နို့တစ်စာ (ခေါ်) အကြောင်းကြားစာနှင့်ပတ်သက်၍သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
3367 Views

နို့တစ်စာ (ခေါ်) အကြောင်းကြားစာနှင့်ပတ်သက်၍သိထားသင့်သည့်အချက်များ

Knowledge | Posted by Zarni Kyaw

၁။ ဥပဒေတစ်ရပ်ရပ်အရ နို့တစ်စာပေးရန် လိုသည့်အမှုများတွင် နို့တစ်စာ မပေးလျှင် အမှုပလပ်ခံရနိုင်သည်။ နို့တစ်စာပေးရန် မလိုသည့် အမှုများတွင် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ရန် အလို့ငှားနို့တစ်ပေးသင့်ပါသည်။

၂။ ပုဒ်မ ၈၀ အရ လိုအပ်သည့် နို့တစ်စာမပေးက ပြည်သူ့ဝန်ထမ်းအပေါ်တရားမစွဲနိုင်။ နို့တစ်စာ မပေးဘဲ စွဲဆိုသောအမှုကို ပယ်ရန်ဖြစ်သည်။

၃။ တရားမမှုတွင် နို့တစ်ပေးရန် လိုအပ်က တစ်ဖက်အမှုသည်အား နို့တစ်ပေးရပါမည်။ တချို့အမှုများတွင် နို့တစ်မပို့က တရားစွဲဆို၍မရပါ။ (အမိန့် ၆၊ နည်း ၆)

၄။ အစိုးရအပေါ် စွဲဆိုသော တရားမမှုများတွင် တရားမကျင့်ထုံးပုဒ်မ - ၈၀ အရ နို့တစ်ပေးရပါမည်။ နို့တစ်ပေးပြီး ၂လ ကုန်လွန်မှသာလျှင် တရာစွဲခွင့်ရှိပါသည်။ အစိုးရအနေနှင့်လည်း ခုခံချေပနိုင်သည်။ ( အမိန့် ၂၇၊ နည်း ၈)

၅။ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ (ချက်လက်မှတ် ဟွန်ဒီများ) နှင့် အိမ်ရှင်အိမ်ငှားနှင်လိုမှုများစသည် တို့တွင် မလွဲမသွေ နို့တစ်စာပေးရပါမည်။

၆။ အိမ်ရှင်အိမ်ငှားနှင်လိုမှုများတွင် ဥပဒေနှင့် အညီ နို့တစ်စာပေးရပါမည်။ ( ပစ္စည်းလွှဲပြောင်းအက်ဥပဒေ ပုဒ်မ ၁၀၆ ၊ ၁၁၁၊ ၁၁၃ နှင့် မြို့ ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၂ (၁) (က)။

၇။ တရားဝင်ယုံကြည်အပ်နှံခြင်းခံရသူ အပေါ်စွဲဆိုသော တရားမမှုတွင် တရားဝင်ယုံကြည်အပ်နှံခြင်းခံရသူ အပေါ် သက်သာခွင့် တောင်းဆိုထားခြင်းမရှိလျှင် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀ အရ နို့တစ်စာပေးရန်မလို။ ( တရားဝင်ယုံကြည်အပ်နှံရေးအက်ဥပဒေ ပုဒ်မ ၁၆)

၈။ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအရ အိမ်ငှား မြေငှားများက နှင်ထုတ်လို မှုများတွင် တရားမစွဲမိ နို့တစ်စာပေးပို့ရသည်။ ပုဒ်မ ၁၂ (၁) (က) (ပထမပိုင်း) အရ ငှားရမ်းခမပေး၍ နှင့်ထုတ် လိုမှုစွဲဆိုလိုလျှင် တရားမစွဲမီတောင်းဆိုသည့် နို့တစ်စာနှင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၆ အရ နို့တစ်စာ နှစ်ရပ်ပေါင်းနှင့် အညီပေးပို့ရန်လိုသည်။ ကျန်ပုဒ်မ ၁၂ (၁) (က) (ဒုတိယပိုင်း)၊ -၁၂ (၁) ( ဂ)၊ ( ဃ)၊ (င) နှင့် (စ) တစ်ခုခုအရ နှင်ထုတ်လိုမှုများတွင် တရားမစွဲမီ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၆ အရသာလျှင် နို့တစ်စာပေးပို့ရမည်။

