ဆန်ဆေးရေရဲ့ အသုံးဝင်ပုံ (၆) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
37620 Views

ဆန်ဆေးရေရဲ့ အသုံးဝင်ပုံ (၆) ချက်

Knowledge | Posted by Si Thu Aung

[Unicode]

ဆန်ဆေးရေကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ထမင်းချက်ကာနီးရင် ဆန်ကို ပြောင်စင်အောင် ဆေးကြောပေးရပါတယ်။ ဆန်ဆေးရင်း ရလာတဲ့ ဆန်ဆေးရေကို အသုံးမပြုဘဲ သွန်ပစ်လိုက်တာများပါတယ်။

ဒီနေ့မှာတော့ မိမိတို့ နေ့စဉ်သွန်ပစ်နေတဲ့ ဆန်ဆေးရေရဲ့ အသုံးဝင်တဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)နက်မှောင်သန်စွမ်းတဲ့ ဆံကေသာများ ပိုင်ဆိုင်နိုင်ခြင်း

ဆန်ဆေးရေနှင့် ခေါင်းလျှော်ခြင်းကို ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ ဆန်ဆေးရေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ခေါင်းလျှော်ပေးခြင်းဖြင့် ရှည်လျှားပြီး နက်မှောင်သန်စွမ်းတဲ့ ဆံပင်လေးတွေကို ရရှိနိုင်ပါတယ်။

အသုံးပြုပုံ

ဆန်ဆေးရေကို ပုလင်း(သို့)အဖုံးပါတဲ့ဗူးထဲသို့ထည့်ပြီး ၁၀ ရက်ခန့် အချဉ်ဖောက်ထားပါ။ ထိုအချဉ်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့ တစ်ပတ်လျှင် (၂)ကြိမ် ခေါင်းလျှော်ပေးပါ။

(၂)မျက်နှာအသားအရေ ချောမွေ့လှပစေခြင်း

အလှအပနဲ့ဆိုင်တဲ့ Group တွေထဲမှာ Recommend အများဆုံးပေးခံရတဲ့ ပျိုမေတို့အကြိုက်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ဆန်ဆေးရေနဲ့ မျက်နှာသစ်ခြင်းက ဂျပန်အမျိုးသမီးတွေရဲ့ အလှအပလျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာအသားအရေကို တင်းရင်းစေခြင်း၊ ချွေးပေါက်များကို ကျဉ်းစေခြင်း၊ မျက်နှာအသားအရေကို ဖြူဝင်းလာစေခြင်း ၊ ဝက်ခြံများကို သက်သာပျောက်ကင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ဆန်ဆေးရေမှာ ဗီတာမင်ဓါတ်အများအပြားပါရှိတာမို့ နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တိုနာနေရာမှာလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ

ညအိပ်ရာဝင်ကာနီး ဆန်ဆေးရေကို ဂွမ်းစလေးနဲ့ မျက်နှာကို သုတ်လိမ်းပေးပါက ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဆန်ဆေးရေ တစ်ဆ၊ ပျားရည် တစ်ဆ၊ ရေနွေးနှစ်ဆ ရောပြီး ၅ မိနစ်ကြာ မျက်နှာသစ်ပေးရင်လည်း အသားအရေကို ချောမွေ့စေပါတယ်။ ဆန်ဆေးရေကို ဝက်ခြံရှိတဲ့ ဖု၊ အနီစက်တွေပေါ်လိမ်းပေးခြင်းဖြင့် ဝက်ခြံများကို သက်သာပျောက်ကင်းစေပါတယ်။

(၃)ဟင်းသီးဟင်းရွက်များရှိ အဆိပ်အတောက်တွေကို ပြေစေခြင်း

အိမ်ရှင်မတွေ အသီးအရွက်တွေ မကြော်ချက်ခင် ဆားရေ စိမ်ပေးသလို ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင် ဆန်ဆေးရေနဲ့ ဆေးကြောပေးလျှင်လည်း ဟင်းသီးဟင်းရွက်မှာ ရှိတဲ့ အဆိပ်အတောက်တွေကိုပြေစေနိုင်ပါတယ်။

ဆန်ဆေးရေထဲသို့ ဆားထည့်ပြီး ဟင်းသီးဟင်းရွက်များစိမ်ပေးပါက အသီးအရွက်ရှိ အဆိပ်အတောက်များကို ပြေစေနိုင်ပါတယ်။

(၄)ဆားငန်နေသော ငါးခြောက်တွေကို အငန်ဓါတ်လျှော့ပေးခြင်း

ဈေးထဲက ဝယ်လာတဲ့ ငါးခြောက်တွေ အရမ်းငန်နေလို့ စားမဖြစ်တော့ဘူးဆိုပြီး ပစ်မထားပါနဲ့။ဆားအရမ်းငန်နေတဲ့ ငါးခြောက်တွေကို ဆန်ဆေးရေစိမ်ပေးပါက အငန်ဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။

