မိမိပိုင်အိမ်တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့် ရှိလား၊ ဘယ်လိုဆောင်ရွက်ရမလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
884 Views
မိမိပိုင်အိမ်တိုက်ခန်းတို့ကို ငှားရမ်းနေထိုင်သူအား ဆက်မငှားချင်တဲ့အခါ ဖယ်ရှားခွင့် ရှိလား၊ ဘယ်လိုဆောင်ရွက်ရမလဲ ?
Knowledge | Posted by Zarni Kyaw
[Unicode]
အဖြေ။ ။ မိမိအိမ်မှာ ငှားရမ်းနေထိုင်တဲ့ အိမ်ငှားကို ဖယ်ရှားမယ်ဆိုရင်တော့ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂အရ ဖယ်ရှားနိုင် ပါတယ်။ ဖယ်ရှားလို့ရတဲ့ အကြောင်း ရင်းတွေကတော့ ငှားရမ်းခကို အိမ်ရှင်ဘက်က တောင်းသော်လည်း အိမ်ငှားဘက်က မပေးတာနဲ့ အိမ်ငှားတာဝန် ဖောက်ဖျက် ချိန်၊ အိမ်ရှင်ဘက်က အနိုင်ရပြီး သော အမိန့် သို့မဟုတ် ဒီကရီချမှတ်ထားတဲ့ အိမ်ငှားခကို အိမ်ငှားကမပေးတဲ့အချိန်၊ အိမ်ငှား ဘက်က အိမ်နီးချင်းတွေကို စိတ်ငြို ငြင်အောင်၊ အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်မှုနဲ့ ဥပစာကို ညစ်ညမ်း ယုတ်မာသော သို့မဟုတ် ဥပဒေကို  ဆန့် ကျင်တဲ့ ကိစ္စတွေ ပြုလုပ်ချိန်တို့မှာ ဖယ်လို့ ရပါတယ်။
ဒါ့အပြင် အိမ်ရှင်ဘက်က ရိုးသား ဖြောင့်မတ်သော သဘောနဲ့ ကန်ထရိုက် ဆောက်လုပ်ဖို့ မြေကို ရယူလိုခြင်း၊ အိမ်ရှင်က အဆောက်အအုံအသစ် ဆောက်လုပ်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့သဘောရိုးနဲ့ ဥပစာကို ပြန်လည်ရယူတာနဲ့အိမ်ရှင်က အကြောင်းတစ်ခုခုကြောင့် မိမိအိမ်ကို သဘောရိုးနဲ့ ပြန်လည်နေထိုင် လိုတာတွေကြောင့် ဖယ်ရှားလို့ရနိုင်ပါတယ်။
နို့တစ်စာပေးမယ်ဆိုရင်....
အမေး။ ။ အငှားချထားသူကို နို့တစ်စာ ပေးမယ်ဆိုရင် ဘယ်လိုလုပ်လို့ ရပါသလဲ။
အဖြေ။ ။ ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၆ မှာ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းငှားရမ်း ခြင်းက တစ်လပြီးတစ်လ ငှားရမ်းတာ ဖြစ်ပါတယ်။
အငှားချထားသူနဲ့ အငှားယူထားသူဘက်က ငှားရမ်းတဲ့ ဘယ်လမဆို ကုန်ဆုံးတာနဲ့ တစ်ပြိုင်တည်း ကုန်ဆုံးမယ့် အချိန်ရက်မစေ့မီ ၁၅ရက် ကြိုတင်နို့တစ်စာ ပေးရင် ငှားရမ်းတာကို ဆုံးခန်းတိုင် ရောက် တယ်လို့ မှတ်ယူနိုင်ပါတယ်။
လအလိုက် ငှားရမ်းတဲ့ကိစ္စမှာ ၁၅ ရက် ကြိုပြီး နို့တစ်စာပေးနိုင်ပါတယ်။  နှစ်အလိုက်ငှားတဲ့ ကိစ္စတွေမှာတော့ ကုန်ဆုံး ရက် မရောက်ခင် ခြောက်လကြိုပြီး နို့တစ် စာ ပေးနိုင်ပါတယ်။ ငှားရမ်းသူလက်ထဲကို ခြောက်လ ထက် နောက် ကျပြီးမှ ရောက် ရင် တော့ နို့တစ်စာ က အကျုံးမဝင်ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service