၉။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၁၀၆ ပြဌာန်းချက်တွင် “အခြားနည်းဆန်ကျင့်ကွဲလွဲသည့် ပဋိညာဉ် ဒေသန္တရဆိုင်ဥပဒေ သို့မဟုတ် ဒေသအလိုက်ထုံးစံမရှိလျှင်” ဟု ပါရှိသည်။ ထိုသို့ ဆန့်ကျင်ကွဲလွဲသည့် ပဋိညာဉ် နှင့် ဥပဒေထုံးစံရှိလျှင်နို့တစ်စာကို နှစ်စဉ် ငှာရမ်းမူတွင် ၆ လ၊ လစဉ်ငှားရမ်းမူတွင် ၁၅ ရက် ကြိုတင် ပေးပို့ရမည်ဆိုသော ပြဋ္ဌာန်းချက်ကို လိုက်နာရန်မလိုပေ။ ထိုအခြေအနေမျိုးတွင် ပဋိညာဉ်ပါ နို့တစ်ပေးရန် သတ်မှတ်ထားသည့်အတိုင်း နို့တစ်ပေးရမည်။

၁၀။ ရှေ့နေနှင့် ကိုယ်စားလှယ်က နို့တစ်ပေးပို့နိုင်သည်။ ထိုသို့ပေးပို့ရာတွင်မည်သူ“ အခွင့်အာဏာ လွှဲအပ် ချက်အရ ပေးပို့ကြောင်း နို့တစ်စာတွင် ဖော်ပြရမည်။ ကိုယ်စား နို့တစ်စာပေးနိုင်ရန် အလို့ငှာ သီးခြားကိုယ်စား လှယ်လွှဲအပ်နိုင်သည်။ ကိုယ်စားလှယ်လွှဲအပ်ရာတွင် နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်းလွှဲအပ်နိုင် သည်ဟု ပဋိညာဉ်အက်ဥပဒေတွင်ပြဋ္ဌာန်းထားသည်။ကိုယ်စားလှယ်က အကြီးအကဲကိုယ်စား နို့တစ်စာ ပေးရာ တွင် အထူးကိုးစားလှယ်လွှဲစာ သို့မဟုတ် နို့တစ်စာပေးရန်အတွက် သီးခြားကိုယ်စားလှယ်လွှဲစာ ပါရှိရမည်ဟု မဆို။ သို့ရာတွင် နို့တစ်စာပေးခွင့်ကို အတိအလင်းလွှဲအပ်ထားမှသာလျှင် စိတ်ချခိုင်မာမည်ဖြစ်သည်။(ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၁၀၆)

၁၁။ မည်သည့်နို့တစ်စာကို မဆို တံဆိပ်ခေါင်းကပ်ရန်မလိုပေ။ နို့တစ်စာပေးပို့သည့်အခါတွင်လည်းကောင်း နို့တစ်စာကို တင်ပြသည့်အခါတွင်လည်းကောင်းအခွန်တံဆိပ်ခေါင်း (သို့) ရုံးခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရ မည်ဟု ပြဋ္ဌာန်းထားခြင်း မရှိပါ။

၁၂။ အင်္ဂလိပ်ဘာသာဖြင့်ရေးသော နို့တစ်စာကို အိမ်ငှားတို့က အင်္ဂလိပ်စာ မဖတ်သော်လည်း အင်္ဂလိပ် စာတတ်သူတို့အား ဖတ်ခိုင်လျှင် သိနိုင်သောကြောင့် နို့တစ်စာတရားမဝင်ဟု မဆိုနိုင်။

