မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ - Property Knowledge in Myanmar from iMyanmarHouse.com
1856 Views

မိဘတစ်ဦးဦးကွယ်လွန်ပြီးနောက် ကျန်ရစ်သားသမီးများရထိုက်သည့် အမွေဝေစုများ

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

မိခင်ဖြစ်စေ၊ ဖခင်ဖြစ်စေ ၂ဦးအနက်မှ တစ်ဦးကွယ်လွန်ခဲ့ပြီး ကျန်ရစ်သူမိဘသည် နောက်အိမ်ထောင်ပြု သည့်အခါ ကွယ်လွန်သူနှင့် ရရှိခဲ့သော သားသမီးများသည် ကွယ်လွန်သူ၏အမွေဝေစုကို ရရှိသည်။

အကယ်၍ သေဆုံးသူ၏အမွေဝေစုကို ရယူခဲ့ပြီးဖြစ်လျှင် ကျန်ရစ်သူမိဘမှ ကွယ်လွန်သည့်အခါတွင် အမွေတောင်းခံခွင့် မရှိတော့ပါ။

အကယ်၍ သေဆုံးသူအမွေဝေစုကို အမွေတောင်းခံခြင်းမရှိခဲ့လျှင် ကျန်ရစ်သူမိဘကွယ်လွန်ပြီး နောက်အိမ်ထောင်ဖြစ်သော မိထွေး၊ ပထွေးထံမှ အမွေတောင်းခံခွင့်ရှိပါသည်။

ဖခင်ဖြစ်သူနှင့် မိထွေးတို့ပိုင်အမွေဝေစု၏ (၆)ပုံ (၁)ပုံကိုသာ လင်ပါ မယားပါသားသမီးတို့ ရပိုင်ခွင့်ရှိသည်။သို့သော် ယင်းဥပဒေသည် တစ်လင်တစ်မယားအိမ်ထောင်ရေး ဥပဒေနှင့်သာ သက်ဆိုင် ပါသည်။

ဇနီးဖြစ်သူသေဆုံး၍ နောက်ထပ်အိမ်ထောင်ပြုခြင်းသည်လည်း တစ်လင်တစ်မယား အိမ်ထောင်ရေးအဖြစ် အကျုံးဝင်ပါသည်။ မယားပြိုင်များ ရှိသော အိမ်ထောင်နှင့် သက်ဆိုင်သော ဓမ္မသတ်များမရှိပါ။

လင်ပါသားသမီး မယားပါသားသမီးများသည် သေဆုံးသူဖခင်ရင်း၏ဝေစုကိုသာလျှင် အထိုက်အလျောက် အမွေရခွင့်ရှိပါကြောင်း အမွေမှုစီရင်ထုံးများတွင် ဖော်ညွှန်းထားပါသည်။

မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် အမွေမတောင်းခဲ့သော လင်ပါသားသမီးများသည် ၎င်းတို့၏ဖခင်ရင်းပါ ကွယ်လွန်သည့်အခါ မိခင်ထံမှရရှိရမည့် ကျန်ရစ်အမွေများအပြင် ဖခင်အရင်း၏ အပြီးအပိုင်ရရှိပြီးဖြစ်သော အမွေဝေစုတို့ကို မိထွေးနှင့်ပူးတွဲ အမွေဆက်ခံခွင့်ရှိပါသည်။ ထိုအမွေဝေစုများကို မိထွေးတစ်ဦးတည်း ပိုင်ဆိုင်အကျိုးခံစားခွင့် မရှိပါဟု ဓမ္မသတ်များတွင် ဖော်ပြထားပါသည်။

အမွေမှုဆိုင်ရာ ဗဟုသုတရစေရန် ရည်ရွယ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service