COVID-19 ကာကွယ်ဆေးများကို BioNTech နှင့် Pfizer တို့မှ ဥရောပကော်မရှင် မှာယူမည်

COVID-19 ကာကွယ်ဆေးများကို BioNTech နှင့် Pfizer တို့မှ ဥရောပကော်မရှင် မှာယူမည် - Property News in Myanmar from iMyanmarHouse.com
12 Sep 2020 10:43 am တွင် တင်ခဲ့သည်
1967 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥရောပကော်မရှင် (အီးစီ) သည် ဂျာမနီဆေးကုမ္ပဏီ BioNTech SE နှင့် အမေရိကန်ဆေးကုမ္ပဏီ Pfizer တို့ထံမှ အလားအလာရှိသော COVID-19 ကာကွယ်ဆေးတစ်မျိုးကို အလုံးရေ သန်း ၂၀၀ မှာယူရန် စီစဉ်နေကြောင်း စက်တင်ဘာ ၉ က ထွက်ရှိခဲ့သည့် ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

ထိုစမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေး BNT162 အား ကို ဥ‌ရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများအတွက် အလုံးရေ သန်း ၁၀၀ သက်သက်ဝယ်ယူနိုင်ခွင့်လည်း ထိုသဘောတူညီချက်တွင် ပါဝင်ကြောင်း ၎င်းထုတ်ပြန်ချက်ပါ အဆိုပါကုမ္ပဏီများ၏ ပြောကြားချက်များအား ကိုးကား၍ ဆင်ဟွာသတင်းဌာနက အစီရင်ခံဖော်ပြခဲ့သည်။

“ဒီကနေ့အထိ လက်ခံရသမျှ အော်ဒါတွေထဲမှာ အကြီးဆုံးသော ကနဦးအော်ဒါဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ဥရောပကော်မရှင်နဲ့ ဆွေးနွေးဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။” ဟု BioNTech ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် အူဂါဆာဟင်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွက် ကာကွယ်ဆေးများကို ဂျာမနီရှိ BioNTech စက်ရုံများနှင့် ဘယ်လ်ဂျီယံရှိ Pfizer ထုတ်ကုန်ထုတ်လုပ်ရာနေရာတို့တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ဆိုသည်။

ထိုအလားအလာရှိ COVID-19 ကာကွယ်ဆေးများကို ၂၀၂၀ ပြည့်နှစ်ကုန်တွင် စတင်ပေးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

“လက်တွေ့စမ်းသပ်မှုတွေ အောင်မြင်ပြီး အစိုးရခွင့်ပြုချက်ရပြီဆိုတာနဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေကို အမြန်ဆုံးစတင်နိုင်ဖို့အတွက် အထူးသဖြင့် ဘယ်လ်ဂျီယံမှာရှိတဲ့ ကျွန်တော်တို့ရဲ့နေရာကို နှိုးဆော်ထားပါတယ်။” ဟု Pfizer ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ အဲလ်ဘတ်ဘူလာက ပြောကြားခဲ့သည်။

ထိုကာကွယ်ဆေးအား ပါဝင်သူ ၃၀,၀၀၀ ဖြင့် ကမ္ဘာ့စမ်းသပ်မှုကို ဇူလိုင်ကတည်းက စတင်နေခဲ့ပြီဖြစ်သည်။

နောက်အဆင့်လက်တွေ့စမ်းသပ်မှုတွင် ပါဝင်လိုကြောင်း လျှောက်ထားသူဦးရေသည် ယခုအခါ ၂၅,၀၀၀ ကျော်နေပြီဖြစ်ကြောင်းလည်း ထိုကုမ္ပဏီများက မှတ်ချက်ပြုခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကလည်း BioNTech နှင့် Pfizer တို့နှင့် သဘောတူစာချုပ်ချုပ်ဆိုခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ထိုကုမ္ပဏီနှစ်ခုသည် အလားအလာရှိကာကွယ်ဆေးများနှင့်ပတ်သက်၍ သူတို့သဘောတူစာချုပ်ချုပ်ခဲ့သည့် ခြောက်ခုမြောက်ဆေးကုမ္ပဏီများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: European Commission to order COVID-19 vaccines from BioNtech, Pfizer (xinhuanet)

[Zawgyi]

