ဆင်စွယ်နှင့်ရှေးဟောင်းပစ္စည်းခြောက်မျိုးကို ပြည်ပတင်ပို့ခွင့်မပြုဟုဆို - Property News in Myanmar from iMyanmarHouse.com
2062 Views

ဆင်စွယ်နှင့်ရှေးဟောင်းပစ္စည်းခြောက်မျိုးကို ပြည်ပတင်ပို့ခွင့်မပြုဟုဆို

[Unicode]

ဆင်စွယ်နှင့်ရှေးဟောင်းပစ္စည်းများအပါအဝင် ကုန်ပစ္စည်းခြောက်မျိုးကို ပြည်ပတင်ပို့ခွင့်မကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထိုပစ္စည်းများကို ပင်လယ်ရေကြောင်း၊ နယ်စပ်နှင့် လေကြောင်းမှ တင်ပို့ခွင့်ပေးမည်မဟုတ်ကြောင်း အဆိုပါ ကြေငြာချက်တွင်ဖော်ပြထားသည်။

ထိုပစ္စည်း ၆မျိုးတွင် တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်း ၂ မျိုးဖြစ်သည့် စိန်နှင့် ရေနံစိမ်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းနှစ်မျိုးဖြစ်သည့် ဆင်စွယ်နှင့် ဆင်၊ မြင်းနှင့်ရှားပါးတိရစ္ဆာန်များ နှင့် အထွေထွေကုန် ပစ္စည်းများ ဖြစ်သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရှေးဟောင်းပစ္စည်းတို့ဖြစ်သည်။

“ပြည်ပပို့တာတွေကို ဖြေလျော့ပြီး နောက်ဆုံးတော့ မဖြစ်မနေတားရမယ့် ကုန်ပစ္စည်းတွေကိုပဲ ကျန်တော့တာပါ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးစိုင်းဝင်းကပြောသည်။

ထိုပစ္စည်းများအပြင် တည်ဆဲဥပဒေများအရ ပြည်ပတင်ပို့ခွင့်ပစ္စည်းများကိုလည်း တင်ပို့ခွင့်ပြုမဟုတ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနက ၁၉၉၉ ခုနှစ်တွင် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်မပြုသည်ကုန်ပစ္စည်း ၃၁ မျိုးနှင့် နယ်စပ်မှ တင်ပို့ခွင့်မပြုသည့် ပစ္စည်းများ ၃၂ မျိုးကို ထုတ်ပြန်ခဲ့သည်။ ထိုပစ္စည်းများကို ၂၀၁၈ တွင် စုစုပေါင်း ကုန်ပစ္စည်း ၁၅ မျိုးကို တင်ပို့ခွင့်မပေးကြောင်း ဖြေလျော့ပေးခဲ့ခြင်းဖြစ်သည်။

၁၉၉၉တွင် သတ်မှတ်ခဲ့သော ပြည်ပတင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်နှင်ဆန်ထွက်ပစ္စည်းများ၊ သကြား၊ မြေနှင့်မြေပဲဆီ ၊ နှမ်းနှင့်နှမ်းဆီ၊ ပန်းနှမ်း ၊ မုန့်ညှင်းဆီ၊ နေကြာဆီ၊ ဆီကြိတ်ဖက်၊ ဝါဂွမ်းနှင့်ဆက်စပ်ပစ္စည်းပါဝင်သည်။

တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်းများမှာ ရေနံ၊ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊စိန်၊ ခဲ၊ခဲမဖြူ၊ အဖြိုက်နက်၊ ခဲမဖြူအရော၊ ငွေ၊ကြေးနီ၊သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုများပါဝင်သည်။

တင်ပို့ခွင့်မရခဲ့သည့် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း ဆင်စွယ်၊ဆင်၊ ကျွဲ၊နွား၊မြင်းနှင့်ရှားပါး တိရစ္ဆာန်များနှင့် သားရေတို့ဖြစ်သည်။ အခြားတင်ပို့ခွင့်မရခဲ့သည့် ပစ္စည်းများမှာ ရေထွက်ပစ္စည်းများမှာ ပုဇွန်ဖွဲ၊ အထွေထွေပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းနှင့် လက်နက်ခဲယမ်းမီးကျောက် နှင့် သစ်တောထွက်ပစ္စည်းများမှာ ရာဘာနှင့်ကျွန်းသစ်တို့ဖြစ်သည်။

ဝန်ကြီးဌာန၏ ယခုကြေငြာချက်သည့် ၁၉၉၉တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်ကို ပယ်ဖျက်လိုက်သည်ဟုဝန်ကြီးဌာနကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဆင္စြယ္ႏွင့္ေ႐ွးေဟာင္းပစၥည္းေျခာက္မ်ိဳးကို ျပည္ပတင္ပို႔ခြင့္မျပဳဟုဆို

ဆင္စြယ္ႏွင့္ေ႐ွးေဟာင္းပစၥည္းမ်ားအပါအဝင္ ကုန္ပစၥည္းေျခာက္မ်ိဳးကို ျပည္ပတင္ပို႔ခြင့္မေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဩဂုတ္ ၁၇ ရက္စြဲျဖင့္ ထုတ္ျပန္သည္။

ထိုပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္း၊ နယ္စပ္ႏွင့္ ေလေၾကာင္းမွ တင္ပို႔ခြင့္ေပးမည္မဟုတ္ေၾကာင္း အဆိုပါ ေၾကျငာခ်က္တြင္ေဖာ္ျပထားသည္။