၁၃။ တရားမကျင့်ထုံးအမိန့် ၁၁ အရ စာချုပ်စာတမ်းကို စစ်ဆေးကြည့်ရှုရန် မိတ္တူကူးရန်အတွက် တင်ပြစေရန် နို့တစ်စာပေးရန်လိုခြင်း။ သို့သော် အဆိုလွှာ အချေလွှာနှင့် ကျမ်းကျိန်လွှာတို့တွင် အားကိုးအားထားပြုသော စာချုပ်စာတမ်းများကို အမိန့် ၁၁ နည်း ၁၅ နှင့် ၁၆ အရ တစ်ဖက်အမူသည်ထံသို့သတ်မှတ်ပုံစံဖြင့် နို့တစ်စာမပို့ဘဲ တရားရုံးသို့သာအမိန့် ၁၁ နည်း ၁၅ အရ အဆိုပါ စာချုပ်စာတမ်းကို စစ်ဆေးကြည့်ရှုနိုင်ရန်နှင့် မိတ္တူကူးနိုင်ရန် တင်ပြစေရေးအတွက် အမိန့်ချမှတ်ပေးရန် လျှောက်ထားကြသည်များကို တွေ့ရသည်။ တရားရုံးကတည်း အမိန့်ချမှတ်ပေးကြသဖြင့် ပြဿနာမရှိချေ။ ( အမိန့် ၁၁၊ နည်း (၁၅)/ (၁၆))

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏို႔တစ္စာ (ေခၚ) အေၾကာင္းၾကားစာႏွင့္ပတ္သက္၍သိထားသင့္သည့္အခ်က္မ်ား

၁။ ဥပေဒတစ္ရပ္ရပ္အရ ႏို႔တစ္စာေပးရန္ လိုသည့္အမႈမ်ားတြင္ ႏို႔တစ္စာ မေပးလွ်င္ အမႈပလပ္ခံရႏိုင္သည္။ ႏို႔တစ္စာေပးရန္ မလိုသည့္ အမႈမ်ားတြင္ တရားစြဲဆိုရန္အေၾကာင္းေပၚေပါက္ရန္ အလို႔ငွားႏို႔တစ္ေပးသင့္ပါသည္။

၂။ ပုဒ္မ ၈၀ အရ လိုအပ္သည့္ ႏို႔တစ္စာမေပးက ျပည္သူ႕ဝန္ထမ္းအေပၚတရားမစြဲႏိုင္။ ႏို႔တစ္စာ မေပးဘဲ စြဲဆိုေသာအမႈကို ပယ္ရန္ျဖစ္သည္။

၃။ တရားမမႈတြင္ ႏို႔တစ္ေပးရန္ လိုအပ္က တစ္ဖက္အမႈသည္အား ႏို႔တစ္ေပးရပါမည္။ တခ်ိဳ႕အမႈမ်ားတြင္ ႏို႔တစ္မပို႔က တရားစြဲဆို၍မရပါ။ (အမိန္႔ ၆၊ နည္း ၆)

၄။ အစိုးရအေပၚ စြဲဆိုေသာ တရားမမႈမ်ားတြင္ တရားမက်င့္ထုံးပုဒ္မ - ၈၀ အရ ႏို႔တစ္ေပးရပါမည္။ ႏို႔တစ္ေပးၿပီး ၂လ ကုန္လြန္မွသာလွ်င္ တရာစြဲခြင့္႐ွိပါသည္။ အစိုးရအေနႏွင့္လည္း ခုခံေခ်ပႏိုင္သည္။ ( အမိန္႔ ၂၇၊ နည္း ၈)

၅။ လႊဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္းမ်ား (ခ်က္လက္မွတ္ ဟြန္ဒီမ်ား) ႏွင့္ အိမ္႐ွင္အိမ္ငွားႏွင္လိုမႈမ်ားစသည္ တို႔တြင္ မလြဲမေသြ ႏို႔တစ္စာေပးရပါမည္။

၆။ အိမ္႐ွင္အိမ္ငွားႏွင္လိုမႈမ်ားတြင္ ဥပေဒႏွင့္ အညီ ႏို႔တစ္စာေပးရပါမည္။ ( ပစၥည္းလြဲွေျပာင္းအက္ဥပေဒ ပုဒ္မ ၁၀၆ ၊ ၁၁၁၊ ၁၁၃ ႏွင့္ ၿမိဳ႕ ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ ၁၂ (၁) (က)။