COVID-19 ကာကြယ္ေဆးမ်ားကို BioNTech ႏွင့္ Pfizer တို႔မွ ဥေရာပေကာ္မရွင္ မွာယူမည္

ဥေရာပေကာ္မရွင္ (အီးစီ) သည္ ဂ်ာမနီေဆးကုမၸဏီ BioNTech SE ႏွင့္ အေမရိကန္ေဆးကုမၸဏီ Pfizer တို႔ထံမွ အလားအလာရွိေသာ COVID-19 ကာကြယ္ေဆးတစ္မ်ိဳးကို အလုံးေရ သန္း ၂၀၀ မွာယူရန္ စီစဥ္ေနေၾကာင္း စက္တင္ဘာ ၉ က ထြက္ရွိခဲ့သည့္ ထုတ္ျပန္ခ်က္တစ္ရပ္အရ သိရသည္။

ထိုစမ္းသပ္ဆဲ COVID-19 ကာကြယ္ေဆး BNT162 အား ကို ဥ‌ေရာပသမဂၢ (အီးယူ) အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ အလုံးေရ သန္း ၁၀၀ သက္သက္ဝယ္ယူႏိုင္ခြင့္လည္း ထိုသေဘာတူညီခ်က္တြင္ ပါဝင္ေၾကာင္း ၎ထုတ္ျပန္ခ်က္ပါ အဆိုပါကုမၸဏီမ်ား၏ ေျပာၾကားခ်က္မ်ားအား ကိုးကား၍ ဆင္ဟြာသတင္းဌာနက အစီရင္ခံေဖာ္ျပခဲ့သည္။

“ဒီကေန႔အထိ လက္ခံရသမွ် ေအာ္ဒါေတြထဲမွာ အႀကီးဆုံးေသာ ကနဦးေအာ္ဒါျဖစ္ပါလိမ့္မယ္။ အခုလိုမ်ိဳး ဥေရာပေကာ္မရွင္နဲ႔ ေဆြးေႏြးေဆာင္႐ြက္ခြင့္ရတဲ့အတြက္ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္။” ဟု BioNTech ၏ ပူးတြဲတည္ေထာင္သူႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ အူဂါဆာဟင္းက ေျပာၾကားခဲ့သည္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ ကာကြယ္ေဆးမ်ားကို ဂ်ာမနီရွိ BioNTech စက္႐ုံမ်ားႏွင့္ ဘယ္လ္ဂ်ီယံရွိ Pfizer ထုတ္ကုန္ထုတ္လုပ္ရာေနရာတို႔တြင္ ထုတ္လုပ္မည္ျဖစ္ေၾကာင္း ယင္းကုမၸဏီမ်ားက ဆိုသည္။

ထိုအလားအလာရွိ COVID-19 ကာကြယ္ေဆးမ်ားကို ၂၀၂၀ ျပည့္ႏွစ္ကုန္တြင္ စတင္ေပးပို႔ရန္ စီစဥ္ထားေၾကာင္း သိရသည္။

“လက္ေတြ႕စမ္းသပ္မႈေတြ ေအာင္ျမင္ၿပီး အစိုးရခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ ကာကြယ္ေဆးထုတ္လုပ္မႈေတြကို အျမန္ဆုံးစတင္ႏိုင္ဖို႔အတြက္ အထူးသျဖင့္ ဘယ္လ္ဂ်ီယံမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ေနရာကို ႏႈိးေဆာ္ထားပါတယ္။” ဟု Pfizer ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ဥကၠ႒ အဲလ္ဘတ္ဘူလာက ေျပာၾကားခဲ့သည္။

ထိုကာကြယ္ေဆးအား ပါဝင္သူ ၃၀,၀၀၀ ျဖင့္ ကမာၻ႔စမ္းသပ္မႈကို ဇူလိုင္ကတည္းက စတင္ေနခဲ့ၿပီျဖစ္သည္။

ေနာက္အဆင့္လက္ေတြ႕စမ္းသပ္မႈတြင္ ပါဝင္လိုေၾကာင္း ေလွ်ာက္ထားသူဦးေရသည္ ယခုအခါ ၂၅,၀၀၀ ေက်ာ္ေနၿပီျဖစ္ေၾကာင္းလည္း ထိုကုမၸဏီမ်ားက မွတ္ခ်က္ျပဳခဲ့သည္။

ဥေရာပေကာ္မရွင္ဥကၠ႒ Ursula von der Leyen ကလည္း BioNTech ႏွင့္ Pfizer တို႔ႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရသည့္အတြက္ ဝမ္းေျမာက္ေၾကာင္းႏွင့္ ထိုကုမၸဏီႏွစ္ခုသည္ အလားအလာရွိကာကြယ္ေဆးမ်ားႏွင့္ပတ္သက္၍ သူတို႔သေဘာတူစာခ်ဳပ္ခ်ဳပ္ခဲ့သည့္ ေျခာက္ခုေျမာက္ေဆးကုမၸဏီမ်ားျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟုလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: European Commission to order COVID-19 vaccines from BioNtech, Pfizer (xinhuanet)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
bkk-projects
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service