ထိုပစၥည္း ၆မ်ိဳးတြင္ တြင္းထြက္ပစၥည္းႏွင့္ ဓာတ္သတၱဳပစၥည္း ၂ မ်ိဳးျဖစ္သည့္ စိန္ႏွင့္ ေရနံစိမ္း၊ တိရစၧာန္ႏွင့္ တိရစၧာန္ထြက္ ပစၥည္းႏွစ္မ်ိဳးျဖစ္သည့္ ဆင္စြယ္ႏွင့္ ဆင္၊ ျမင္းႏွင့္႐ွားပါးတိရစၧာန္မ်ား ႏွင့္ အေထြေထြကုန္ ပစၥည္းမ်ား ျဖစ္သည့္ လက္နက္ခဲယမ္းမီးေက်ာက္ႏွင့္ ေ႐ွးေဟာင္းပစၥည္းတို႔ျဖစ္သည္။

“ျပည္ပပို႔တာေတြကို ေျဖေလ်ာ့ၿပီး ေနာက္ဆုံးေတာ့ မျဖစ္မေနတားရမယ့္ ကုန္ပစၥည္းေတြကိုပဲ က်န္ေတာ့တာပါ”ဟု ပို႔ကုန္လုပ္ငန္း႐ွင္တစ္ဦးျဖစ္သည့္ ဦးစိုင္းဝင္းကေျပာသည္။

ထိုပစၥည္းမ်ားအျပင္ တည္ဆဲဥပေဒမ်ားအရ ျပည္ပတင္ပို႔ခြင့္ပစၥည္းမ်ားကိုလည္း တင္ပို႔ခြင့္ျပဳမဟုတ္ေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။

ဝန္ႀကီးဌာနက ၁၉၉၉ ခုႏွစ္တြင္ ပင္လယ္ေရေၾကာင္းမွ တင္ပို႔ခြင့္မျပဳသည္ကုန္ပစၥည္း ၃၁ မ်ိဳးႏွင့္ နယ္စပ္မွ တင္ပို႔ခြင့္မျပဳသည့္ ပစၥည္းမ်ား ၃၂ မ်ိဳးကို ထုတ္ျပန္ခဲ့သည္။ ထိုပစၥည္းမ်ားကို ၂၀၁၈ တြင္ စုစုေပါင္း ကုန္ပစၥည္း ၁၅ မ်ိဳးကို တင္ပို႔ခြင့္မေပးေၾကာင္း ေျဖေလ်ာ့ေပးခဲ့ျခင္းျဖစ္သည္။

၁၉၉၉တြင္ သတ္မွတ္ခဲ့ေသာ ျပည္ပတင္ပို႔ခြင့္မျပဳသည့္ ကုန္ပစၥည္းမ်ားတြင္ လယ္ယာထြက္ကုန္မ်ားျဖစ္သည့္ ဆန္ႏွင္ဆန္ထြက္ပစၥည္းမ်ား၊ သၾကား၊ ေျမႏွင့္ေျမပဲဆီ ၊ ႏွမ္းႏွင့္ႏွမ္းဆီ၊ ပန္းႏွမ္း ၊ မုန္႔ညႇင္းဆီ၊ ေနၾကာဆီ၊ ဆီႀကိတ္ဖက္၊ ဝါဂြမ္းႏွင့္ဆက္စပ္ပစၥည္းပါဝင္သည္။

တြင္းထြက္ပစၥည္းႏွင့္ ဓာတ္သတၱဳပစၥည္းမ်ားမွာ ေရနံ၊ေက်ာက္မ်က္ရတနာ၊ ေ႐ႊ၊ ေက်ာက္စိမ္း၊ ပုလဲ၊စိန္၊ ခဲ၊ခဲမျဖဴ၊ အၿဖိဳက္နက္၊ ခဲမျဖဴအေရာ၊ ေငြ၊ေၾကးနီ၊သြပ္၊ ေက်ာက္မီးေသြးႏွင့္ အျခားသတၱဳမ်ားပါဝင္သည္။

တင္ပို႔ခြင့္မရခဲ့သည့္ တိရစၧာန္ႏွင့္တိရစၧာန္ထြက္ပစၥည္း ဆင္စြယ္၊ဆင္၊ ကြၽဲ၊ႏြား၊ျမင္းႏွင့္႐ွားပါး တိရစၧာန္မ်ားႏွင့္ သားေရတို႔ျဖစ္သည္။ အျခားတင္ပို႔ခြင့္မရခဲ့သည့္ ပစၥည္းမ်ားမွာ ေရထြက္ပစၥည္းမ်ားမွာ ပုဇြန္ဖြဲ၊ အေထြေထြပစၥည္းမ်ားမွာ ေ႐ွးေဟာင္းပစၥည္းႏွင့္ လက္နက္ခဲယမ္းမီးေက်ာက္ ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ားမွာ ရာဘာႏွင့္ကြၽန္းသစ္တို႔ျဖစ္သည္။

ဝန္ႀကီးဌာန၏ ယခုေၾကျငာခ်က္သည့္ ၁၉၉၉တြင္ ထုတ္ျပန္ခဲ့သည့္ ေၾကျငာခ်က္ကို ပယ္ဖ်က္လိုက္သည္ဟုဝန္ႀကီးဌာနကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 09 Jun To 06 Jul

The Vista Luxury Residence

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service