၇။ တရားဝင္ယုံၾကည္အပ္ႏွံျခင္းခံရသူ အေပၚစြဲဆိုေသာ တရားမမႈတြင္ တရားဝင္ယုံၾကည္အပ္ႏွံျခင္းခံရသူ အေပၚ သက္သာခြင့္ ေတာင္းဆိုထားျခင္းမ႐ွိလွ်င္ တရားမက်င့္ထုံးဥပေဒ ပုဒ္မ ၈၀ အရ ႏို႔တစ္စာေပးရန္မလို။ ( တရားဝင္ယုံၾကည္အပ္ႏွံေရးအက္ဥပေဒ ပုဒ္မ ၁၆)

၈။ ၁၉၆၀ ျပည့္ႏွစ္ ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒအရ အိမ္ငွား ေျမငွားမ်ားက ႏွင္ထုတ္လို မႈမ်ားတြင္ တရားမစြဲမိ ႏို႔တစ္စာေပးပို႔ရသည္။ ပုဒ္မ ၁၂ (၁) (က) (ပထမပိုင္း) အရ ငွားရမ္းခမေပး၍ ႏွင့္ထုတ္ လိုမႈစြဲဆိုလိုလွ်င္ တရားမစြဲမီေတာင္းဆိုသည့္ ႏို႔တစ္စာႏွင့္ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒပုဒ္မ ၁၀၆ အရ ႏို႔တစ္စာ ႏွစ္ရပ္ေပါင္းႏွင့္ အညီေပးပို႔ရန္လိုသည္။ က်န္ပုဒ္မ ၁၂ (၁) (က) (ဒုတိယပိုင္း)၊ -၁၂ (၁) ( ဂ)၊ ( ဃ)၊ (င) ႏွင့္ (စ) တစ္ခုခုအရ ႏွင္ထုတ္လိုမႈမ်ားတြင္ တရားမစြဲမီ ပစၥည္းလြဲွေျပာင္းျခင္းအက္ဥပေဒပုဒ္မ ၁၀၆ အရသာလွ်င္ ႏို႔တစ္စာေပးပို႔ရမည္။

၉။ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒ ပုဒ္မ ၁၀၆ ျပဌာန္းခ်က္တြင္ “အျခားနည္းဆန္က်င့္ကြဲလြဲသည့္ ပဋိညာဥ္ ေဒသႏၲရဆိုင္ဥပေဒ သို႔မဟုတ္ ေဒသအလိုက္ထုံးစံမ႐ွိလွ်င္” ဟု ပါ႐ွိသည္။ ထိုသို႔ ဆန္႔က်င္ကြဲလြဲသည့္ ပဋိညာဥ္ ႏွင့္ ဥပေဒထံုးစံ႐ွိလွ်င္ႏို႔တစ္စာကို ႏွစ္စဥ္ ငွာရမ္းမူတြင္ ၆ လ၊ လစဥ္ငွားရမ္းမူတြင္ ၁၅ ရက္ ႀကိဳတင္ ေပးပို႔ရမည္ဆိုေသာ ျပ႒ာန္းခ်က္ကို လိုက္နာရန္မလိုေပ။ ထိုအေျခအေနမ်ိဳးတြင္ ပဋိညာဥ္ပါ ႏို႔တစ္ေပးရန္ သတ္မွတ္ထားသည့္အတိုင္း ႏို႔တစ္ေပးရမည္။

