COVID-19 ကုစားရေးချေးငွေ ဒုတိယအကြိမ်ထုတ်ပေးရာတွင် မြန်ဆန်ရေး ပုဂ္ဂလိဘဏ် (၈) ခုက ကူညီမည် - Property News in Myanmar from iMyanmarHouse.com
875 Views

COVID-19 ကုစားရေးချေးငွေ ဒုတိယအကြိမ်ထုတ်ပေးရာတွင် မြန်ဆန်ရေး ပုဂ္ဂလိဘဏ် (၈) ခုက ကူညီမည်

[Unicode]

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုကုစားရေးအတွက် ချေးငွေလျှောက်ထားရာတွင် ယခင်ထက် နှစ်ဆခွဲပိုများ၍ ချေးငွေမြန်ဆန်စွာထုတ်ပေးရန် ပုဂ္ဂလိကဘဏ် ၈ ခုက ကူညီမည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်သည်။

ယခုချေးငွေလျှောက်ထားမှုကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၁၀ ရက် အထိ လက်ခံရာတွင် လျှောက်လွှာပေါင်း တစ်သောင်းကျော်လက်ခံရရှိခဲ့သည်ဟု ကော်မတီကဆိုသည်။

ထိုပမာဏသည် ယခင်ပထမအကြိမ်ချေးငွေလျှောက်ထားမှုထက် နှစ်ဆခွဲခန့် ပိုများလာခြင်းဖြစ်သည်ဟုဆိုသည်။ ချေးငွေလျှောက်လွှာများကို ကုန်သည်စက်မှုအသင်းချုပ်မှာ လျှောက်လွှာ ၁၅၀၀ကျော်၊ အွန်လိုင်းမှာ ၁၀၀၀ ခန့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ကုန်သည်စက်မှုအသင်းများက လျှောက်လွှာ ၇၆၀၀ကျော် လျှောက်ထားကြသည်ဟု ကော်မတီကထုတ်ပြန်သည်။

ထိုလျှောက်လွှာများကို ချေးငွေများ မြန်ဆန်စွာထုတ်ပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ် ၈ ခု ကလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

ဒုတိယအကြိမ် ကိုဗစ်ကုစားရေး ထပ်တိုး ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများအား ဦးစားပေး ချေးမည်ဟု ကြေညာထားသည်။

ထိုစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းနှင့်ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည် ဖြစ်သည်။

ယခင်က ကိုဗစ်ချေးငွေကို ဦးစားပေးကဏ္ဍအဖြစ် အသေးစားနှင့် အလတ်စား (SME)လုပ်ငန်းများ၊ လက်ခစားလုပ်ငန်းများ (CMP)၊ ဟိုတယ်နှင့် ခရီးသွား စသည့်လုပ်ငန်းများအား ထုတ်ချေးခဲ့ပြီး ဖြစ်သည်။

ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သော COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးတွင် ဒုတိယအသုတ်ချေးငွေ အတွက် ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံနှင့် တတိယအရစ် ကျပ် ၃၀ ဘီလီယံ အစီအစဉ်အတိုင်းခွဲဝေအသုံးပြုသွားမည် ဖြစ်ကြောင်း ကော်မတီဥက္ကဌ ဦးသောင်းထွန်းက ဇူလိုင် ၂၃ ရက်က ပြောကြားထားသည်။

ပထမအကြိမ် ကိုဗစ် ချေးငွေကျပ် ဘီလီယံ ၁၀၀ အား ဧပြီလမှ ဇွန်လအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် လက်ခစား စနစ်ဖြင့် ဆောင်ရွက်သည့် အထည်ချုပ်လုပ်ငန်းများ (CMP) စုစုပေါင်း ၃၃၀၀ ကျော်အား ၇ သုတ် ခွဲ၍ ထုတ်ချေးပြီး ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကုစားေရးေခ်းေငြ ဒုတိယအႀကိမ္ထုတ္ေပးရာတြင္ ျမန္ဆန္ေရး ပုဂၢလိဘဏ္ (၈) ခုက ကူညီမည္

COVID-19 ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈကုစားေရးအတြက္ ေခ်းေငြေလွ်ာက္ထားရာတြင္ ယခင္ထက္ ႏွစ္ဆခြဲပိုမ်ား၍ ေခ်းေငြျမန္ဆန္စြာထုတ္ေပးရန္ ပုဂၢလိကဘဏ္ ၈ ခုက ကူညီမည္ဟု COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက သတင္းထုတ္ျပန္သည္။

