နိုင်ငံခြားအသေးစားလုပ်ငန်း သုံးခုက ပြည်တွင်းတောင်သူများအတွက် ဒေါ်လာ ၁၄ သန်းထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
803 Views

နိုင်ငံခြားအသေးစားလုပ်ငန်း သုံးခုက ပြည်တွင်းတောင်သူများအတွက် ဒေါ်လာ ၁၄ သန်းထုတ်ချေးမည်

[Unicode]

ဖင်လန်၊ နော်ဝေးနှင့်ပြင်သစ်တို့မှ ငွေကြေးအဖွဲ့အစည်းများက ပြည်တွင်းရှိ လုပ်ကွက်ငယ်တောင်သူများအတွက် ဒေါ်လာ ၁၄ သန်းထုတ်ချေးရန် သဘောတူခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းများက ထုတ်ပြန်သည်။

အကျိုးအမြတ်တန်းတူရရှိသည့် လုပ်ငန်းပူးပေါင်းလုပ်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုချေးငွေကို ပြည်တွင်းရှိ Proximity အသေးစားချေးငွေလုပ်ငန်းဖြင့် ဖင်လန်နိုင်ငံမှ Finnfund, နော်ဝေး အခြေစိုက် Nordic Microfinance Initiative အသေးစားချေးငွေလုပ်ငန်း နှင့် ပြင်သစ် အသေးစားချေးငွေလုပ်ငန်း Proparco တို့က သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုချေးငွေကို ယူသူများ၏ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ပြီး ယခု ရင်းနှီးမြှုပ်နှံမှုသည် ကျား၊ မ တန်းတူညီမျှမှု ကတိကဝတ် အကျုံးဝင်သည်ဟုဆိုသည်။

ထိုငွေကြေးသည် ပြည်တွင်းရှိ လုပ်ကွက်ငယ်တောင်သူများအတွက် စိုက်ကွက်နည်းပညာ၊ သီးနှံစိုက်ပျိုးရေး အကြံဉာဏ်များနှင့် ငွေကြေးအရင်းအနှီးအတွက် ထုတ်ချေးသွားမည်ဟုဆိုသည်။

ထိုသိုသဘောတူညီမူစာချုပ်ကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပြီးပါက ပြည်တွင်းမှ Proximityက လေးနှစ်အတွင်း အိမ်ထောင်စု သုံးသောင်းအတွက် ချေးငွေများ ထုတ်ပေးသွားမည်ဟု ဆိုသည်။ ထိုပြင် စွန့်ဦးတီထွင်ဆောင်ရွက်လိုသည့် စိုက်ပျိုးရေး တောင်သူများကိုလည်း ချေးငွေများ ထုတ်ချေးပေးသွားမည်ဟုဆိုသည်။

“ တောင်သူတွေရဲ့ ငွေကြေးလိုအပ်ချက်က စိုက်ပျိုးရာသီချိန်ပေါ်မှုတည်ပြီး စိန်ခေါ်မှုတွေများစွာ ရှိနိုင်တာကြောင့် ကျွန်မတို့က တောင်သူလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ ချေးငွေပုံစံကို ဖော်ဆောင်ထားရှိပြီး ဝန်ဆောင်မှုတွေ ပေးနေတာပါ”ဟု Proximity Finance ၊ အမှုဆောင်အရာရှိချုပ်၊ Hedvig Sundberg ပြောသည်။

Proparco ၊မြောက်အာရှနှင့်အရှေ့တောင် အာရှဒေသ ‌တာဝန်ခံဒါရိုက်တာ Magali Roux က ထိုချေးငွေသည် မြန်မာနိုင်ငံ၏ ကျေးလက်လူဦးရေး သန်း ၃၀ကို ဘဏ္ဍာရေးဝန်ဆောင်မှုပေးခြင်းဖြစ်သည်ဟုဆိုသည်။

ယခုချေးငွေသည် ဘဏ္ဍာရေးကဏ္ဍတွင် အားလုံးပါဝင်ရေး၊ လုပ်ကွက်ငယ်တောင်သူများနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်ဖြစ်သည်ဟု Finnfund ၏ ရင်းနှီးမြှုပ်နှံမှုမန်နေဂျာ ၊ Ulla Huotari က ပြောသည်။

Proparco သည် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ(AFD)၏ ပုဂ္ဂလိကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တည်ထောင်ထားသည့် ငွေကြေးအဖွဲ့အစည်းဖြစ်သည်။ Finnfundသည် ဖင်လန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် ဖွံ့ဖြိုးရေး အဖွဲ့အစည်းဖြစ်သည်။ Nordic Microfinance Initiative သည် နော်ဝေးနိုင်ငံတွင် ပုဂ္ဂလိနှင့်အစိုးရ ပူးပေါင်းဆောင်ရွက်ဖွဲ့စည်းထားသည့် အသေးစားချေးငွေလုပ်ငန်းတစ်ခုဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံျခားအေသးစားလုပ္ငန္း သုံးခုက ျပည္တြင္းေတာင္သူမ်ားအတြက္ ေဒၚလာ ၁၄ သန္းထုတ္ေခ်းမည္

ဖင္လန္၊ ေနာ္ေဝးႏွင့္ျပင္သစ္တို႔မွ ေငြေၾကးအဖြဲ႕အစည္းမ်ားက ျပည္တြင္းရွိ လုပ္ကြက္ငယ္ေတာင္သူမ်ားအတြက္ ေဒၚလာ ၁၄ သန္းထုတ္ေခ်းရန္ သေဘာတူခဲ့ေၾကာင္း အဆိုပါအဖြဲ႕အစည္းမ်ားက ထုတ္ျပန္သည္။

