" အထင်နဲ့အမြင် " တက်တက်စင်လွဲ ပါမစ်မြေရမှာဆိုတော့ ဝမ်းသာစရာဘဲ

" အထင်နဲ့အမြင် " တက်တက်စင်လွဲ ပါမစ်မြေရမှာဆိုတော့ ဝမ်းသာစရာဘဲ - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2020 3:36 pm တွင် တင်ခဲ့သည်
3624 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

" မြေ " ဝယ်တော့မယ်ဆိုရင် လူတိုင်းလူတိုင်းစိတ်ပူတတ်ကြတယ်။မြေတန်ဖိုးကြီးလေ စိုးရိမ်စိတ်များလေဖြစ်ကြတာ ဓမ္မတာပါဘဲ။ရှေးအခါကတောဓလေ့သဘာဝ ခြံမြေကွက်ဝယ်ပြီဆိုရင် တစ်ဦးကတန်ဖိုးပေးရင် တစ်ဦးက ရောင်းလိုက်တဲ့မြေအကျယ်ကို ဝါးလုံး နဲ့ တိုင်းတာပြီးပေးလိုက်ကြတာပါ။ဝယ်သူကလည်း ရောင်းသူသတ်မှတ်ပေးလိုက်တဲ့အတိုင်း သဘောတူရင် အရောင်းအဝယ်က ပြီးသွားပြီလေ။

အခုခတ်မှာတော့ အဲဒီလို အရိုးခံ ပုံသဏ္ဍန်နဲ့လုပ်လို့မရတော့ဘူး။ ရုပ်ဝတ္တုပစ္စည်းတွေပေါများလာသလို၊ လူတွေရဲ့ကိုယ်ကျင့်တရားတွေလည်းပျက်ပြားလာတာတွေ့ရတယ်။ ဒီတော့ မြေတစ်ကွက်ဝယ်မယ်ဆိုတာနဲ့အရောင်းအဝယ်စကားပြောပြီးရင် “ မြေရာဇဝင်” ကို ဝယ်သူတွေကြည့်ချင်ကြတယ်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းကြည့်ဖို့ဆိုတာ ။ရောင်းသူနဲ့တိုက်ရိုက်တွေ့ရမှဖြစ်မှာလေ။ဒါဆိုရင် ပွဲစားကလည်း မြေရှင်နဲ့တွေ့ပေးမှ အဆင်ပြေမှာပေါ့။

ဒီအခါမှာ ပွဲစားက မြေရှင်နဲ့တွေ့ပြီး စာချုပ်စာတမ်းတွေခဏလောက်ကြည့်ပါရစေ ဆိုပြီးတော့ပေးရတယ်။ဝယ်သူဆိုတာကလည်း မြေကွက်နေရာက အကွက်အကွင်းကောင်းလို့ စီးပွားရေးအတွက် တွက်ချေကိုက်မယ်လို့ယူဆပြီးဝယ်ချင်ကြတာ၊ မြေပိုင်ဆိုင်မှုစာရွက်စာတမ်းအားလုံးအပြည့်အဝ မှန်ကန်ခြင်းရှိမရှိ မသိနိုင်ကြပါဘူး။ဒီတော့ ဝယ်ပါ့မယ်ဆိုတဲ့ ကတိမပျက်အောင် စရန်ငွေ (၁၀)သိန်း သိန်း (၂၀) အလွတ်သဘောပေးလိုက်မှ ရောင်းသူကလည်းထုတ်ပြတာလေ။

ဒီတော့လည်းတတ်သလောက်၊ မှတ်မိသလောက် စစ်ကြည့်ပေမယ့်လည်းစာချုပ်စာတမ်းကျွမ်းကျင်သူလိုတော့ ပြည့်ပြည့်စုံစုံမသိနိုင်ဘူးပေါ့။မြေရှင်ရဲ့ ခွင့်ပြုချက်နဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားကို ဓါတ်ပုံရိုက်ပြီး Viber ကတဆင့် ရှေ့နေထံကိုပေးပို့လိုက်တယ်လေ။ ရှေ့နေကလည်း သူတို့ပေးပို့လိုက်တဲ့ စာရွက်စာတမ်းတွေကိုကြည့်ပြီး ဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်ပေးရတာပေါ့။

