နေပြည်တော်ရှိ ပထမအဆင့်ဆောက်လုပ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉)လုံးရှိ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ် အခန်းများ၏ မဲနှိုက်နေရာချထားမှုကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ Facebook Page မှ ထုတ်လွှင့်မည် - Property News in Myanmar from iMyanmarHouse.com
1548 Views

နေပြည်တော်ရှိ ပထမအဆင့်ဆောက်လုပ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉)လုံးရှိ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ် အခန်းများ၏ မဲနှိုက်နေရာချထားမှုကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ Facebook Page မှ ထုတ်လွှင့်မည်

[Unicode]

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး)တွင် ပထမအဆင့် ဆောက်လုပ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉)လုံးမှ ဝယ်ယူပြီး ပထမထပ်အခန်း ၁၄၈ ခန်းကို စက်တင်ဘာ ၁၇ ရက်တွင် လည်းကောင်း၊ ဒုတိယထပ်အခန်း ၁၂၄ ခန်းနှင့် တတိယထပ်အခန်း ၁၁ခန်း တို့ကို စက်တင်ဘာ ၁၈ ရက်တွင်လည်းကောင်း မဲနှိုက် နေရာချထားမှုများ နေပြည်တော် စည်ပင်သာယာရေးကော်မတီ Facebook Page မှ ထုတ်လွှင့်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်က အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက် ၃၉ လုံး၏ မြေညီထပ် အခန်း ၁၅၆ ခန်းကို အခန်းဝယ်ယူခွင့်ရရှိသူများ ကိုယ်စား အငြိမ်းစားဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးဦးစီး ကော်မတီက မဲနှိုက်၍ နေရာချထားမှုများ ဆောင်ရွက်ခဲ့ပြီး မဲပေါက်သူများ၏ တိုက်နံပါတ်နှင့် အခန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ Facebook Page တွင် ကြေညာပေးထားသည်ကိုလည်း တွေ့ရသည်။

မြေညီထပ်နှင့်ပထမထပ်က ရောင်းကုန်ပြီ ဖြစ်ကြောင်းသိရသည်။ ဒုတိယထပ်နှင့်တတိယထပ်များမှာ ရောင်းရန်ကျန်ရှိနေသေးကြောင်း၊ မဲနှိုက်ပြီးသားအခန်းမျာကို အောက်တိုဘာလတွင် အပ်နိုင်ဖို့ ကြိုးစားနေကြောင်းသိရသည်။

အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာစီမံကိန်းကို ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေး မြို့မဈေးအနီးရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၂၀၀ အနက်မှ မြေဧက ၇၀ ပေါ်တွင် တည်ဆောက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် တိုက်ခန်းပေါင်း ၃၀၀၀ ကျော်ကို စတင်တည်ဆောက်နေပြီး ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါအိမ်ရာရှိ တိုက်များမှာ လေးခန်းတွဲ၊ လေးထပ်ပုံစံဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၅၀ ရှိပြီး အိပ်ခန်းနှစ်ခန်း၊ဧည့်ခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ဝရန်တာနှင့် အရေးပေါ်လှေကားတို့ကိုထည့်သွင်းတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနျပည္ေတာ္ရွိ ပထမအဆင့္ေဆာက္လုပ္သည့္ အၿငိမ္းစားဝန္ထမ္းအိမ္ရာ တိုက္(၃၉)လုံးရွိ ပထမထပ္၊ ဒုတိယထပ္ႏွင့္ တတိယထပ္ အခန္းမ်ား၏ မဲႏိႈက္ေနရာခ်ထားမႈကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ Facebook Page မွ ထုတ္လႊင့္မည္

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေဘး (ၿမိဳ႕မေဈးအနီး)တြင္ ပထမအဆင့္ ေဆာက္လုပ္သည့္ အၿငိမ္းစားဝန္ထမ္းအိမ္ရာ တိုက္(၃၉)လုံးမွ ဝယ္ယူၿပီး ပထမထပ္အခန္း ၁၄၈ ခန္းကို စက္တင္ဘာ ၁၇ ရက္တြင္ လည္းေကာင္း၊ ဒုတိယထပ္အခန္း ၁၂၄ ခန္းႏွင့္ တတိယထပ္အခန္း ၁၁ခန္း တို႔ကို စက္တင္ဘာ ၁၈ ရက္တြင္လည္းေကာင္း မဲႏွိုက္ ေနရာခ်ထားမႈမ်ား ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ Facebook Page မွ ထုတ္လႊင့္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

စက္တင္ဘာ ၁၆ ရက္က အဆိုပါ နိုင္ငံ့ဝန္ထမ္းအိမ္ရာ တိုက္ ၃၉ လုံး၏ ေျမညီထပ္ အခန္း ၁၅၆ ခန္းကို အခန္းဝယ္ယူခြင့္ရရွိသူမ်ား ကိုယ္စား အၿငိမ္းစားဝန္ထမ္းအိမ္ရာမ်ား တည္ေဆာက္ေရးဦးစီး ေကာ္မတီက မဲႏွိုက္၍ ေနရာခ်ထားမႈမ်ား ေဆာင္ရြက္ခဲ့ၿပီး မဲေပါက္သူမ်ား၏ တိုက္နံပါတ္ႏွင့္ အခန္းမ်ားကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ Facebook Page တြင္ ေၾကညာေပးထားသည္ကိုလည္း ေတြ႔ရသည္။

ေျမညီထပ္ႏွင့္ပထမထပ္က ေရာင္းကုန္ၿပီ ျဖစ္ေၾကာင္းသိရသည္။ ဒုတိယထပ္ႏွင့္တတိယထပ္မ်ားမွာ ေရာင္းရန္က်န္ရွိေနေသးေၾကာင္း၊ မဲႏွိုက္ၿပီးသားအခန္းမ်ာကို ေအာက္တိုဘာလတြင္ အပ္နိုင္ဖို႔ ႀကိဳးစားေနေၾကာင္းသိရသည္။

အၿငိမ္းစားနိုင္ငံ့ ဝန္ထမ္းအိမ္ရာစီမံကိန္းကို ဇမၺဴသီရိၿမိဳ႕နယ္ သုခသိဒၶိ ရပ္ကြက္ ပ်ဥ္းမနား-ေတာင္ညိဳလမ္းေဘး ၿမိဳ႕မေဈးအနီးရွိ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ ေျမဧက ၂၀၀ အနက္မွ ေျမဧက ၇၀ ေပၚတြင္ တည္ေဆာက္လ်က္ရွိၿပီး ပထမအဆင့္အေနျဖင့္ တိုက္ခန္းေပါင္း ၃၀၀၀ ေက်ာ္ကို စတင္တည္ေဆာက္ေနၿပီး ၇၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။

အဆိုပါအိမ္ရာရွိ တိုက္မ်ားမွာ ေလးခန္းတြဲ၊ ေလးထပ္ပုံစံျဖစ္ၿပီး အခန္းအက်ယ္အဝန္းမွာ စတုရန္းေပ ၆၅၀ ရွိၿပီး အိပ္ခန္းႏွစ္ခန္း၊ဧည့္ခန္း၊ မီးဖိုေဆာင္၊ ေရခ်ိဳးခန္း၊ အိမ္သာ၊ ဝရန္တာႏွင့္ အေရးေပၚေလွကားတို႔ကိုထည့္သြင္းတည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service