ရုရှားက covid 19 ကာကွယ်ဆေးများ အောက်တိုဘာလတွင် အလုံးအရင်းထိုးပေးတော့မည်

ရုရှားက covid 19 ကာကွယ်ဆေးများ အောက်တိုဘာလတွင် အလုံးအရင်းထိုးပေးတော့မည် - Property News in Myanmar from iMyanmarHouse.com
2 Aug 2020 3:20 pm တြင္ တင္ခဲ့သည္
421 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by စည္သူေအာင္ (iMyanmarHouse.com)

[Unicode]

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို clinical trial စမ်းသပ်မှု နောက်ဆုံးအဆင့် အပြီးသတ်ခဲ့ပြီဖြစ်ရာ ယခုအခါ ရုရှားကျန်းမာရေးဝန်ကြီးက လာမည့်အောက်တိုဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးခြင်း အလုံးအရင်းပြုလုပ်တော့မည် ဖြစ်ကြောင်း ဒေသတွင်းသတင်းအေဂျင်စီများက ဖော်ပြသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ရုရှားကျန်းမာရေးဝန်ကြီး မီးခေးလ် မူရပ်ရှ်ကို (Mikhail Murashko) က ပြောကြားရာတွင် မော်စကိုအခြေစိုက် အစိုးရသုတေသန အဖွဲ့အစည်းဖြစ်သော Gamaleya Institute သည် ကာကွယ်ဆေးကို clinical trial စမ်းသပ်မှုများ အပြီးသတ်ခဲ့ပြီဖြစ်ပြီး မှတ်ပုံတင်ရန် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်နေကြောင်း Interfax သတင်းအေဂျင်စီက ထုတ်ပြန်သည်။ ဝန်ကြီးက ပြောကြားရာတွင် ဆရာဝန်များနှင့် ကျောင်းဆရာများကို ပထမဆုံး ထိုးပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးဖို့က အောက်တိုဘာလထဲမှာ ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ယခုရက်သတ္တပတ်အတွင်း သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် ရုရှား၏ ပထမဆုံးဖြစ်ဖွယ်ရှိသည့် covid 19 ကာကွယ်ဆေးကို သြဂုတ်လအတွင်း ပြည်တွင်းတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာအတည်ပြုချက်ရယူမည်ဖြစ်ပြီး ယင်းနောက်မကြာမီတွင် ကျန်းမာရေးဝန်ထမ်းများကို ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ရုရှားက ယခုကဲ့သို့ ကာကွယ်ဆေး အဆောတလျင် ထုတ်ချပြရန် စိုင်းပြင်းလာခြင်းအပေါ် အနောက်နိုင်ငံသတင်းမီဒီယာတို့က မေးခွန်းထုတ်မှုများရှိသည်။ စမ်းသပ်ထားသည့်ကာကွယ်ဆေးမှာ သိပ္ပံနည်းကျဘေးကင်းလုံခြုံကြောင်း အထောက်အထားမခိုင်မာမီ နိုင်ငံ ဂုဏ်သိက္ခာအတွက် အလျင်စလို ထုတ်ရန် ပြင်ဆင်ခြင်းလောဟု မေးခွန်းထုတ်ကြသည်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အကြီးအကဲ ကီရေးလ် ဒီမီထရိကမူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်မှုတွင် ရုရှား၏ အောင်မြင်မှုကို ကမ္ဘာ့ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တုဖြစ်သော Sputnik 1 ကို ဆိုဗီယက်ပြည်ထောင်စုက ၁၉၅၇ ခုနှစ်တွင် လွှင့်တင်နိုင်ခဲ့မှုနှင့် ဆက်စပ်နှိုင်းယှဉ်ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပေါင်း ၁၀၀ ကျော် စမ်းသပ်လျက်ရှိနေသည်။

အဆိုပါစမ်းသပ်နေသည်များအနက် အနည်းဆုံး ၄ ခုခန့်မှာ လူသားဖြင့်စမ်းသပ်မှု အဆင့် ၃ နောက်ဆုံးဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

