ရခိုင်ကမ်းလွန်မြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီနှင့် ဩစတြေးလျကုမ္ပဏီပေါင်း၍ သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေ - Property News in Myanmar from iMyanmarHouse.com
694 Views

ရခိုင်ကမ်းလွန်မြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီနှင့် ဩစတြေးလျကုမ္ပဏီပေါင်း၍ သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေ

[Unicode]

ရခိုင်ကမ်းလွန်မြောက်ပိုင်းတွင် ဩစတြေးလျကုမ္ပဏီ Woodside က တရုတ်ကုမ္ပဏီ CNPC နှင့် ပူးပေါင်း၍ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း Woodsideက ထုတ်ပြန်သည်။

ရခိုင်ကမ်းလွန်မြောက်ပိုင်းရှိ AD-1, AD-8 လုပ်ကွက်နှစ်ခုကို ၂၀၂၀အတွင်း စမ်းသပ်တူးဖော်ရေးတွင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုလုပ်ကွက်များကို တရုတ်ကုမ္ပဏီနှင့် ရှယ်ယာထက်ဝက်စီပိုင်ဆိုင်ထားသည်ဟု ဩစတြေးလျကုမ္ပဏီကဆိုသည်။

ထိုလုပ်ကွက်များတွင် တရုတ်ကုမ္ပဏီ CNPC က အော်ပရေတာဖြစ်ပြီး woodside ကုမ္ပဏီက နည်းပညာပိုင်းဆိုင်ရာ အော်ပရေတာအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။ ကုမ္ပဏီတစ်ခုလျှင် ရှယ်ယာ ၅၀ ရာခိုင်နှုန်းစီပိုင်ဆိုင်ထားသည်ဟုဆိုသည်။

AD-8 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့တွင်း ၈ တွင်းတူးမည်ဖြစ်ပြီး ၅ နှစ်ကြာဆောင်ရွက်မည်ဟု ဆိုသည်။ ၂၀၂၀ တွင် သုံးတွင်းနှင့် ကျန်တွင်းများကို ၂၀၂၂-၂၄အတွင်း အပြီးတူးဖော်သွားမည်ဟု ကုမ္ပဏီက ထုတ်ပြန်သည် အစီရင်ခံစာတွင်ဖော်ပြထားသည်။

AD-1 လုပ်ကွက်ကို ၂၀၂၀မှစတင်ပြီး လေးနှစ်ကြာ တွင်းတူးဖော်ရေးဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်းတွင်း ၈ တွင်းတူးဖော်သွားမည်ဟုဆိုသည်။ ထိုလုပ်ကွက်မှ ၂၀၁၈ တွင် အောင်သိဒ္ဓိတွင်းကို တူးဖော်ရာတွင် အောင်မြင်ခဲ့သည်ဟုဆိုသည်။

Woodside Energy (Myanmar) Pte Ltd သည် ရခိုင်ကမ်းလွန်ရှိ Block AD-8 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်ခြင်းလုပ်ငန်း(Exploration Drilling) အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုအတူ POSCO International Corporationကလည်း ရခိုင်ကမ်းလွန်ရှိ Block A-1 တွင် လက်ရှိ လည်ပတ်ထုတ်လုပ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းကို အဆင့်မြှင့်တင်ရန်အတွက် သဘာဝဓာတ်ငွေ့စမ်းသပ်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်မည်ဟုဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းသည် ကမ်းလွန်လုပ်ကွက် A-1နှင့် A-3 တွင်ရှိပြီး ကိုရီးယားကုမ္ပဏီ POSCO က ရှယ်ယာ ၅၁ ရာခိုင်နှုန်း ၊ Korea gas က ၈ ဒသမ ၅ ရာခိုင်နှုန်း၊ MOGEက ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ ONGC Videsh (India)က ရှယ်ယာ ၁၇ ရာခိုင်နှုန်းနှင့် GAIL (India)က ရှယ်ယာ ၈ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်သည်။

Woodside Energy (Myan-mar) Pte Ltd. မှာ သြစတြေးလျ နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ထားသည်။ ၂၀၁၅ ခုနှစ်မှ စတင်ပြီး ရခိုင်နှင့်ဧရာဝတီကမ်းလွန်တို့တွင် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရခိုင္ကမ္းလြန္ေျမာက္ပိုင္းတြင္ တ႐ုတ္ကုမၸဏီႏွင့္ ဩစေၾတးလ်ကုမၸဏီေပါင္း၍ သဘာဝဓာတ္ေငြ႕တူးေဖာ္ရွာေဖြ

ရခိုင္ကမ္းလြန္ေျမာက္ပိုင္းတြင္ ဩစေၾတးလ်ကုမၸဏီ Woodside က တ႐ုတ္ကုမၸဏီ CNPC ႏွင့္ ပူးေပါင္း၍ သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း Woodsideက ထုတ္ျပန္သည္။

