိုင်ဆိုင်သော အိမ်နှင့်မြေ (သို့မဟုတ်) မြေကို ရောင်းချခွင့်ရှိမည်ဖြစ်သည်။

အမွေဆိုင်များသည် ပေးဆပ်ရန် ကြွေးမြီမရှ်ိ ပိုင်ဆိုင်မှုအငြင်းမပွားပါက ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ် ချုပ်ဆိုခြင်းသည် လုပ်ငန်းစဉ်ပိုမိုမြန်ဆန်ပြီး ကျန်ရစ်သူပိုင်ပစ္စည်းကို လွယ်ကူစွာရောင်းချနိုင်မှာ ဖြစ်ပါသည်။

ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာချုပ်နှင့် အမွေထိန်းလက်မှတ်စာတို့အရ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်များ လွှဲပြောင်းရောင်းချရာတွင် အထက်ပါအချက်များသည့် အရေးကြီးသောအချက်များဖြစ်သောကြောင့် ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ႏွင့္ အေမြထိန္းလက္မွတ္စာတို႔အရ အိမ္ႏွင္႔ေျမ (သို႔မဟုတ္) ေျမကြက္ လႊဲေျပာင္းေရာင္းခ်ရာတြင္ အေရးႀကီးေသာအခ်က္မ်ား။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ေလွ်ာက္ထားရာ၌အေမြပိုင္ဆိုင္ေၾကာင္း၊အေမြဆိုင္အားလုံးပါဝင္ေၾကာင္းႏွင့္စပ္လ်ဥ္း၍အေမြပိုင္ဆိုင္သူအခ်ဳိ႕ကို ခ်န္လွပ္၍ က်မ္းက်ိန္ဆိုျခင္းျပဳပါက မမွန္မကန္ က်မ္းက်ိန္ဆိုမႈအတြက္ တာဝန္ရွိသည္႔အျပင္ ထိုသို႔ အေမြဆိုင္အခ်ဳိ႕ကို ခ်န္လွန္၍ ေလွ်ာက္ထားရရွိေသာ ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကညာစာတမ္းမွာလည္း သက္ဆိ္ုင္ရာက သိရွိလွ်င္ေသာ္လည္းေကာင္း၊ တစ္ဦးတစ္ေယာက္က ကန္႔ကြက္လာလွ်င္ ေသာ္လည္းေကာင္း၊ မွတ္ပုံတင္ထားၿပီးေသာ စာခ်ဳပ္ပယ္ဖ်က္ျခင္း ခံရမည္ျဖစ္ပါသည္။

အလားတူေျမပုံေျမရာဇဝင္ကူးယူရာ၌လည္းေဖာ္ျပသည္႔ကတိသစၥာျပဳလႊာမွာမွန္ကန္မႈမရွိပါကလိမ္လည္၍က်မ္းက်ိန္ဆိုမႈအတြက္အေရးယူျခင္းခံရႏိ္ုင္ေၾကာင္းသိရွိထားသင္႔ပါသည္။

ကြယ္လြန္သူ၏အေမြဆိုင္သူသားသမီးမ်ား(သို႔မဟုတ္)ကြယ္လြန္သူ၏ညီအစ္ကိုေမာင္ႏွမအရင္းမ်ားကကြယ္လြန္သူပိုင္အိမ္ႏွင္႔ေျမ(သို႔မဟုတ္)ေျမကြက္ကိုစာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ေလွ်ာက္ထား၍ခြင့္ျပဳပါကစာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးက သတ္မွတ္သည္႔ တံဆိပ္ေခါင္းခြန္ ( ပုံေသ ) ေပးေဆာင္ရပါမည္။

ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးမွသာ ကြယ္လြန္သူပိုင္ဆိုင္ေသာအိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကို ေရာင္းခ်ခြင့္ရွိမည္ျဖစ္သည္။