(၅)ဝါးမျှစ်များ အဆိပ်သင့်မှုကို လျော့ကျစေခြင်း

အဆိပ်သင့်စေတဲ့ အက်စစ်ပါတဲ့ ဝါးမျှစ်တွေကို မစားသုံးခင် ဆန်ဆေးရေနဲ့ စိမ်ပေးရင်လည်း ဝါးမျှစ်တွေမှာပါတဲ့ အဆိပ်သင့်မှုကို လျော့ကျစေပါတယ်။

(၆)ငါးညှီနံ့ ပျောက်စေခြင်း

ငါးညှီနံ့ နံနေတဲ့ ငါးဟင်းကို မစားချင်ဖြစ်နေပါသလား။ ငါးဟင်တွေ ငါးညှီနံ့ကင်းစေဖို့ ငါးဟင်းကို မချက်မီ ဆန်ဆေးရေထဲကို ဆားထည့်ပြီး ငါးတွေကို မိနစ်(၃၀) စိမ်ပေးခြင်းဖြင့် ငါးညှီနံ့တွေကို ပျောက်စေပါတယ်။

ဆန်ဆေးရေမှာ အထက်ပါအချက်များအပြင် ဝမ်းလျှောခြင်း၊ အစားအိမ်ရောဂါများကို သက်သာပျောက်ကင်းစေခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ အလွယ်တကူရနေတဲ့ ဆန်ဆေးရေကို မသွန်ပစ်ဘဲ အကျိုးရှိရှိ အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ဆန္ေဆးေရရဲ႕ အသုံးဝင္ပုံ (၆) ခ်က္

ဆန္ေဆးေရကို လူတိုင္းသိၾကမယ္ထင္ပါတယ္။ ထမင္းခ်က္ကာနီးရင္ ဆန္ကို ေျပာင္စင္ေအာင္ ေဆးေၾကာေပးရပါတယ္။ ဆန္ေဆးရင္း ရလာတဲ့ ဆန္ေဆးေရကို အသုံးမျပဳဘဲ သြန္ပစ္လိုက္တာမ်ားပါတယ္။

ဒီေန႔မွာေတာ့ မိမိတို႔ ေန႔စဥ္သြန္ပစ္ေနတဲ့ ဆန္ေဆးေရရဲ႕ အသုံးဝင္တဲ့ေနရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁)နက္ေမွာင္သန္စြမ္းတဲ့ ဆံေကသာမ်ား ပိုင္ဆိုင္ႏိုင္ျခင္း

ဆန္ေဆးေရႏွင့္ ေခါင္းေလွ်ာ္ျခင္းကို ၾကားဖူးၾကလိမ့္မယ္ထင္ပါတယ္။ ဆန္ေဆးေရနဲ႔ တစ္ပတ္ကို ႏွစ္ႀကိမ္ ေခါင္းေလွ်ာ္ေပးျခင္းျဖင့္ ႐ွည္လွ်ားၿပီး နက္ေမွာင္သန္စြမ္းတဲ့ ဆံပင္ေလးေတြကို ရ႐ွိႏိုင္ပါတယ္။

အသုံးျပဳပုံ

ဆန္ေဆးေရကို ပုလင္း(သို႔)အဖုံးပါတဲ့ဗူးထဲသို႔ထည့္ၿပီး ၁၀ ရက္ခန္႔ အခ်ဥ္ေဖာက္ထားပါ။ ထိုအခ်ဥ္ေဖာက္ထားတဲ့ ဆန္ေဆးေရနဲ႔ တစ္ပတ္လွ်င္ (၂)ႀကိမ္ ေခါင္းေလွ်ာ္ေပးပါ။

(၂)မ်က္ႏွာအသားအေရ ေခ်ာေမြ႕လွပေစျခင္း

အလွအပနဲ႔ဆိုင္တဲ့ Group ေတြထဲမွာ Recommend အမ်ားဆုံးေပးခံရတဲ့ ပ်ိဳေမတို႔အႀကိဳက္ဆုံး နည္းလမ္းပဲျဖစ္ပါတယ္။ ဆန္ေဆးေရနဲ႔ မ်က္ႏွာသစ္ျခင္းက ဂ်ပန္အမ်ိဳးသမီးေတြရဲ႕ အလွအပလွ်ိဳ႕ဝွက္ခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

ဆန္ေဆးေရနဲ႔ မ်က္ႏွာသစ္ေပးျခင္းျဖင့္ မ်က္ႏွာအသားအေရကို တင္းရင္းေစျခင္း၊ ေခြၽးေပါက္မ်ားကို က်ဥ္းေစျခင္း၊ မ်က္ႏွာအသားအေရကို ျဖဴဝင္းလာေစျခင္း ၊ ဝက္ျခံမ်ားကို သက္သာေပ်ာက္ကင္းေစျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရ႐ွိေစႏိုင္ပါတယ္။