ဒီလိုအဖြစ်အပျက်မျိုး ကျွန်ုပ်လည်းကြုံရပါတယ်၊ ဝယ်သူတွေက စရန်ငွေများများပေးမယ့်နေ့မှာ ရှေ့နေခေါ်လာပြီး စာချုပ်မယ်ပြောပြီး ပိုင်ဆိုင်မှုစာချုပ်လေးတွေ ဓါတ်ပုံရိုက်ကာ ကျွန်ုပ်ထံပို့ပေးပါတယ်။ အသေအချာကြည့်လိုက်တဲ့အခါ လှိုင်သာယာစက်မှုဇုန်က မြေကွက်ဖြစ်နေတယ်။ပေးပို့လ်ိုက်တဲ့ဓါတ်ပုံမှတ်တမ်းတွေအရ မြေအမည်ပေါက်သူက တိုက်ရိုက်ရောင်းတာမဟုတ်ဘူး။ တစ်ဆင့်ဝယ်ထားတဲ့သူတွေက ပြန်ရောင်းတာဖြစ်နေတယ်။ ပြန်ရောင်းမယ့်သူကတော့ အမည်ပေါက်ထံက အထွေထွေကိုယ်စားလှယ်လွှဲစာယူထားတာတွေ့ရတယ်။ ပြီးတော့ခြံအကျယ်ဧရိယာကိုဓါတ်ပုံရိုက်ပြထားတယ်။

အဲဒီလို မြေပုံ အနေအထားကိုကြည့်ပြီး၊ အိုးအိမ်ကထုတ်ပေးထားတဲ့ မြေပုံဖြစ်နေတယ်။သေချာအောင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှာ စုံစမ်းကြည့်တော့။ အိုးအိမ်ရုံး စည်ပင်ရုံးကိုလွှဲထားပြီးပြီလို့ပြောပါတယ်။ ဒါနဲ့ မြို့တော်စည်ပင်မြေစီမံဌာနမှာ သွားပြီး စုံစမ်းရပြန်တာပေါ့။မြို့မြေစာရင်းကြည့်လိုက်တော့ အ်ိုးအိမ်ကထုတ်ပေးထားတဲ့မြေပုံအရ မှန်ကန်တယ် လို့သိရတယ်။ဒါပေမယ့် အနှစ် (၆၀) မြေငှါးဂရန်တော့မဟုတ်ဘူး။ ပါမစ်အမည်ပေါက် ဦးထွန်းဝေ မြေဖြစ်နေတယ်။ ရောင်းသူတွေကတော့ ဂရန် လို့ပြောပြီးရောင်းလိုက်တာဘဲ။ပြီးတော့ အထွေထွေကိုယ်စားလှယ်လွှဲစာယူထားပြန်တယ်ဆိုတော့ မြေငှါးဂရန် ဖြစ်မယ်လို့ဝယ်သူတွေပြောပါတယ်။ဒါဆိုရင်ဝယ်သူဘက်ကကုန်ကျစရိတ်တွေရှိလာတယ် အရောင်းမြေပုံ တောင်းရမယ် ပါဝါရယူသူကစာချုပ်ရုံးနဲ့အခွန်ရုံးမှာလိုက်လာပြီး လက်မှတ်ထိုးပေးရမယ်။

