ေပါင္ႏွံျခင္းကို မည္သို႔ေပါင္ႏွံရမည္နည္း။ မည္သည့္အခ်က္အလက္ေတြ သိထားသင့္သလဲ။ မွတ္ပံုတင္ဖို႔လိုအပ္သလား? - Property Knowledge in Myanmar from iMyanmarHouse.com
8851 Views

ေပါင္ႏွံျခင္းကို မည္သို႔ေပါင္ႏွံရမည္နည္း။ မည္သည့္အခ်က္အလက္ေတြ သိထားသင့္သလဲ။ မွတ္ပံုတင္ဖို႔လိုအပ္သလား?

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

ေပါင္ႏွံျခင္းႏွင့္ပတ္သက္ၿပီး (၂) မ်ိဳးရွိပါတယ္။ ပိုင္ဆိုင္မႈစာရြက္စာတမ္းကိုအပ္ႏွံ၍ ေပါင္ႏွံျခင္း၊ မေရႊ႕ မေျပာင္းႏိုင္သည့္ပစၥည္းကို လက္ေရာက္အပ္ႏွံ၍ ေပါင္ႏွံျခင္းတို႔ျဖစ္ပါသည္။ ပိုင္ဆိုင္မႈစာရြက္စာတမ္းကိုအပ္ႏွံျခင္းသည္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရန္မလိုအပ္ပါ။ သို႔ေသာ္ မေရႊ႕ မေျပာင္းႏိုင္ေသာပစၥည္းကိုလက္ေရာက္အပ္ႏွံ၍ ေပါင္ႏွံျခင္းျဖစ္လွ်င္ ေအာက္တြင္ေဖာ္ျပထားသည့္ ဥပေဒပုဒ္မအရ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရန္ လိုအပ္ပါသည္။

စာခ်ဳပ္စာတမ္းမ်ားမွတ္ပံုတင္ဥပေဒပုဒ္မ ၁၆ (ဂ)အရ တန္ဖိုးေငြက်ပ္တစ္သိန္းႏွင့္ အထက္ရွိသည့္ ပိုင္ဆိုင္ ခြင့္စာခ်ဳပ္ကို အပ္ႏွံ၍ ေပါင္ႏွံေငြေခ်းျခင္းမွတစ္ပါး ေပါင္ႏွံျခင္းကို ေပါင္ႏွံသူ လက္မွတ္ေရးထိုးၿပီး အနည္းဆံုး အသိသက္ေသႏွစ္ဦးက မွန္ကန္ေၾကာင္း ၀န္ခံလက္မွတ္ေရးထိုးထားသည့္ ေပါင္ႏွံျခင္းစာခ်ဳပ္မ်ားႏွင့္ ေပါင္ႏွံ ျခင္းဖ်က္သိမ္းေသာစာခ်ဳပ္မ်ား။ အေသးစားေငြေရးေၾကးေရး လုပ္ငန္းတြင္ ေခ်းေငြယူသည့္ အေသးစာေခ်းေငြစာခ်ဳပ္မ်ားကို ေအာက္ပါ ဥပေဒပုဒ္မအရ မွတ္ပံုတင္ျခင္းမွ ကင္းလြတ္ခြင့္ျပဳထားပါသည္။

အေသးစားေခ်းေငြလုပ္ငန္းဥပေဒပုဒ္မ ၆၁ အရ မွတ္ပံုတင္အက္ဥပေဒတြင္ မည္သုိ႕ပင္ပါရွိေစကာမူ အေသးစားေငြေရး ေၾကးေရးအဖြဲ႕အစည္းက ထုတ္ေပးေသာ အေသးစားေခ်းေငြႏွင့္စပ္လ်ဥ္း၍ ခ်ဳပ္ဆုိသည့္ စာခ်ဳပ္စာတမ္းသည္ မွတ္ပံုတင္ျခင္းမွ ကင္းလြတ္ခြင့္ရွိသည့္အျပင္ တည္ဆဲဥပေဒအရ တံဆိပ္ေခါင္းခြန္ ေပးေဆာင္ရျခင္းမွလည္း ကင္းလြတ္ ေစရမည္ ။

ပိုင္ဆိုင္မႈစာရြက္စာတမ္းအပ္ႏွံ၍ ေပါင္ႏွံျခင္းတြင္ ေခ်းေငြျပန္မဆပ္လွ်င္ တရားလိုမွ တရားစြဲဆိုၿပီး ေလလံတင္ေရာင္းခ်ျခင္းျဖင့္ ေခ်းေငြကို ျပန္လည္ေတာင္းယူသည္။ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို လက္ေရာက္အပ္ႏွံ၍ ေပါင္ႏွံျခင္းတြင္ ေခ်းေငြျပန္မဆပ္လွ်င္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းသည္ အေပါင္ဆံုးပစၥည္းျဖစ္သြားမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပေါင်နှံခြင်းနှင့်ပတ်သက်ပြီး (၂) မျိုးရှိပါတယ်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းကိုအပ်နှံ၍ ပေါင်နှံခြင်း၊ မရွှေ့ မပြောင်းနိုင်သည့်ပစ္စည်းကို လက်ရောက်အပ်နှံ၍ ပေါင်နှံခြင်းတို့ဖြစ်ပါသည်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းကိုအပ်နှံခြင်းသည် စာချုပ်စာတမ်းမှတ်ပုံတင်ရန်မလိုအပ်ပါ။ သို့သော် မရွှေ့ မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက် အပ်နှံ၍ ပေါင်နှံခြင်းဖြစ်လျှင် အောက်တွင်ဖော်ပြထားသည့် ဥပဒေပုဒ်မအရ စာချုပ် စာတမ်းမှတ်ပုံတင်ရန် လိုအပ်ပါသည်။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၁၆ (ဂ)အရ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသည့် ပိုင်ဆိုင် ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူ လက်မှတ်ရေးထိုးပြီး အနည်းဆုံး အသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံ ခြင်းဖျက်သိမ်းသောစာချုပ်များ။ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွင် ချေးငွေယူသည့် အသေးစာချေးငွေစာချုပ်များကို အောက်ပါ ဥပဒေပုဒ်မအရ မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါသည်။

အသေးစားချေးငွေလုပ်ငန်းဥပဒေပုဒ်မ ၆၁ အရ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းက ထုတ်ပေးသော အသေးစားချေးငွေနှင့်စပ်လျဉ်း၍ ချုပ်ဆု ိသည့် စာချုပ်စာတမ်းသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အပြင် တည်ဆဲဥပဒေအရ တံဆိပ်ခေါင်းခွန် ပေးဆောင်ရခြင်းမှလည်း ကင်းလွတ် စေရမည် ။ ပိုင်ဆိုင်မှုစာရွက်စာတမ်းအပ်နှံ၍ ပေါင်နှံခြင်းတွင် ချေးငွေပြန်မဆပ်လျှင် တရားလိုမှ တရားစွဲဆိုပြီး လေလံတင်ရောင်းချခြင်းဖြင့် ချေးငွေကို ပြန်လည်တောင်းယူသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရောက်အပ်နှံ၍ ပေါင်နှံခြင်းတွင် ချေးငွေပြန်မဆပ်လျှင် မရွှေ့မပြောင်းနိုင်သောပစ္စည်းသည် အပေါင်ဆုံးပစ္စည်းဖြစ်သွားမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service