လယ္ေျမမ်ားကို ငါးေမြးကန္ေျပာင္းရာတြင္ အာဆီယံစံႏႈန္းစနစ္ေဆာင္႐ြက္မွသာ ခြင့္ျပဳေပးမည္ဟု ဝန္ႀကီးဆို - Property News in Myanmar from iMyanmarHouse.com
3063 Views

လယ္ေျမမ်ားကို ငါးေမြးကန္ေျပာင္းရာတြင္ အာဆီယံစံႏႈန္းစနစ္ေဆာင္႐ြက္မွသာ ခြင့္ျပဳေပးမည္ဟု ဝန္ႀကီးဆို

### Zawgyi Version ###

လယ္ေျမမ်ားကို ငါးေမြးကန္အျဖစ္ေျပာင္းလဲေလွ်ာက္ထားရာတြင္ အာဆီယံ GAqP စနစ္ကို အသုံးျပဳမွသာ ခြင့္ျပဳေပးေတာ့မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက ေျပာသည္။

ေကာင္းမြန္ေသာ ေရသတၱဝါ ေမြးျမဴေရးက်င့္စဥ္ (GAqP) စနစ္သည္ ၂၀၁၅ အာဆီယံစီးပြားေရး အသိုက္အဝန္းအေကာင္အထည္ေဖာ္ေရး သေဘာတူညီမူအရျဖစ္သည္။

ထိုစနစ္ က်င့္သုံးျခင္းသည္ ႏိုင္ငံျခားဝင္ေငြရရန္သာမက ျပည္တြင္းစားသုံးမႈတြင္ ေဘးအႏၲရာယ္ကင္းေစရန္ျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

ေမြးျမဴေရးငါး၊ ပုစြန္ႏွင့္ ကဏန္းေပ်ာ့မ်ားကို ဥေရာပႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ေရး ဓာတ္ႂကြင္း ထိန္းခ်ဳပ္မႈကို ႏိုင္ငံေတာ္အဆင့္ ေဆာင္႐ြက္ပုံအစီအစဥ္ကို ဥေရာပသမဂၢသို႔ တင္ခဲ့သည္။ နမူနာေကာက္ ဓာတ္ခြဲစစ္ေဆးမႈ ရလဒ္ေကာင္းမ်ားေၾကာင့္ ဥေရာပသို႔ ေမြးျမဴေရးငါးတင္ပို႔ ခြင့္ရသည္ဟုဆိုသည္။ သို႔ေသာ္ အာဆီယံသတ္မွတ္ခ်က္ျဖစ္သည့္ GAqP စနစ္ အေကာင္အထည္ေဖာ္ၿပီးမွသာ ဆက္လက္တင္ပို႔ခြင့္ျပဳမည္ဟု ဝန္ႀကီးကဆိုသည္။

ဥေရာပႏိုင္ငံမ်ားသို႔ ေရ ထြက္ကုန္ပစၥည္း တင္ပို႔ခြင့္ရသည့္ စက္႐ုံ ၂၅ ႐ုံရွိၿပီး ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း EU ႏိုင္ငံမ်ားသို႔ ျမန္မာ့ေရထြက္ပို႔ကုန္တန္ခ်ိန္ ၁၀,၀၀၀ ေက်ာ္ တင္ပို႔ခဲ့သည္။

ျမန္မာ့ေရထြက္ကုန္မ်ားကို ၂၀၁၈ ကစ၍ တ႐ုတ္၊ ထိုင္း၊ ေဆာ္ဒီ၊ ဂ်ပန္ႏိုင္ငံ အပါအဝင္ ႏိုင္ငံ ၄၀ ေက်ာ္သို႔ တင္ပို႔ေနသည္။ ျပည္ပငါးတင္ပို႔မႈတြင္ ငါးသေလာက္၊ ကကတစ္၊ ငါးျမစ္ခ်င္း၊ ငါးခုံးမ၊ ငါးတန္ စသည့္ ငါးအမ်ိဳးအစား ၂၀ ေက်ာ္ရွိ သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

လယ်မြေများကို ငါးမွေးကန်အဖြစ်ပြောင်းလဲလျှောက်ထားရာတွင် အာဆီယံ GAqP စနစ်ကို အသုံးပြုမှသာ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) စနစ်သည် ၂၀၁၅ အာဆီယံစီးပွားရေး အသိုက်အဝန်းအကောင်အထည်ဖော်ရေး သဘောတူညီမူအရဖြစ်သည်။

ထိုစနစ် ကျင့်သုံးခြင်းသည် နိုင်ငံခြားဝင်ငွေရရန်သာမက ပြည်တွင်းစားသုံးမှုတွင် ဘေးအန္တရာယ်ကင်းစေရန်ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

မွေးမြူရေးငါး၊ ပုစွန်နှင့် ကဏန်းပျော့များကို ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရေး ဓာတ်ကြွင်း ထိန်းချုပ်မှုကို နိုင်ငံတော်အဆင့် ဆောင်ရွက်ပုံအစီအစဉ်ကို ဥရောပသမဂ္ဂသို့ တင်ခဲ့သည်။ နမူနာကောက် ဓာတ်ခွဲစစ်ဆေးမှု ရလဒ်ကောင်းများကြောင့် ဥရောပသို့ မွေးမြူရေးငါးတင်ပို့ ခွင့်ရသည်ဟုဆိုသည်။ သို့သော် အာဆီယံသတ်မှတ်ချက်ဖြစ်သည့် GAqP စနစ် အကောင်အထည်ဖော်ပြီးမှသာ ဆက်လက်တင်ပို့ခွင့်ပြုမည်ဟု ဝန်ကြီးကဆိုသည်။

ဥရောပနိုင်ငံများသို့ ရေ ထွက်ကုန်ပစ္စည်း တင်ပို့ခွင့်ရသည့် စက်ရုံ ၂၅ ရုံရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း EU နိုင်ငံများသို့ မြန်မာ့ရေထွက်ပို့ကုန်တန်ချိန် ၁၀,၀၀၀ ကျော် တင်ပို့ခဲ့သည်။

မြန်မာ့ရေထွက်ကုန်များကို ၂၀၁၈ ကစ၍ တရုတ်၊ ထိုင်း၊ ဆော်ဒီ၊ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံ ၄၀ ကျော်သို့ တင်ပို့နေသည်။ ပြည်ပငါးတင်ပို့မှုတွင် ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့် ငါးအမျိုးအစား ၂၀ ကျော်ရှိ သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service