အဲဒီအကြောင်းတွေပြောပြတော့ ဝယ်သူဘက်က စိတ်ညစ်သွားတယ်။များသောအားဖြင့်ဝယ်သူတွေက ဂရန်မြေဆိုရင် ဂရန်အမည်ပေါက်ထံက ကိုယ်စားလှယ်လွှဲစာ ယူထားချင်ကြတယ်။အခုမြေကွက်က ဂရန်အမည်ပေါက်ထံက ကိုယ်စားလှယ်လွှဲစာယူထားပြီး တဆင့်ခံပြန်ရောင်းတာမျိုးဖြစ်နေတယ်။ဒါပေမယ့်လည်းလေ ရှေ့နေပါလာပြီဘဲ ဟိုရောက်မှ Viber က ပို့သလိုဟုတ်မဟုတ်စစ်ကြည့်ပြီးမှ ဝယ်တာအကောင်းဆုံးဘဲ ဆုံးဖြတ်ပြီးရောင်းမယ့်မြေကွက်ရှိရင် လှိုင်သာယာစက်မှုဇုန်ကိုသွားကြပါတယ်။ ကျွန်ုပ်တို့အဖွဲ့ရောက်သွားတယ်ဆိုရင်ဘဲ အိမ်ထဲမှာ အမျိုးသား (၅) ဦးက အသင့်စောင့်နေကြပါတယ်။လူများတော့ သက်သေထိုးပေးမယ့်လူတွေထင်တာပေါ့။ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေပြပါဦးဆိုတော့မှ အမျိုးသားတစ်ဦးက စာချုပ်တွေထုတ်ပြတယ်။ဒီတော့မှ ကျွန်ုပ်လည်း အံ့သြသွားတယ်။

မြေငှါးဂရန်မဟုတ်ဘဲ၊ မြေချပါမစ်စာရွက်စာတမ်းတွေဖြစ်နေတယ်။ပြီးတော့ရောင်းသူက တစ်ဦးတည်းမဟုတ်ဘူး (၅)ဦးဖြစ်နေတယ်။ ပါမစ်မြေအမည်ပေါက် ဦးထွန်းဝေ ထံက ကိုယ်စာလှယ်လွှဲစာယူထားဖြစ်တယ်။ အဲဒီတော့မှ ရင်ထဲမှာပေါ့သွားတော့တယ်။

ဖြစ်ရပုံက ညီအစ်ကို (၅)ဦးအနက်တစ်ဦးက ပါမစ်မြေကွက်နဲ့ စာချုပ်တွေကိုသိမ်းထားတယ်။ဒီနေ့ ရောင်းမယ့်နေ့ရောက်မှ ယူလာပြတယ်။ စက်မှုဇုန်မြေကွက်ပေါ်မှာနေသူကိုတော့ ကိုယ်စားလှယ်လွှဲစာမိတ္တူနဲ့ ပါမစ်မြေပုံမိတ္တူကိုပေးထားတာဖြစ်နေတယ်။ ဝယ်သူကလည်းသူတို့ ပြတဲ့စာရွက်စာတမ်းတွေကြည့်ပြီး ကျွန်ုပ်ထံတစ်ဆင့်ပို့လိုက်တယ်။အဲဒီမှာ အထင်မှားအမြင်မှားစရာတွေဖြစ်ကုန်တာပေါ့။

အခုတော့ ရှင်းသွားပြီလေ။စက်ရုံမြေက ပါမစ်မြေ၊ သူတို့က တစ်ဆင့်ဝယ်ထားတာဖြစ်တယ်။က်ိုယ်စားလှယ်လွှဲစားလုပ်ပြီး ကိုင်ထားခဲ့တာ။အဲဒါအခု ပြန်ရောင်းတော့မှ ညီတစ်ယောက်ကယူလာပြတာလေ။ဒါဆိုရင်တော့ ဝယ်သူအတွက်လည်း ကံကောင်းတာပေါ့။ စက်ရုံမြေပါမစ်ဖြစ်တဲ့အတွက် ဝယ်သူအမည်ပေါက် အနှစ် (၆၀) ဂရန် ဖောက်လိုက်ရုံဘဲ။ရောင်းသူတွေလိုရမယ်ရယူထားတဲ့ အထွေထွေကိုယ်စားလှယ်လွှဲစာလည်းမလိုတော့ဘူးလေ။