အက်ိဳးအျမတ္တန္းတူရရွိသည့္ လုပ္ငန္းပူးေပါင္းလုပ္ေဆာင္မႈ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္သည္ဟုထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထိုေခ်းေငြကို ျပည္တြင္းရွိ Proximity အေသးစားေခ်းေငြလုပ္ငန္းျဖင့္ ဖင္လန္ႏိုင္ငံမွ Finnfund, ေနာ္ေဝး အေျခစိုက္ Nordic Microfinance Initiative အေသးစားေခ်းေငြလုပ္ငန္း ႏွင့္ ျပင္သစ္ အေသးစားေခ်းေငြလုပ္ငန္း Proparco တို႔က သေဘာတူခဲ့ျခင္းျဖစ္သည္။

ထိုေခ်းေငြကို ယူသူမ်ား၏ ၆၀ ရာခိုင္ႏႈန္းသည္ အမ်ိဳးသမီးမ်ား ျဖစ္ၿပီး ယခု ရင္းႏွီးျမႇဳပ္ႏွံမႈသည္ က်ား၊ မ တန္းတူညီမွ်မႈ ကတိကဝတ္ အက်ဳံးဝင္သည္ဟုဆိုသည္။

ထိုေငြေၾကးသည္ ျပည္တြင္းရွိ လုပ္ကြက္ငယ္ေတာင္သူမ်ားအတြက္ စိုက္ကြက္နည္းပညာ၊ သီးႏွံစိုက္ပ်ိဳးေရး အႀကံဉာဏ္မ်ားႏွင့္ ေငြေၾကးအရင္းအႏွီးအတြက္ ထုတ္ေခ်းသြားမည္ဟုဆိုသည္။

ထိုသိုသေဘာတူညီမူစာခ်ဳပ္ကို ေငြေရးေၾကးေရးႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာနမွ ခြင့္ျပဳခ်က္ရရွိၿပီးပါက ျပည္တြင္းမွ Proximityက ေလးႏွစ္အတြင္း အိမ္ေထာင္စု သုံးေသာင္းအတြက္ ေခ်းေငြမ်ား ထုတ္ေပးသြားမည္ဟု ဆိုသည္။ ထိုျပင္ စြန႔္ဦးတီထြင္ေဆာင္႐ြက္လိုသည့္ စိုက္ပ်ိဳးေရး ေတာင္သူမ်ားကိုလည္း ေခ်းေငြမ်ား ထုတ္ေခ်းေပးသြားမည္ဟုဆိုသည္။

“ ေတာင္သူေတြရဲ႕ ေငြေၾကးလိုအပ္ခ်က္က စိုက္ပ်ိဳးရာသီခ်ိန္ေပၚမႈတည္ၿပီး စိန္ေခၚမႈေတြမ်ားစြာ ရွိႏိုင္တာေၾကာင့္ ကြၽန္မတို႔က ေတာင္သူလိုအပ္ခ်က္နဲ႔ ကိုက္ညီမႈရွိတဲ့ ေခ်းေငြပုံစံကို ေဖာ္ေဆာင္ထားရွိၿပီး ဝန္ေဆာင္မႈေတြ ေပးေနတာပါ”ဟု Proximity Finance ၊ အမႈေဆာင္အရာရွိခ်ဳပ္၊ Hedvig Sundberg ေျပာသည္။

Proparco ၊ေျမာက္အာရွႏွင့္အေရွ႕ေတာင္ အာရွေဒသ ‌တာဝန္ခံဒါ႐ိုက္တာ Magali Roux က ထိုေခ်းေငြသည္ ျမန္မာႏိုင္ငံ၏ ေက်းလက္လူဦးေရး သန္း ၃၀ကို ဘ႑ာေရးဝန္ေဆာင္မႈေပးျခင္းျဖစ္သည္ဟုဆိုသည္။

ယခုေခ်းေငြသည္ ဘ႑ာေရးက႑တြင္ အားလုံးပါဝင္ေရး၊ လုပ္ကြက္ငယ္ေတာင္သူမ်ားႏွင့္ အမ်ိဳးသမီးမ်ား၏ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးရန္ျဖစ္သည္ဟု Finnfund ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမန္ေနဂ်ာ ၊ Ulla Huotari က ေျပာသည္။

Proparco သည္ ျပင္သစ္ဖြံ႕ျဖိဳးေရးေအဂ်င္စီ(AFD)၏ ပုဂၢလိက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ တည္ေထာင္ထားသည့္ ေငြေၾကးအဖြဲ႕အစည္းျဖစ္သည္။ Finnfundသည္ ဖင္လန္ႏိုင္ငံ၏ ဘ႑ာေရးက႑တြင္ ဖြံ႕ၿဖိဳးေရး အဖြဲ႕အစည္းျဖစ္သည္။ Nordic Microfinance Initiative သည္ ေနာ္ေဝးႏိုင္ငံတြင္ ပုဂၢလိႏွင့္အစိုးရ ပူးေပါင္းေဆာင္႐ြက္ဖြဲ႕စည္းထားသည့္ အေသးစားေခ်းေငြလုပ္ငန္းတစ္ခုျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service