ကြယ္လြန္သူ၏အေမြဆိုင္မ်ားအနက္မွတစ္ဦးဦးကကြယ္လြန္သူ၏ေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းႏွင္႔မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းတို႔ကိုစီမံခန္႔ခြဲႏိုင္ရန္အေမြထိန္းစာေလွ်ာက္ထားႏိုင္ၾကပါသည္။တစ္ခါတစ္ရံ အေမြဆိုင္မ်ား အၿပိဳင္ေလွ်ာက္ထားလာပါက တရား႐ုံးက သင္႔ေတာ္မည့္ အေမြဆိုင္ကို အေမြထိန္းလက္မွတ္စာ ထုတ္ေပးႏိုင္ခြင့္ရွိပါသည္။

အေမြထိန္းစာအၿပိဳင္ေလွ်ာက္ထားလာပါက တရားမႀကီးမႈအျဖစ္ေျပာင္းလဲ၍ တရား႐ုံးက စစ္ေဆးသြားမည္ျဖစ္ပါသည္။ ကြယ္လြန္သူပိုင္ မေရႊ႕မေျပာင္းႏိုင္သည့္ အိမ္ႏွင္႔ေျမ (သို႔မဟုတ္) ေျမကြက္ကို ထုခြဲေရာင္းခ်လိုပါက အေမြထိန္းစာ ထုတ္ေပးသည္႔ တရား႐ုံး၏ခြင့္ျပဳခ်က္ရရွိမွသာလွ်င္ ေရာင္းခ်ႏိုင္မည္ျဖစ္ပါသည္။ အေမြထိန္းစာရရွိသူသည္ ကြယ္လြန္သူမွ ရရန္ရွိေသာ ေႂကြးၿမီမ်ားကို ရွင္းလင္းၿပီးေနာက္ က်န္ေငြသားမ်ားႏွင့္ ပစၥည္းမ်ားကို အေမြဆိုင္တို႔အား မွ်မွ်တတ ခြဲေဝေပးရန္ တာဝန္ရွိပါသည္။

အေမြထိန္းလက္မွတ္စာအၿပိဳင္အဆိုင္ေလွ်ာက္ထားမႈတြင္အေမြပုံစီမံခန္႔ခြဲမႈစြဲဆိုရန္ ေပၚေပါက္ပါက တရား႐ုံးအေနျဖင္႔ မည္သူ႔ကိုမွ် အေမြထိန္းလက္မွတ္စာ ထုတ္ေပးမည္ မဟုတ္ေၾကာင္း သတိျပဳသင္႔ပါသည္။ အေမြဆိုင္တို႔အေနျဖင္႔ ကြယ္လြန္သူ အေမြရွင္၏ က်န္ရစ္ေသာ အေမြကို မိမိတို႔ရသင္႔ရထိုက္ေသာ အေမြေဝစုကို စီရင္ပိုင္ခြင္႔ရွိေသာ တရား႐ုံးတြင္ တရားတစ္ထုံးစြဲဆိုရန္ ျဖစ္ပါသည္။

တရားရံုးမွ ထုတ္ေပးေသာ အေမြထိန္းစာလက္မွတ္ျဖင့္သာ ကြယ္လြန္သူပိုင္ဆိုင္ေသာ အိမ္ႏွင့္ေျမ (သို႔မဟုတ္) ေျမကို ေရာင္းခ်ခြင့္ရွိမည္ျဖစ္သည္။

အေမြဆိုင္မ်ားသည္ ေပးဆပ္ရန္ ေၾကြးၿမီမရွ္ိ ပိုင္ဆိုင္မႈအျငင္းမပြားပါက ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းသည္ လုပ္ငန္းစဥ္ပိုမိုျမန္ဆန္ၿပီး က်န္ရစ္သူပိုင္ပစၥည္းကို လြယ္ကူစြာေရာင္းခ်ႏိုင္မွာ ျဖစ္ပါသည္။

ပိုင္ဆိုင္ေၾကာင္းႁမြက္ဟေၾကညာစာခ်ဳပ္ႏွင့္ အေမြထိန္းလက္မွတ္စာတို႔အရ အိမ္ႏွင့္ေျမ (သုိ႔မဟုတ္) ေျမကြက္မ်ား လႊဲေျပာင္းေရာင္းခ်ရာတြင္ အထက္ပါအခ်က္မ်ားသည့္ အေရးၾကီးေသာအခ်က္မ်ားျဖစ္ေသာေၾကာင့္ ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service