ရခိုင္ကမ္းလြန္ေျမာက္ပိုင္းရွိ AD-1, AD-8 လုပ္ကြက္ႏွစ္ခုကို ၂၀၂၀အတြင္း စမ္းသပ္တူးေဖာ္ေရးတြင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ထိုလုပ္ကြက္မ်ားကို တ႐ုတ္ကုမၸဏီႏွင့္ ရွယ္ယာထက္ဝက္စီပိုင္ဆိုင္ထားသည္ဟု ဩစေၾတးလ်ကုမၸဏီကဆိုသည္။

ထိုလုပ္ကြက္မ်ားတြင္ တ႐ုတ္ကုမၸဏီ CNPC က ေအာ္ပေရတာျဖစ္ၿပီး woodside ကုမၸဏီက နည္းပညာပိုင္းဆိုင္ရာ ေအာ္ပေရတာအျဖစ္ေဆာင္႐ြက္မည္ျဖစ္သည္။ ကုမၸဏီတစ္ခုလွ်င္ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္းစီပိုင္ဆိုင္ထားသည္ဟုဆိုသည္။

AD-8 လုပ္ကြက္တြင္ သဘာဝဓာတ္ေငြ႕တြင္း ၈ တြင္းတူးမည္ျဖစ္ၿပီး ၅ ႏွစ္ၾကာေဆာင္႐ြက္မည္ဟု ဆိုသည္။ ၂၀၂၀ တြင္ သုံးတြင္းႏွင့္ က်န္တြင္းမ်ားကို ၂၀၂၂-၂၄အတြင္း အၿပီးတူးေဖာ္သြားမည္ဟု ကုမၸဏီက ထုတ္ျပန္သည္ အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

AD-1 လုပ္ကြက္ကို ၂၀၂၀မွစတင္ၿပီး ေလးႏွစ္ၾကာ တြင္းတူးေဖာ္ေရးေဆာင္႐ြက္မည္ျဖစ္ၿပီး စုစုေပါင္းတြင္း ၈ တြင္းတူးေဖာ္သြားမည္ဟုဆိုသည္။ ထိုလုပ္ကြက္မွ ၂၀၁၈ တြင္ ေအာင္သိဒၶိတြင္းကို တူးေဖာ္ရာတြင္ ေအာင္ျမင္ခဲ့သည္ဟုဆိုသည္။

Woodside Energy (Myanmar) Pte Ltd သည္ ရခိုင္ကမ္းလြန္ရွိ Block AD-8 တြင္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ စမ္းသပ္တူးေဖာ္ျခင္းလုပ္ငန္း(Exploration Drilling) အား အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ ျဖစ္သည္ဟု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက ဇူလိုင္ ၁၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ထိုအတူ POSCO International Corporationကလည္း ရခိုင္ကမ္းလြန္ရွိ Block A-1 တြင္ လက္ရွိ လည္ပတ္ထုတ္လုပ္ေနသည့္ ေ႐ႊသဘာဝဓာတ္ေငြ႕ထုတ္လုပ္ေရးစီမံကိန္းကို အဆင့္ျမႇင့္တင္ရန္အတြက္ သဘာဝဓာတ္ေငြ႕စမ္းသပ္တူးေဖာ္ေရးလုပ္ငန္းေဆာင္႐ြက္မည္ဟုဆိုသည္။

ေ႐ႊသဘာဝဓာတ္ေငြ႕ထုတ္လုပ္ေရး စီမံကိန္းသည္ ကမ္းလြန္လုပ္ကြက္ A-1ႏွင့္ A-3 တြင္ရွိၿပီး ကိုရီးယားကုမၸဏီ POSCO က ရွယ္ယာ ၅၁ ရာခိုင္ႏႈန္း ၊ Korea gas က ၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ MOGEက ရွယ္ယာ ၁၅ ရာခိုင္ႏႈန္း၊ ONGC Videsh (India)က ရွယ္ယာ ၁၇ ရာခိုင္ႏႈန္းႏွင့္ GAIL (India)က ရွယ္ယာ ၈ ဒသမ ၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ျခင္းျဖစ္သည္။

Woodside Energy (Myan-mar) Pte Ltd. မွာ ၾသစေၾတးလ် ႏိုင္ငံအေျခစိုက္ကုမၸဏီတစ္ခုျဖစ္ၿပီး ၂၀၁၃ ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ၿပီး ရန္ကုန္ၿမိဳ႕၌ ႐ုံးခြဲဖြင့္လွစ္ထားသည္။ ၂၀၁၅ ခုႏွစ္မွ စတင္ၿပီး ရခိုင္ႏွင့္ဧရာ၀တီကမ္းလြန္တို႔တြင္ သဘာဝဓာတ္ေငြ႕တူးေဖာ္ရွာေဖြေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service