၁၀။ ေ႐ွ႕ေနႏွင့္ ကိုယ္စားလွယ္က ႏို႔တစ္ေပးပို႔ႏိုင္သည္။ ထိုသို႔ေပးပို႔ရာတြင္မည္သူ“ အခြင့္အာဏာ လြဲွအပ္ ခ်က္အရ ေပးပို႔ေၾကာင္း ႏို႔တစ္စာတြင္ ေဖာ္ျပရမည္။ ကိုယ္စား ႏို႔တစ္စာေပးႏိုင္ရန္ အလို႔ငွာ သီးျခားကိုယ္စား လွယ္လႊဲအပ္ႏိုင္သည္။ ကိုယ္စားလွယ္လႊဲအပ္ရာတြင္ ႏႈတ္ျဖင့္လည္းေကာင္း၊ စာျဖင့္လည္းေကာင္းလႊဲအပ္ႏိုင္ သည္ဟု ပဋိညာဥ္အက္ဥပေဒတြင္ျပ႒ာန္းထားသည္။ကိုယ္စားလွယ္က အႀကီးအကဲကိုယ္စား ႏို႔တစ္စာ ေပးရာ တြင္ အထူးကိုးစားလွယ္လႊဲစာ သို႔မဟုတ္ ႏို႔တစ္စာေပးရန္အတြက္ သီးျခားကိုယ္စားလွယ္လႊဲစာ ပါ႐ွိရမည္ဟု မဆို။ သို႔ရာတြင္ ႏို႔တစ္စာေပးခြင့္ကို အတိအလင္းလႊဲအပ္ထားမွသာလွ်င္ စိတ္ခ်ခိုင္မာမည္ျဖစ္သည္။(ပစၥည္း လႊဲေျပာင္းျခင္းအက္ဥပေဒ ပုဒ္မ ၁၀၆)

၁၁။ မည္သည့္ႏို႔တစ္စာကို မဆို တံဆိပ္ေခါင္းကပ္ရန္မလိုေပ။ ႏို႔တစ္စာေပးပို႔သည့္အခါတြင္လည္းေကာင္း ႏို႔တစ္စာကို တင္ျပသည့္အခါတြင္လည္းေကာင္းအခြန္တံဆိပ္ေခါင္း (သို႔) ႐ုံးခြန္တံဆိပ္ေခါင္း ထမ္းေဆာင္ရ မည္ဟု ျပ႒ာန္းထားျခင္း မ႐ွိပါ။

၁၂။ အဂၤလိပ္ဘာသာျဖင့္ေရးေသာ ႏို႔တစ္စာကို အိမ္ငွားတို႔က အဂၤလိပ္စာ မဖတ္ေသာ္လည္း အဂၤလိပ္ စာတတ္သူတို႔အား ဖတ္ခိုင္လွ်င္ သိႏိုင္ေသာေၾကာင့္ ႏို႔တစ္စာတရားမဝင္ဟု မဆိုႏိုင္။

၁၃။ တရားမက်င့္ထုံးအမိန္႔ ၁၁ အရ စာခ်ဳပ္စာတမ္းကို စစ္ေဆးၾကည့္႐ႈရန္ မိတၱဴကူးရန္အတြက္ တင္ျပေစရန္ ႏို႔တစ္စာေပးရန္လိုျခင္း။ သို႔ေသာ္ အဆိုလႊာ အေခ်လႊာႏွင့္ က်မ္းက်ိန္လႊာတို႔တြင္ အားကိုးအားထားျပဳေသာ စာခ်ဳပ္စာတမ္းမ်ားကို အမိန္႔ ၁၁ နည္း ၁၅ ႏွင့္ ၁၆ အရ တစ္ဖက္အမူသည္ထံသို႔သတ္မွတ္ပုံစံျဖင့္ ႏို႔တစ္စာမပို႔ဘဲ တရား႐ုံးသို႔သာအမိန္႔ ၁၁ နည္း ၁၅ အရ အဆိုပါ စာခ်ဳပ္စာတမ္းကို စစ္ေဆးၾကည့္႐ႈႏိုင္ရန္ႏွင့္ မိတၱဴကူးႏိုင္ရန္ တင္ျပေစေရးအတြက္ အမိန္႔ခ်မွတ္ေပးရန္ ေလွ်ာက္ထားၾကသည္မ်ားကို ေတြ႕ရသည္။ တရား႐ုံးကတည္း အမိန္႔ခ်မွတ္ေပးၾကသျဖင့္ ျပႆနာမ႐ွိေခ်။ ( အမိန္႔ ၁၁၊ နည္း (၁၅)/ (၁၆))

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service