ရွှေဈေးနှုန်းတွေကျဆင်းရတဲ့ အကြောင်းအရင်း - Property News in Myanmar from iMyanmarHouse.com
1139 Views

ရွှေဈေးနှုန်းတွေကျဆင်းရတဲ့ အကြောင်းအရင်း

[Unicode]

ပြည်တွင်းမှာ မနေ့ကစပြီး ရွှေဈေးနှုန်းတွေ ပြန်လည်ကျဆင်းနေပါပြီ။

ရုရှားမှာ ကိုဗစ်ကာကွယ်ဆေးတွေ့ပြီဆိုတဲ့ဂယက်က ဒေါ်လာဝယ်လိုအားတက်ကာ ရွှေဈေးကျလာပြီး ဒီရိုက်ခတ်မှုက ပြည်တွင်းရွှေဈေးကွက်ကိုပါ ရိုက်ခတ်စေတာလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ကာကွယ်ဆေးတွေ့တာက စီးပွားရေးလုပ်ငန်းတွေပြန်လည် လည်ပတ်ဖို့ အခြေအနေကောင်းလာစေပြီး ငွေဖော်လိုတဲ့သူတွေအတွက် ရွှေထုတ်ရောင်းလာနိုင်ခြေများလာနိုင်တာကြောင့် ရွှေဈေးပြန်ကျလာတာလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိူးမြင့်ကပြောပါတယ်။

ဒါ့အပြင့် ရွှေအပါအဝင်လက်ဝတ်ရတနာပစ္စည်းတွေကို ကုန်သွယ်မှုပြုလုပ်ရာမှာ အသုံးပြုနေတဲ့ လိုင်စင်ကို LC စနစ်နဲ့ပြောင်းလဲပြီးခွင့်ပြုလိုက်တာကလည်းငွေကြေးခဝါချသူတွေနည်းပါးသွားတာကြောင့်ဈေးကွက်အတွင်း အဝယ်နည်းသွားပြီးဈေးပါကျဆင်းလာတာပါ။ ကုန်သွယ်ရေးဦးစီးဌာနက ရွှေနဲ့လက်ဝတ်ရတနာ ရွှေနဲ့ ပြုလုပ်တဲ့ အသုံးအဆောင်တွေတင်သွင်းရာမှာ သြဂုတ်လ၁၂ ရက်နေ့ကစတင်ပြီး ရွှေတင်သွင်းတင်ပို့မှုပြုလုပ်နေတဲ့လိုင်စင်စနစ်ကိုပြောင်းလဲလိုက်တာပါ။

ပြည်ပရွှေတင်ပို့ရာမှာ အရင်က လက်ငင်းငွေချေစနစ်ဖြစ်တဲ့ TT(tele graphic transfer) စနစ်နဲ့ ဘဏ်ငွေချေစနစ်ဖြစ်တဲ့ LC စနစ်ကိုပါခွင့်ပြုထားခဲ့ရာကနေ LC စနစ်တခုထဲနဲ့သာခွင့်ပြုတော့တာပါ။

ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက Grey List ထဲမှာပဲ ရှိနေသေးတာကြောင့် တရားမဝင်နည်းလမ်းနဲ့ငွေကြေးဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ LC စနစ်ကို ကျင့်သုံးရတာလို့ စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အရင်က ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကို ရွှေလက်ဝတ်ရတနာတွေ တင်ပို့ရာမှာ လက်ငင်းငွေချေစနစ် နဲ့အရောင်းအဝယ်လုပ်ခဲ့ပေမယ့်အခုတော့ဘဏ်အချင်းချင်းချိတ်ဆက်ငွေချေတဲ့စနစ်ကိုပြောင်းလဲဆောင်ရွက်နေတာပါ။

ရွှေကိုပြည်ပ တင်ပို့တာ ၊ တင်သွင်းတာကို ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလက ပထမဆုံးတရားဝင် ခွင့်ပြုခဲ့တာပါ။

အဲဒီနောက် ပြည်တွင်းကနေ ရွှေလက်ဝတ်ရတနာ တင်ပို့တာကို ခြောက်ကြိမ်လောက် ဆောင်ရွက်ပြီးပြီလို့ သိရပါတယ်။

ဒီကနေ့သြဂုတ်လ ၁၈ ရက်မွန်းလွဲပိုင်းရွှေဈေးကွက်မှာတော့ အခေါက်ရွှေဟာ တစ်ကျပ်သားကို ၁၂၉၂၅၀၀ ထိကျဆင်းလာပြီးဆက်လက်ကျဆင်းမယ့်အခြေအနေတွေရှိတယ်လို့ရွှေလုပ်ငန်းရှင်တွေကသုံးသပ်နေပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




ကာကွယ်ဆေးတွေ့တာက စီးပွားရေးလုပ်ငန်းတွေပြန်လည် လည်ပတ်ဖို့ အခြေအနေကောင်းလာစေပြီး ငွေဖော်လိုတဲ့သူတွေအတွက် ရွှေထုတ်ရောင်းလာနိုင်ခြေများလာနိုင်တာကြောင့် ရွှေဈေးပြန်ကျလာတာလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service