ယခုေခ်းေငြေလွ်ာက္ထားမႈကို ဇူလိုင္ ၂၉ ရက္မွ ဩဂုတ္ ၁၀ ရက္ အထိ လက္ခံရာတြင္ ေလွ်ာက္လႊာေပါင္း တစ္ေသာင္းေက်ာ္လက္ခံရ႐ွိခဲ့သည္ဟု ေကာ္မတီကဆိုသည္။

ထိုပမာဏသည္ ယခင္ပထမအႀကိမ္ေခ်းေငြေလွ်ာက္ထားမႈထက္ ႏွစ္ဆခြဲခန္႔ ပိုမ်ားလာျခင္းျဖစ္သည္ဟုဆိုသည္။ ေခ်းေငြေလွ်ာက္လႊာမ်ားကို ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ ေလွ်ာက္လႊာ ၁၅၀၀ေက်ာ္၊ အြန္လိုင္းမွာ ၁၀၀၀ ခန္႔ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ား ကုန္သည္စက္မႈအသင္းမ်ားက ေလွ်ာက္လႊာ ၇၆၀၀ေက်ာ္ ေလွ်ာက္ထားၾကသည္ဟု ေကာ္မတီကထုတ္ျပန္သည္။

ထိုေလွ်ာက္လႊာမ်ားကို ေခ်းေငြမ်ား ျမန္ဆန္စြာထုတ္ေပးႏိုင္ရန္ ျမန္မာ့စီးပြားေရးဘဏ္အျပင္ ပုဂၢလိကဘဏ္ ၈ ခု ကလည္း ပူးေပါင္းေဆာင္႐ြက္ေပးသြားမည္ဟုဆိုသည္။

ဒုတိယအႀကိမ္ ကိုဗစ္ကုစားေရး ထပ္တိုး ေခ်းေငြ က်ပ္ ဘီလီယံ ၁၀၀ ကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ေရလုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္း ႏွင့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ သင္တန္းေက်ာင္းမ်ားအား ဦးစားေပး ေခ်းမည္ဟု ေၾကညာထားသည္။

ထိုစီးပြားေရးလုပ္ငန္းမ်ားကို အတိုးႏႈန္း တစ္ရာခိုင္ႏႈန္းႏွင့္ေခ်းေငြကာလတစ္ႏွစ္သတ္မွတ္၍ ေခ်းေငြထုတ္ေပးသြားမည္ ျဖစ္သည္။

ယခင္က ကိုဗစ္ေခ်းေငြကို ဦးစားေပးက႑အျဖစ္ အေသးစားႏွင့္ အလတ္စား (SME)လုပ္ငန္းမ်ား၊ လက္ခစားလုပ္ငန္းမ်ား (CMP)၊ ဟိုတယ္ႏွင့္ ခရီးသြား စသည့္လုပ္ငန္းမ်ားအား ထုတ္ေခ်းခဲ့ၿပီး ျဖစ္သည္။

ဇူလိုင္ ၂၃ ရက္က ျပဳလုပ္ခဲ့ေသာ COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီ၏ အစည္းအေဝးတြင္ ဒုတိယအသုတ္ေခ်းေငြ အတြက္ က်ပ္ ၃၅ ဘီလီယံ၊ ဒုတိယအရစ္ က်ပ္ ၃၅ ဘီလီယံႏွင့္ တတိယအရစ္ က်ပ္ ၃၀ ဘီလီယံ အစီအစဥ္အတိုင္းခြဲေဝအသုံးျပဳသြားမည္ ျဖစ္ေၾကာင္း ေကာ္မတီဥကၠဌ ဦးေသာင္းထြန္းက ဇူလိုင္ ၂၃ ရက္က ေျပာၾကားထားသည္။

ပထမအႀကိမ္ ကိုဗစ္ ေခ်းေငြက်ပ္ ဘီလီယံ ၁၀၀ အား ဧၿပီလမွ ဇြန္လအတြင္း ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ား၊ စားေသာက္ဆိုင္၊ စားေသာက္ကုန္၊ လူသုံးကုန္၊ အေထြေထြ ကုန္ပစၥည္းထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းဆိုင္ရာ အေသးစားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းမ်ားႏွင့္ လက္ခစား စနစ္ျဖင့္ ေဆာင္႐ြက္သည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား (CMP) စုစုေပါင္း ၃၃၀၀ ေက်ာ္အား ၇ သုတ္ ခြဲ၍ ထုတ္ေခ်းၿပီး ျဖစ္ေၾကာင္း COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္ သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service