ပါမစ်မြေဖြစ်တဲ့အတွက် စာချုပ်အဆက်ဆက်ပြပြီး မြို့တော်ခန်းမစည်ပင်မှာ အနှစ် (၆၀) ဂရန်လျှောက်လိုက်ရုံဘဲ။ ဝယ်သူလည်းအဆင်ပြေရောင်းသူတွေလည်း ပျော်တပြုံးပြုံးပေါ့။ ဒီတော့ စရန်ငွေ ၃ ပုံ ၁ ပုံပေးတဲ့ စရန်ပေးစာချုပ်ချုပ်ပြီး ဘဏ်မှာငွေသွင်းပေးလိုက်ပါတယ်။ တစ်လပြည့်တဲ့နေ့မှာ ကျွန်ုပ်အားလုံးပေးချေမယ်လို့ဝယ်သူက ကတိပြုတယ်။ရောင်းသူဘက်ကလည်း မြေကွက်နဲ့ အဆောက်အဦးလက်ရောက်အပ်ပါမယ်လို့ ကတိကဝတ်ပြုကြပြီး ဝမ်းသာပျော်ရွှင်စွာ ပြန်ခဲ့ကြပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်းကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

" အထင္နဲ႔အျမင္ " တက္တက္စင္လြဲ ပါမစ္ေျမရမွာဆိုေတာ့ ဝမ္းသာစရာဘဲ

" ေျမ " ဝယ္ေတာ့မယ္ဆိုရင္ လူတိုင္းလူတိုင္းစိတ္ပူတတ္ၾကတယ္။ေျမတန္ဖိုးၾကီးေလ စိုးရိမ္စိတ္မ်ားေလျဖစ္ၾကတာ ဓမၼတာပါဘဲ။ေရွးအခါကေတာဓေလ့သဘာဝ ျခံေျမကြက္ဝယ္ျပီဆိုရင္ တစ္ဦးကတန္ဖိုးေပးရင္ တစ္ဦးက ေရာင္းလိုက္တဲ့ေျမအက်ယ္ကို ဝါးလံုး နဲ႕ တိုင္းတာျပီးေပးလိုက္ၾကတာပါ။ဝယ္သူကလည္း ေရာင္းသူသတ္မွတ္ေပးလိုက္တဲ့အတိုင္း သေဘာတူရင္ အေရာင္းအဝယ္က ျပီးသြားျပီေလ။

အခုခတ္မွာေတာ့ အဲဒီလို အရုိးခံ ပံုသ႑န္နဲ႕လုပ္လို႔မရေတာ့ဘူး။ ရုပ္ဝတၱဳပစၥည္းေတြေပါမ်ားလာသလို၊ လူေတြရဲ႕ကိုယ္က်င့္တရားေတြလည္းပ်က္ျပားလာတာေတြ႕ရတယ္။ ဒီေတာ့ ေျမတစ္ကြက္ဝယ္မယ္ဆိုတာနဲ႕အေရာင္းအဝယ္စကားေျပာျပီးရင္ “ ေျမရာဇဝင္” ကို ဝယ္သူေတြၾကည့္ခ်င္ၾကတယ္၊ ပိုင္ဆိုင္မႈ စာရြက္စာတမ္းၾကည့္ဖို႕ဆိုတာ ။ေရာင္းသူနဲ႕တိုက္ရုိက္ေတြ႕ရမွျဖစ္မွာေလ။ဒါဆိုရင္ ပြဲစားကလည္း ေျမရွင္နဲ႕ေတြ႕ေပးမွ အဆင္ေျပမွာေပါ့။

