မန္တလေးတွင် ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း ၃၀၀၀ ခန့် ယခုလမှစတင်ကာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1753 Views

မန္တလေးတွင် ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း ၃၀၀၀ ခန့် ယခုလမှစတင်ကာ တည်ဆောက်မည်

[Unicode]

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်းအရ အိမ်ခန်းပေါင်း ၃၀၀၀ ခန့်အား မြို့ပြနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း(MDA) မှ ယခုလမှစတင်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံဝန်ထမ်းများ၊ ဝင်ငွေနည်း အခြေခံပြည်သူများ၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ၊ အခြေခံဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်အခွင့်အ လမ်းများ ရရှိရေးအတွက် ယင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းအား အကောင်အထည်ဖော်တည်ဆောက်သွား မည်ဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာအခန်းပေါင်း ၆၀၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် အခန်းပေါင်း ၃၀၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ခန့် တည် ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အုတ်မြစ်ချ ပန္နက်တင် မင်္ဂလာအခမ်းအနားများ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့်အတူ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အ သင်းချုပ်(MLCA) ၊ မြို့ပြနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း Myanmar Developer Association(MDA) တို့မှ ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင်လည်း နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ခြင်း စီမံကိန်းများပြုလုပ်လျက်ရှိပြီး နိုင်ငံတော်၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်လျက် ရှိသည်။အိမ်ရာ တည်ဆောက်မှုတွင် ရေနှင့် လျှပ်စစ်မီး ကဏ္ဍ တစ်ဆက်တည်း ပါရှိပြီး တည်ဆောက်မှု ပြီးစီးပါက အိမ်ရာဧရိယာအား အုတ်အပြည့်နှင့် ခြံစည်းရိုး ကာရံခြင်း၊ အိမ်ရာဝင်းအလယ် Main လမ်းမ မြေသားလမ်းနှင့် Box Culvert တည်ဆောက်ခြင်း၊ Car Parking ပြုလုပ်ခြင်း၊ မြေသားလမ်း ပြုလုပ်ခြင်းနှင့် ရေမြောင်း ပြုလုပ်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ အနေဖြင့် ဝင်ငွေနည်းပါးသော ပြည်သူများနှင့် အငြိမ်းစား ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းများ နည်းတူ ခံစားခွင့် ရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အခန်းပေါင်း တစ်သောင်းကျော်ကို အကောင် အထည်ဖော် တည်ဆောက်လျက်ရှိရာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အိမ်ခန်းပေါင်း ၆၀၀၀ ကျော်၊ မန္တလေးတွင် အိမ်ခန်းပေါင်း ၃၀၀၀ ကျော်နှင့် နေပြည်တော်တွင် အိမ်ခန်းပေါင်း ၇၀၀ ကျော်ကို တည်ဆောက် လျက်ရှိကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မႏၲေလးတြင္ ျပည္သူ႔အငွားအိမ္ရာ အိမ္ခန္းေပါင္း ၃၀၀၀ ခန႔္ ယခုလမွစတင္ကာ တည္ေဆာက္မည္

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕တြင္ ျပည္သူ႔အငွားအိမ္ရာစီမံကိန္းအရ အိမ္ခန္းေပါင္း ၃၀၀၀ ခန႔္အား ၿမိဳ႕ျပႏွင့္အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္မ်ားအသင္း(MDA) မွ ယခုလမွစတင္ကာ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံဝန္ထမ္းမ်ား၊ ဝင္ေငြနည္း အေျခခံျပည္သူမ်ား၏ အိမ္ရာလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ႏွင့္ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ား၊ အေျခခံေဆာက္လုပ္ေရးလုပ္သားမ်ား အလုပ္အကိုင္အခြင့္အ လမ္းမ်ား ရရွိေရးအတြက္ ယင္း ျပည္သူ႔အငွားအိမ္ရာစီမံကိန္းအား အေကာင္အထည္ေဖာ္တည္ေဆာက္သြား မည္ျဖစ္သည္။

ျပည္သူ႔အငွားအိမ္ရာစီမံကိန္းအား ရန္ကုန္တိုင္းေဒသႀကီးတြင္ အိမ္ရာအခန္းေပါင္း ၆၀၀၀ ေက်ာ္၊ မႏၲေလးတိုင္းေဒသႀကီးတြင္ အခန္းေပါင္း ၃၀၀၀၊ ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇၀၀ ခန႔္ တည္ ေဆာက္သြားမည္ျဖစ္ၿပီး ရန္ကုန္ႏွင့္ မႏၲေလးတြင္ ျပည္သူ႔အငွားအိမ္ရာစီမံကိန္း အုတ္ျမစ္ခ် ပႏၷက္တင္ မဂၤလာအခမ္းအနားမ်ား က်င္းပခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ယင္း ျပည္သူ႔အငွားအိမ္ရာစီမံကိန္းအား ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ ႀကီးၾကပ္မႈႏွင့္အတူ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(MCEF) ၊ ျမန္မာႏိုင္ငံ လိုင္စင္ရကန္ထ႐ိုက္တာမ်ား အ သင္းခ်ဳပ္(MLCA) ၊ ၿမိဳ႕ျပႏွင့္အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္မ်ားအသင္း Myanmar Developer Association(MDA) တို႔မွ ပူးေပါင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တြင္လည္း ႏိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာ တည္ေဆာက္ျခင္း စီမံကိန္းမ်ားျပဳလုပ္လ်က္ရွိၿပီး ႏိုင္ငံေတာ္၏ လမ္းၫႊန္မႈ၊ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနမွ တည္ေဆာက္လ်က္ ရွိသည္။အိမ္ရာ တည္ေဆာက္မႈတြင္ ေရႏွင့္ လွ်ပ္စစ္မီး က႑ တစ္ဆက္တည္း ပါရွိၿပီး တည္ေဆာက္မႈ ၿပီးစီးပါက အိမ္ရာဧရိယာအား အုတ္အျပည့္ႏွင့္ ၿခံစည္း႐ိုး ကာရံျခင္း၊ အိမ္ရာဝင္းအလယ္ Main လမ္းမ ေျမသားလမ္းႏွင့္ Box Culvert တည္ေဆာက္ျခင္း၊ Car Parking ျပဳလုပ္ျခင္း၊ ေျမသားလမ္း ျပဳလုပ္ျခင္းႏွင့္ ေရေျမာင္း ျပဳလုပ္ျခင္းတို႔ကို ဆက္လက္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အစိုးရ အေနျဖင့္ ဝင္ေငြနည္းပါးေသာ ျပည္သူမ်ားႏွင့္ အၿငိမ္းစား ဝန္ထမ္းမ်ားအား ႏိုင္ငံ့ဝန္ထမ္းမ်ား နည္းတူ ခံစားခြင့္ ရရွိႏိုင္ေရးအတြက္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔တြင္ အခန္းေပါင္း တစ္ေသာင္းေက်ာ္ကို အေကာင္ အထည္ေဖာ္ တည္ေဆာက္လ်က္ရွိရာ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၌ အိမ္ခန္းေပါင္း ၆၀၀၀ ေက်ာ္၊ မႏၲေလးတြင္ အိမ္ခန္းေပါင္း ၃၀၀၀ ေက်ာ္ႏွင့္ ေနျပည္ေတာ္တြင္ အိမ္ခန္းေပါင္း ၇၀၀ ေက်ာ္ကို တည္ေဆာက္ လ်က္ရွိေၾကာင္း သိရသည္။

မင္းခိ်ဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service