အဝတ်အခြောက်ခံစက်အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
4065 Views
အဝတ်အခြောက်ခံစက်အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ
Knowledge | Posted by Hnin Ei Khin
[Unicode]
အခုလိုမိုးတွင်းကာလမှာ အဝတ်အခြောက်ခံစက် ရှိတာဟာ ယေဘုယျအားဖြင့်တော့ ကောင်းတယ်လို့ဆိုရမယ်ဆိုပေမဲ့ ဝယ်သင့်မဝယ်သင့်စဉ်းစားနေဆဲအခြေအနေမှာဆိုရင်တော့ မိမိအတွက်သင့်လျော်မလျော်ချင့်ချိန်ဆုံးဖြတ်နိုင်စေဖို့ အဝတ်အခြောက်ခံစက်ရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
အဝတ်ခြောက်ခံစက်အသုံးပြုခြင်း၏ ကောင်းကျိုးများ
- လှန်းထားတဲ့အဝတ်တွေ နေမပူလို့မခြောက်မှာကို မစိုးရိမ်ရတော့ပါဘူူး။
- အချိန်ကုန်လူပင်ပန်းသက်သာစေပါတယ်။ အဝတ်လှန်းရတဲ့အလုပ် မရှိတော့တာကြောင့် လူပင်ပန်းသက်သာပြီး စက်ထဲမှာ အချိန်တိုအတွင်း ခြောက်သွေ့သွားတာကြောင့် အချိန်ကုန်သက်သာစေပါတယ်။
- လှန်းထားတဲ့အဝတ်တွေကို မမြင်ရတော့တာကြောင့် နေအိမ်ကိုသပ်ရပ်စေပါတယ်။
- အဝတ်အခြောက်ခံစက်နဲ့အခြောက်ခံထားတဲ့အဝတ်တွေဟာ မီးပူတိုက်ရလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဝတ်အခြောက်ခံစက်တွေကို အဝတ်တွေတွန့်မကြေသွားအောင် ဒီဇိုင်းထွင်ထားတာကြောင့်ပါ။
- ရာသီဥတုကို အကဲခတ်စောင့်ကြည့်ခန့်မှန်းနေစရာမလိုတော့ပါဘူး။ အဝတ်အခြောက်ခံစက်ရှိလို့ကတော့ မိုးရွာသည်ဖြစ်စေ၊ နှင်းကျသည်ဖြစ်စေ ရာသီဥတုချိန်ခါမရွေး သင့်အဝတ်တွေနွေးထွေးခြောက်သွေ့နေမှာပဲ ဖြစ်ပါတယ်။
အဝတ်ခြောက်ခံစက်အသုံးပြုခြင်း၏ ဆိုးကျိုးများ
- ဘယ်တံဆိပ်ဘယ်အမျိုးအစားဖြစ်ဖြစ် အဝတ်ခြောက်ခံစက်တစ်ခုရဲ့ ဈေးနှုန်းဟာ မသေးပါဘူး။
- သူ့ရဲ့ငွေကြေးအဖိုးအခအပြင် သူ့ကိုအသုံးပြုချိန်မှာ မီတာခနဲ့ ပြုပြင်ထိန်းသိမ်းခတွေကလည်း ရှိပါသေးတယ်။ အဝတ်အခြောက်ခံစက်ဝယ်ယူတဲ့အခါ ဘယ်လောက်ဝပ်ပမာဏမီးစားလည်းဆိုတာကိုပါ ကြည့်ရှုပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။
- အဝတ်အခြောက်ခံစက်ဟာ အဝတ်အထည်တွေကို နူးညံ့စေပါတယ်။ ဒါကြောင့် အဝတ်အခြောက်ခံစက်အသုံးပြုတယ်ဆိုရင် အဝတ်အထည်တွေမပျက်စီးစေဖို့ ဂရုစိုက်ဖို့လိုပါတယ်။ အဝတ်အခြောက်ခံစက်နဲ့အခြောက်ခံလို့ရတဲ့အဝတ်ဟုတ်မဟုတ်၊ ရတယ်ဆိုလည်း ဘယ်လိုအနေအထားနဲ့အခြောက်ခံရမယ်ဆိုတာကို အထည်တိုင်းရဲ့လေဘယ်လ်တွေမှာ သေချာဖတ်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
- လှန်းထားတဲ့အဝတ်တွေ နေမပူလို့မခြောက်မှာကို မစိုးရိမ်ရတော့ပါဘူး။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Upcoming Property Events
From 08 Jul To 08 Aug
Central Shophouse
From 09 Aug To 10 Aug
THADAR CONDOMINIUM
From 09 Aug To 10 Aug
Mingalar Market
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service