သင့်အိမ်မှာ ၃မိနစ် ရေနွေးအိုး အသုံးပြုနေလျှင် ၁၅ စက္ကန့်လောက် ဒီလို စစ်ဆေးကြည့်ပေးပါ - Property Knowledge in Myanmar from iMyanmarHouse.com
7474 Views
သင့်အိမ်မှာ ၃မိနစ် ရေနွေးအိုး အသုံးပြုနေလျှင် ၁၅ စက္ကန့်လောက် ဒီလို စစ်ဆေးကြည့်ပေးပါ
Knowledge | Posted by Shwe Zin Win
[Unicode]
ကျွန်တော် နဲ့ တရုတ်ရေနွေးအိိုး…၃ မိနစ်အိုးလို့ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ၃ထောင်တန်လောက် ရေနွေးအိုးတွေ မျက်လုံးထဲပြေးမြင်မိတယ်။တန်လည်း တန်တာကိုး…ကျွန်တော်လည်း ၃ထောင်တန်ပဲသုံးတယ်လေ။အဲ့ပြဿနာက ကိိုယ်တွေ့မှကိိုယ်တွေ့စစ်စစ်….ဇာတ်လမ်းစပြောရရင် တစ်ညပေါ့ဗျာ။ ရေနွေးသောက်မယ်ဆိိုပြီး ၃မိနစ်အိုးလေးကိို ခလုတ်တန်းဖွင့်လိုက်တာပေါ့။အရင်ကလည်း အဲ့လိိုပဲ သုံးနေကြလေ။ Plug ကို တန်းထိုးထားပြီး ရေနွေးအိုးအတွက် သီးသန့် Socket တစ်ခု နဲ့ switch တစ်ခု ထားပေး ထားတာကိုး။အိမ်မှာက RCBO ရော sub MCB တွေပါ ခံထားတော့ ဘာမှစိတ်မပူရဘူးလေ။
ရာဇာနေဝင်းလိိုပြောရရင် မျက်စိမှိတ်လို့ လက်နဲ့ကိိုင်တောင် မင်းအတွက်ဘေးကင်းဆဲ….ဟီး…. ဇာတ်လမ်းပြန်ဆက်ရရင်…မိနစ်ပိုင်းလေးအတွင်းမှာပဲ ခွက်အောက်ကနေ မီးတောက်တွေ ဝုန်းခနဲ ထတောက်လာရော… အဲ့မီးတောက်မြင်တော့မှ ခွက်ကိုယူပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်တာပေါ့။ဘယ်က စဖြစ်တာမှန်းမသိတော့လောက်အောင်ကိို အတွေးတွေစုံသွားတယ်။ Shock ဖြစ်ရင်လည်း Breaker တွေတန်းစီကျမှာလေနော့…ပြန်တွေးကြည့်တော့မှ ရေနွေးအိုးထဲမှာ ရေရှိ မရှိ သတိမထားမိဘဲ switch on မိလိုက်တာပဲဗျ။စိတ်နည်းနည်း ငြိမ်တော့မှ ရေနွေးအိုးလေးကို သွားပြန်ကောက်။ အဖုံးဖွင့်ကြည့်တော့မှ အပူပေးတဲဲ့ Heating Element က ထလောင်တာတဲ့ဗျား။
ရော်…. အမှန်တကယ်ဆိုရင် ရေနွေးအိုးမှာ ပူလာရင်ဖြတ်ဖိို့ Thermostat နှစ်ခုပါရတယ်ဗျ။တစ်ခုက လက်ကိုင်က Switch မှာ…ရေနွေးတွေဆူရင် အပူငွေ့တွေက လက်ကိိုင်က တဆင့် Thermostatကို ပိတ်ပေးမှာ။ နောက်တစ်ခုက အိုးဖင်မှာ… အိုးအရမ်းပူလာရင် Auto ဖြတ်ပေးဖို့။အဲ့တော့ ကျွန်တော့်အခြေအနေအရ…. ရေမရှိရင်တောင် အိုးပူရင် အိုးဖင်က Thermostat က ဖြတ်ပေးရမှာလေ။အခုတော့ Heating element က မီးထလောင်ရတယ်လိို့ မကြားဖူးပေါင်ဗျာ။
အဲ့အခြေအနေကို သုံးသပ်ကြည့်ရင်
၁ ။ အိမ်မှာ လျှပ်စစ်ကို စိတ်ချရအောင် RCBO တွေ MCB တွေ တပ်ထားပေမယ့် အပူကနေပြီးတော့ ဘေးကိုလိုက်လောင်မယ့် အနေအထားကို သူတို့ မကာကွယ်ပေးနိုင်ဘူး။
၂။ ရေနွေးအိုးတည်တာမှာလည်း ၃ မိနစ်နေရင် ပိတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို မယုံကြည်ရတာမျိုး။
၃။ Quality နိမ့်တဲ့ ပစ္စည်းမျိုးတွေပဲ အဟုတ်ကြီးထင်ပြီး သုံးနေမိတာမျိုးပေါ့။
အဲ့တော့ ဒီ Post ကိို ဖတ်နေတဲ့အထဲမှာ အိမ်ရှင်မတွေပါနေခဲ့ရင် အကြံတစ်ခုပေးချင်ပါတယ်။ကိိုယ့်အိမ်က ၃မိနစ်အိုးကို ပြန်စမ်းကြည့်ပါ။ဘယ်လိုစမ်းရမလဲဆိုတော့ ၃ မိနစ်အိုးထဲ ဘာရေမှမထည့်ဘဲ ၁၅ စက္ကန့်လောက် ဖွင့်ထားကြည့်ပါ။သူ့အလိိုလိုပြန်ပိတ်သွားခဲ့ရင်တော့ အိုးပူရင် ပြန်ပိတ်ပါတယ်ဆိုပြီး စိတ်ချလို့ရပါတယ်။မပိတ်ရင်တော့ Quality ကောင်းတာလေးတွေပဲ ထပ်ဝယ်သုံးကြပါလို့ အကြံပေးချင်ပါတယ်။ဒီ Post ကိိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လောင်သမျှမီးကို ဝိိုင်ယာရှော့ဝိုင်ယာရှော့ဆိုပြီး ပြောခံနေရတာကို ခံပျင်းတာရယ် ကိုယ်တွေလိုမျိုး အရည်းအသွေးမပြည့်မီတဲ့ပစ္စည်းတွေကို သုံးနေရတဲ့ အိမ်ထောင်စုတွေ မီးဘေးအန္တရာယ်ကနေ ဝေးဖိို့အတွက်ပဲ ရည်ရွယ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Hein Zaw Htet
[Zawgyi]
Credit: Hein Zaw Htet
ရောင်းရန်ရှိသော အိမ်ခြံမြေများ
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service