အဆိုပါဆေး ၄ မျိုးအနက် ၃ မျိုးမှာ တရုတ်ပြည်မှ စမ်းသပ်နေသည့်ဆေးများဖြစ်ပြီး ကျန် ၁ ခုမှာ ဗြိတိန်မှ စမ်းသပ်နေသည့်ဆေး ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Russia preparing mass vaccination against coronavirus for October (Reuters)

 

[Zawgyi]

ရုရွားက covid 19 ကာကြယ္ေဆးမ်ား ေအာက္တိုဘာလတြင္ အလံုးအရင္းထုိးေပးေတာ့မည္

ရုရွားႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားကို clinical trial စမ္းသပ္မႈ ေနာက္ဆံုးအဆင့္ အျပီးသတ္ခဲ့ျပီျဖစ္ရာ ယခုအခါ ရုရွားက်န္းမာေရးဝန္ၾကီးက လာမည့္ေအာက္တုိဘာလတြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးေပးျခင္း အလံုးအရင္းျပဳလုပ္ေတာ့မည္ ျဖစ္ေၾကာင္း ေဒသတြင္းသတင္းေအဂ်င္စီမ်ားက ေဖာ္ျပသည္ဟု ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ရုရွားက်န္းမာေရးဝန္ၾကီး မီးေခးလ္ မူရပ္ရွ္ကို (Mikhail Murashko) က ေျပာၾကားရာတြင္ ေမာ္စကိုအေျခစိုက္ အစိုးရသုေတသန အဖြဲ႔အစည္းျဖစ္ေသာ Gamaleya Institute သည္ ကာကြယ္ေဆးကို clinical trial စမ္းသပ္မႈမ်ား အျပီးသတ္ခဲ့ျပီျဖစ္ျပီး မွတ္ပံုတင္ရန္ စာရြက္စာတမ္းကိစၥမ်ား ေဆာင္ရြက္ေနေၾကာင္း Interfax သတင္းေအဂ်င္စီက ထုတ္ျပန္သည္။ ဝန္ၾကီးက ေျပာၾကားရာတြင္ ဆရာဝန္မ်ားႏွင့္ ေက်ာင္းဆရာမ်ားကို ပထမဆံုး ထိုးေပးလိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကာကြယ္ေဆး က်ယ္က်ယ္ျပန္႔ျပန္႔ထုိးေပးဖို႔က ေအာက္တိုဘာလထဲမွာ ကၽြန္ေတာ္တို႔ စီစဥ္ထားပါတယ္” ဟု ဝန္ၾကီးက ေျပာၾကားသည္။

ယခုရက္သတၱပတ္အတြင္း သတင္းရင္းျမစ္တစ္ခုက ရိုက္တာသတင္းဌာနသုိ႔ ေျပာၾကားခဲ့ရာတြင္ ရုရွား၏ ပထမဆံုးျဖစ္ဖြယ္ရွိသည့္ covid 19 ကာကြယ္ေဆးကို ၾသဂုတ္လအတြင္း ျပည္တြင္းတြင္ လုပ္ထံုးလုပ္နည္းဆိုင္ရာအတည္ျပဳခ်က္ရယူမည္ျဖစ္ျပီး ယင္းေနာက္မၾကာမီတြင္ က်န္းမာေရးဝန္ထမ္းမ်ားကို ေဆးထိုးေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ရုရွားက ယခုကဲ့သို႔ ကာကြယ္ေဆး အေဆာတလ်င္ ထုတ္ခ်ျပရန္ စိုင္းျပင္းလာျခင္းအေပၚ အေနာက္ႏိုင္ငံသတင္းမီဒီယာတို႔က ေမးခြန္းထုတ္မႈမ်ားရွိသည္။ စမ္းသပ္ထားသည့္ကာကြယ္ေဆးမွာ သိပၸံနည္းက်ေဘးကင္းလံုျခံဳေၾကာင္း အေထာက္အထားမခိုင္မာမီ ႏိုင္ငံ ဂုဏ္သိကၡာအတြက္ အလ်င္စလို ထုတ္ရန္ ျပင္ဆင္ျခင္းေလာဟု ေမးခြန္းထုတ္ၾကသည္။

ရုရွားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ ရန္ပံုေငြအဖြဲ႔အၾကီးအကဲ ကီေရးလ္ ဒီမီထရိကမူ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးထုတ္လုပ္မႈတြင္ ရုရွား၏ ေအာင္ျမင္မႈကို ကမၻာ့ပထမဆံုး ဆက္သြယ္ေရးျဂိဳဟ္တုျဖစ္ေသာ Sputnik 1 ကို ဆိုဗီယက္ျပည္ေထာင္စုက ၁၉၅၇ ခုႏွစ္တြင္ လႊင့္တင္ႏိုင္ခဲ့မႈႏွင့္ ဆက္စပ္ႏႈိင္းယွဥ္ေျပာၾကားခဲ့သည္။

ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေပါင္း ၁၀၀ ေက်ာ္ စမ္းသပ္လ်က္ရွိေနသည္။

အဆိုပါစမ္းသပ္ေနသည္မ်ားအနက္ အနည္းဆံုး ၄ ခုခန္႔မွာ လူသားျဖင့္စမ္းသပ္မႈ အဆင့္ ၃ ေနာက္ဆံုးဆင့္သို႔ ေရာက္ရွိေနျပီျဖစ္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က ထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အဆိုပါေဆး ၄ မ်ဳိးအနက္ ၃ မ်ဳိးမွာ တရုတ္ျပည္မွ စမ္းသပ္ေနသည့္ေဆးမ်ားျဖစ္ျပီး က်န္ ၁ ခုမွာ ျဗိတိန္မွ စမ္းသပ္ေနသည့္ေဆး ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Russia preparing mass vaccination against coronavirus for October (Reuters)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သြဂုတ် (၄) ရက်အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၈၀၀)ခန့် ပြန်ဖွင့်ခွင့်ပေးခဲ့...
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သြဂုတ် (၄) ရက်အထိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန စုစုပေါင်း(၈၀၀)ခန့် ပြန်ဖွင့်ခွင့်ပေးခဲ့...
ကိုရိုနာဗိုင်းရပ်စ်သည် စစ်တပ်ဓာတ်ခွဲခန်းမှ လာခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင် ထုတ်ဖော်ပြောကြား...
ကိုရိုနာဗိုင်းရပ်စ်သည် စစ်တပ်ဓာတ်ခွဲခန်းမှ လာခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင် ထုတ်ဖော်ပြောကြား...
သြစတေးလျတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ဒဏ်ငွေ ဒေါ်လာ ၃၅၅၉ ပေးဆောင်ရမည် (ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်းများ)...
သြစတေးလျတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ဒဏ်ငွေ ဒေါ်လာ ၃၅၅၉ ပေးဆောင်ရမည် (ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်းများ)...
အမေရိကန်တွင် covid 19 လူနာများကို RLF-100 ဆေးဖြင့် လျင်မြန်စွာ ပျောက်ကင်းအောင် ကုသနိုင်
အမေရိကန်တွင် covid 19 လူနာများကို RLF-100 ဆေးဖြင့် လျင်မြန်စွာ ပျောက်ကင်းအောင် ကုသနိုင်
ပြည်တွင်းရွှေဈေး ၁၃ သိန်းကျော်အထိ ပြန်လည်မြင့်တက်
ပြည်တွင်းရွှေဈေး ၁၃ သိန်းကျော်အထိ ပြန်လည်မြင့်တက်
ဂျပန် Mitsubishiက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် စိတ်ဝင်စားနေ
ဂျပန် Mitsubishiက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် စိတ်ဝင်စားနေ
လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း အောက်တိုဘာတွင် စတင်မည်
လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း အောက်တိုဘာတွင် စတင်မည်
ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး...
ငွေကျပ်သန်းပေါင်း ၁၂၆၀၀ အကုန်ကျခံတည်ဆောက်ထားသည့် တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်း ပြီးစီး...
မန္တလေးတိုင်းအတွင်း COVID - 19 ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေး...
မန္တလေးတိုင်းအတွင်း COVID - 19 ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေး...
Blackstone က ဂျပန်အဆောက်အအုံ ၄ ခုကို ယန်းငွေ ၅၅ ဘီလီယံဖြင့် ဝယ်ယူမည်
Blackstone က ဂျပန်အဆောက်အအုံ ၄ ခုကို ယန်းငွေ ၅၅ ဘီလီယံဖြင့် ဝယ်ယူမည်

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)