ဒီအခါမွာ ပြဲစားက ေျမရွင္နဲ႕ေတြ႕ျပီး စာခ်ဳပ္စာတမ္းေတြခဏေလာက္ၾကည့္ပါရေစ ဆိုျပီးေတာ့ေပးရတယ္။ဝယ္သူဆိုတာကလည္း ေျမကြက္ေနရာက အကြက္အကြင္းေကာင္းလို႔ စီးပြားေရးအတြက္ တြက္ေခ်ကိုက္မယ္လို႔ယူဆျပီးဝယ္ခ်င္ၾကတာ၊ ေျမပိုင္ဆိုင္မႈစာရြက္စာတမ္းအားလံုးအျပည့္အဝ မွန္ကန္ျခင္းရွိမရွိ မသိႏိုင္ၾကပါဘူး။ဒီေတာ့ ဝယ္ပါ့မယ္ဆိုတဲ့ ကတိမပ်က္ေအာင္ စရန္ေငြ (၁၀)သိန္း သိန္း (၂၀) အလြတ္သေဘာေပးလိုက္မွ ေရာင္းသူကလည္းထုတ္ျပတာေလ။

ဒီေတာ့လည္းတတ္သေလာက္၊ မွတ္မိသေလာက္ စစ္ၾကည့္ေပမယ့္လည္းစာခ်ဳပ္စာတမ္းကၽြမ္းက်င္သူလိုေတာ့ ျပည့္ျပည့္စံုစံုမသိႏိုင္ဘူးေပါ့။ေျမရွင္ရဲ႕ ခြင့္ျပဳခ်က္နဲ႕ပိုင္ဆိုင္မႈစာရြက္စာတမ္းအေထာက္အထားကို ဓါတ္ပံုရုိက္ျပီး Viber ကတဆင့္ ေရွ႕ေနထံကိုေပးပို႕လိုက္တယ္ေလ။ ေရွ႕ေနကလည္း သူတို႕ေပးပို႔လိုက္တဲ့ စာရြက္စာတမ္းေတြကိုၾကည့္ျပီး ဝယ္သင့္၊ မဝယ္သင့္ ဆံုးျဖတ္ေပးရတာေပါ့။

ဒီလိုအျဖစ္အပ်က္မ်ိဳး ကၽြႏု္ပ္လည္းၾကံဳရပါတယ္၊ ဝယ္သူေတြက စရန္ေငြမ်ားမ်ားေပးမယ့္ေန႔မွာ ေရွ႕ေနေခၚလာျပီး စာခ်ဳပ္မယ္ေျပာျပီး ပိုင္ဆိုင္မႈစာခ်ဳပ္ေလးေတြ ဓါတ္ပံုရုိက္ကာ ကၽြႏ္ုပ္ထံပို႕ေပးပါတယ္။ အေသအခ်ာၾကည့္လိုက္တ့ဲအခါ လိႈင္သာယာစက္မႈဇုန္က ေျမကြက္ျဖစ္ေနတယ္။ေပးပို႔လို္က္တဲ့ဓါတ္ပံုမွတ္တမ္းေတြအရ ေျမအမည္ေပါက္သူက တိုက္ရုိက္ေရာင္းတာမဟုတ္ဘူး။ တစ္ဆင့္ဝယ္ထားတဲ့သူေတြက ျပန္ေရာင္းတာျဖစ္ေနတယ္။ ျပန္ေရာင္းမယ့္သူကေတာ့ အမည္ေပါက္ထံက အေထြေထြကိုယ္စားလွယ္လႊဲစာယူထားတာေတြ႕ရတယ္။ ျပီးေတာ့ျခံအက်ယ္ဧရိယာကိုဓါတ္ပံုရုိက္ျပထားတယ္။