ဆန္ေဆးေရမွာ ဗီတာမင္ဓါတ္အမ်ားအျပားပါ႐ွိတာမို႔ ေနေရာင္ျခည္ဒဏ္ကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ တိုနာေနရာမွာလည္း အစားထိုး အသုံးျပဳႏိုင္ပါတယ္။

အသုံးျပဳပုံ

ညအိပ္ရာဝင္ကာနီး ဆန္ေဆးေရကို ဂြမ္းစေလးနဲ႔ မ်က္ႏွာကို သုတ္လိမ္းေပးပါက ေခြၽးေပါက္မ်ားကို က်ဥ္းေစႏိုင္ၿပီး ဆန္ေဆးေရ တစ္ဆ၊ ပ်ားရည္ တစ္ဆ၊ ေရေႏြးႏွစ္ဆ ေရာၿပီး ၅ မိနစ္ၾကာ မ်က္ႏွာသစ္ေပးရင္လည္း အသားအေရကို ေခ်ာေမြ႕ေစပါတယ္။ ဆန္ေဆးေရကို ဝက္ျခံ႐ွိတဲ့ ဖု၊ အနီစက္ေတြေပၚလိမ္းေပးျခင္းျဖင့္ ဝက္ျခံမ်ားကို သက္သာေပ်ာက္ကင္းေစပါတယ္။

(၃)ဟင္းသီးဟင္း႐ြက္မ်ား႐ွိ အဆိပ္အေတာက္ေတြကို ေျပေစျခင္း

အိမ္႐ွင္မေတြ အသီးအ႐ြက္ေတြ မေၾကာ္ခ်က္ခင္ ဆားေရ စိမ္ေပးသလို ဟင္းသီးဟင္း႐ြက္ေတြကို မခ်က္ျပဳတ္ခင္ ဆန္ေဆးေရနဲ႔ ေဆးေၾကာေပးလွ်င္လည္း ဟင္းသီးဟင္း႐ြက္မွာ ႐ွိတဲ့ အဆိပ္အေတာက္ေတြကိုေျပေစႏိုင္ပါတယ္။

ဆန္ေဆးေရထဲသို႔ ဆားထည့္ၿပီး ဟင္းသီးဟင္း႐ြက္မ်ားစိမ္ေပးပါက အသီးအ႐ြက္႐ွိ အဆိပ္အေတာက္မ်ားကို ေျပေစႏိုင္ပါတယ္။

(၄)ဆားငန္ေနေသာ ငါးေျခာက္ေတြကို အငန္ဓါတ္ေလွ်ာ့ေပးျခင္း

ေဈးထဲက ဝယ္လာတဲ့ ငါးေျခာက္ေတြ အရမ္းငန္ေနလို႔ စားမျဖစ္ေတာ့ဘူးဆိုၿပီး ပစ္မထားပါနဲ႔။ဆားအရမ္းငန္ေနတဲ့ ငါးေျခာက္ေတြကို ဆန္ေဆးေရစိမ္ေပးပါက အငန္ဓါတ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

(၅)ဝါးမွ်စ္မ်ား အဆိပ္သင့္မႈကို ေလ်ာ့က်ေစျခင္း

အဆိပ္သင့္ေစတဲ့ အက္စစ္ပါတဲ့ ဝါးမွ်စ္ေတြကို မစားသုံးခင္ ဆန္ေဆးေရနဲ႔ စိမ္ေပးရင္လည္း ဝါးမွ်စ္ေတြမွာပါတဲ့ အဆိပ္သင့္မႈကို ေလ်ာ့က်ေစပါတယ္။

(၆)ငါးညႇီနံ႔ ေပ်ာက္ေစျခင္း

ငါးညႇီနံ႔ နံေနတဲ့ ငါးဟင္းကို မစားခ်င္ျဖစ္ေနပါသလား။ ငါးဟင္ေတြ ငါးညႇီနံ႔ကင္းေစဖို႔ ငါးဟင္းကို မခ်က္မီ ဆန္ေဆးေရထဲကို ဆားထည့္ၿပီး ငါးေတြကို မိနစ္(၃၀) စိမ္ေပးျခင္းျဖင့္ ငါးညႇီနံ႔ေတြကို ေပ်ာက္ေစပါတယ္။

ဆန္ေဆးေရမွာ အထက္ပါအခ်က္မ်ားအျပင္ ဝမ္းေလွ်ာျခင္း၊ အစားအိမ္ေရာဂါမ်ားကို သက္သာေပ်ာက္ကင္းေစျခင္း စတဲ့အက်ိဳးေက်းဇူးမ်ားကို ရ႐ွိေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိအိမ္မွာ အလြယ္တကူရေနတဲ့ ဆန္ေဆးေရကို မသြန္ပစ္ဘဲ အက်ိဳး႐ွိ႐ွိ အသုံးျပဳဖို႔ အၾကံေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service