အဲဒီလို ေျမပံု အေနအထားကိုၾကည့္ျပီး၊ အိုးအိမ္ကထုတ္ေပးထားတဲ့ ေျမပံုျဖစ္ေနတယ္။ေသခ်ာေအာင္ ျမိဳ႕ျပနွင့္အိမ္ရာ ဖြံ႔ျဖိဳးေရးဦးစီးဌာနမွာ စံုစမ္းၾကည့္ေတာ့။ အိုးအိမ္ရုံး စည္ပင္ရုံးကိုလႊဲထားျပီးျပီလို႕ေျပာပါတယ္။ ဒါနဲ႕ ျမိဳ႕ေတာ္စည္ပင္ေျမစီမံဌာနမွာ သြားျပီး စံုစမ္းရျပန္တာေပါ့။ျမိဳ႕ေျမစာရင္းၾကည့္လိုက္ေတာ့ အို္းအိမ္ကထုတ္ေပးထားတဲ့ေျမပံုအရ မွန္ကန္တယ္ လို႕သိရတယ္။ဒါေပမယ့္ အနွစ္ (၆၀) ေျမငွါးဂရန္ေတာ့မဟုတ္ဘူး။ ပါမစ္အမည္ေပါက္ ဦးထြန္းေဝ ေျမျဖစ္ေနတယ္။ ေရာင္းသူေတြကေတာ့ ဂရန္ လို႕ေျပာျပီးေရာင္းလိုက္တာဘဲ။ျပီးေတာ့ အေထြေထြကိုယ္စားလွယ္လႊဲစာယူထားျပန္တယ္ဆိုေတာ့ ေျမငွါးဂရန္ ျဖစ္မယ္လို႕ဝယ္သူေတြေျပာပါတယ္။ဒါဆိုရင္ဝယ္သူဘက္ကကုန္က်စရိတ္ေတြရွိလာတယ္ အေရာင္းေျမပံု ေတာင္းရမယ္ ပါဝါရယူသူကစာခ်ဳပ္ရုံးနဲ႕အခြန္ရုံးမွာလိုက္လာျပီး လက္မွတ္ထိုးေပးရမယ္။

အဲဒီအေၾကာင္းေတြေျပာျပေတာ့ ဝယ္သူဘက္က စိတ္ညစ္သြားတယ္။မ်ားေသာအားျဖင့္ဝယ္သူေတြက ဂရန္ေျမဆိုရင္ ဂရန္အမည္ေပါက္ထံက ကိုယ္စားလွယ္လႊဲစာ ယူထားခ်င္ၾကတယ္။အခုေျမကြက္က ဂရန္အမည္ေပါက္ထံက ကိုယ္စားလွယ္လႊဲစာယူထားျပီး တဆင့္ခံျပန္ေရာင္းတာမ်ိဳးျဖစ္ေနတယ္။ဒါေပမယ့္လည္းေလ ေရွ႕ေနပါလာျပီဘဲ ဟိုေရာက္မွ Viber က ပို႕သလိုဟုတ္မဟုတ္စစ္ၾကည့္ျပီးမွ ဝယ္တာအေကာင္းဆံုးဘဲ ဆံုးျဖတ္ျပီးေရာင္းမယ့္ေျမကြက္ရွိရင္ လိႈင္သာယာစက္မႈဇုန္ကိုသြားၾကပါတယ္။ ကၽြႏ္ုပ္တို႕အဖြဲ႕ေရာက္သြားတယ္ဆိုရင္ဘဲ အိမ္ထဲမွာ အမ်ိဳးသား (၅) ဦးက အသင့္ေစာင့္ေနၾကပါတယ္။လူမ်ားေတာ့ သက္ေသထိုးေပးမယ့္လူေတြထင္တာေပါ့။ပိုင္ဆိုင္မႈစာရြက္စာတမ္းေတြျပပါဦးဆိုေတာ့မွ အမ်ိဳးသားတစ္ဦးက စာခ်ဳပ္ေတြထုတ္ျပတယ္။ဒီေတာ့မွ ကၽြႏ္ုပ္လည္း အ့ံၾသသြားတယ္။

ေျမငွါးဂရန္မဟုတ္ဘဲ၊ ေျမခ်ပါမစ္စာရြက္စာတမ္းေတြျဖစ္ေနတယ္။ျပီးေတာ့ေရာင္းသူက တစ္ဦးတည္းမဟုတ္ဘူး (၅)ဦးျဖစ္ေနတယ္။ ပါမစ္ေျမအမည္ေပါက္ ဦးထြန္းေဝ ထံက ကိုယ္စာလွယ္လႊဲစာယူထားျဖစ္တယ္။ အဲဒီေတာ့မွ ရင္ထဲမွာေပါ့သြားေတာ့တယ္။

ျဖစ္ရပံုက ညီအစ္ကို (၅)ဦးအနက္တစ္ဦးက ပါမစ္ေျမကြက္နဲ႕ စာခ်ဳပ္ေတြကိုသိမ္းထားတယ္။ဒီေန႕ ေရာင္းမယ့္ေန႕ေရာက္မွ ယူလာျပတယ္။ စက္မႈဇုန္ေျမကြက္ေပၚမွာေနသူကိုေတာ့ ကုိယ္စားလွယ္လႊဲစာမိတၱဴနဲ႕ ပါမစ္ေျမပံုမိတၱဴကိုေပးထားတာျဖစ္ေနတယ္။ ဝယ္သူကလည္းသူတို႕ ျပတဲ့စာရြက္စာတမ္းေတြၾကည့္ျပီး ကၽြႏု္ပ္ထံတစ္ဆင့္ပို႔လိုက္တယ္။အဲဒီမွာ အထင္မွားအျမင္မွားစရာေတြျဖစ္ကုန္တာေပါ့။

အခုေတာ့ ရွင္းသြားျပီေလ။စက္ရုံေျမက ပါမစ္ေျမ၊ သူတို႕က တစ္ဆင့္ဝယ္ထားတာျဖစ္တယ္။ကို္ယ္စားလွယ္လႊဲစားလုပ္ျပီး ကိုင္ထားခဲ့တာ။အဲဒါအခု ျပန္ေရာင္းေတာ့မွ ညီတစ္ေယာက္ကယူလာျပတာေလ။ဒါဆိုရင္ေတာ့ ဝယ္သူအတြက္လည္း ကံေကာင္းတာေပါ့။ စက္ရုံေျမပါမစ္ျဖစ္တဲ့အတြက္ ဝယ္သူအမည္ေပါက္ အနွစ္ (၆၀) ဂရန္ ေဖာက္လိုက္ရုံဘဲ။ေရာင္းသူေတြလိုရမယ္ရယူထားတဲ့ အေထြေထြကိုယ္စားလွယ္လႊဲစာလည္းမလိုေတာ့ဘူးေလ။

ပါမစ္ေျမျဖစ္တဲ့အတြက္ စာခ်ဳပ္အဆက္ဆက္ျပျပီး ျမိဳ႕ေတာ္ခန္းမစည္ပင္မွာ အနွစ္ (၆၀) ဂရန္ေလွ်ာက္လိုက္ရုံဘဲ။ ဝယ္သူလည္းအဆင္ေျပေရာင္းသူေတြလည္း ေပ်ာ္တျပံဳးျပံဳးေပါ့။ ဒီေတာ့ စရန္ေငြ ၃ ပံု ၁ ပံုေပးတဲ့ စရန္ေပးစာခ်ဳပ္ခ်ဳပ္ျပီး ဘဏ္မွာေငြသြင္းေပးလိုက္ပါတယ္။ တစ္လျပည့္တဲ့ေန႕မွာ ကၽြႏ္ုပ္အားလံုးေပးေခ်မယ္လို႕ဝယ္သူက ကတိျပဳတယ္။ေရာင္းသူဘက္ကလည္း ေျမကြက္နဲ႕ အေဆာက္အဦးလက္ေရာက္အပ္ပါမယ္လို႕ ကတိကဝတ္ျပဳၾကျပီး ဝမ္းသာေပ်ာ္ရႊင္စြာ ျပန္ခဲ့ၾကပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္းေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service