ေျမငွားစာခ်ဳပ္(ဂရန္)ကို မည္သို႔သက္တမ္းတိုးရမလဲ။ မည္သည့္အခ်ိန္တြင္ေလွ်ာက္ထားရမလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
4759 Views

ေျမငွားစာခ်ဳပ္(ဂရန္)ကို မည္သို႔သက္တမ္းတိုးရမလဲ။ မည္သည့္အခ်ိန္တြင္ေလွ်ာက္ထားရမလဲ။

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

ႏွစ္သက္တမ္းအပိုင္းအျခားအလိုက္ထုတ္ေပးထားေသာ ေျမငွားဂရန္စာခ်ဳပ္မ်ား သက္တမ္းကုန္ဆံုး သြားပါက ေျမငွားဂရန္စာခ်ဳပ္ကို သက္တမ္းတိုးႁမွင့္ရန္အတြက္ သက္ဆိုင္ရာေကာ္မတီတြင္ သက္တမ္းတိုး ေလွ်ာက္ထားႏိုင္သည္။ ေျမငွားဂရန္စာခ်ဳပ္တြင္ သတ္မွတ္ထားေသာ ကာလကုန္ဆံုးရန္ (၃)လအလိုတြင္ ေျမငွားဂရန္အား သက္တမ္းတိုးေပးရန္ ေလွ်ာက္ထားရမည္။

ေလွ်ာက္ထားရာတြင္ ေအာက္ပါစာရြက္စာတမ္းမ်ားလိုအပ္မည္။

- သက္တမ္းကုန္ဆံုးေနသည့္ ေျမငွားဂရန္စာခ်ဳပ္၊

- မွတ္ပံုတင္ထားေသာ စာခ်ဳပ္စာတမ္း၊

- ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊

- ေျမငွားခေႂကြးက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ သို႔မဟုတ္ ေျမငွားခေနာက္ဆံုးေပးေဆာင္ၿပီး ေၾကာင္းေျပစာ စသည့္စာရြက္စာတမ္းမိတၱဴမ်ားကို မူရင္းႏွင့္တိုက္ဆိုင္စစ္ေဆးသည္။

အထက္ပါစာရြက္စာတမ္းမ်ား စစ္ေဆးၿပီးေနာက္ ကန္႔ကြက္ရန္ေၾကာ္ျငာစာကို ေျမျပင္တြင္တစ္ေစာင္၊ ေလွ်ာက္ထားသူသို႔တစ္ေစာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးတို႔ကို မိတၱဴေပးပို႔၍ လက္ခံရရွိေၾကာင္း လက္မွတ္ထိုးၿပီး ဌာနသို႔ ျပန္လည္တင္ျပရမည္။

ဌာနမွ ေျမျပင္ကြင္းဆင္းစစ္ေဆးျခင္းမ်ား၊ စာရြက္စာတမ္းစစ္ေဆးျခင္းမ်ား၊ ေျမစာရင္းအခ်က္အလက္မ်ားစစ္ေဆးျခင္းတို႔ကို ေဆာင္ရြက္ၿပီး ႏိုင္ငံပိုင္သတင္းစာတြင္ ကန္႔ကြက္ရန္ ရွိ/မရွိ သတင္းစာေၾကာ္ျငာၿပီး ကန္႔ကြက္သူမရွိပါက အဆင့္ဆင့္စိစစ္ၿပီး ေကာ္မတီ၀င္မ်ားအစည္းအေ၀းသို႔ တင္ျပခြင့္ျပဳခ်က္ရယူျခင္းမ်ား ေဆာင္ရြက္ပါသည္။ ခြင့္ျပဳခ်က္ရရွိပါက ၀န္ေဆာင္ခႏွင့္ ဂရန္စာအုပ္ဖိုး ေပးသြင္းေစၿပီး ဂရန္စာအုပ္အသစ္တြင္ ေျမစာရင္းမွ အတိုင္းအတာ ေျမပံုေရးဆြဲျခင္း၊ ေျမငွားစာခ်ဳပ္ခ်ျခင္းခံရသူႏွင့္သက္ေသတို႔ကို လက္မွတ္ေရးထိုး ေစၿပီး အဆင့္ဆင့္တင္ျပ၍ အတည္ျပဳလက္မွတ္ေရးထိုးၿပီးေနာက္ ေလွ်ာက္ထားသူအား ဂရန္စာအုပ္မူရင္း ထုတ္ေပးပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

### Unicode Version ###

 

နှစ်သက်တမ်းအပိုင်းအခြားအလိုက်ထုတ်ပေးထားသော မြေငှားဂရန်စာချုပ်များ သက်တမ်းကုန်ဆုံး သွားပါက မြေငှားဂရန်စာချုပ်ကို သက်တမ်းတိုးမြှင့်ရန်အတွက် သက်ဆိုင်ရာကော်မတီတွင် သက်တမ်းတိုး လျှောက်ထားနိုင်သည်။ မြေငှားဂရန်စာချုပ်တွင် သတ်မှတ်ထားသော ကာလကုန်ဆုံးရန် (၃)လအလိုတွင် မြေငှားဂရန်အား သက်တမ်းတိုးပေးရန် လျှောက်ထားရမည်။

လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများလိုအပ်မည်။

- သက်တမ်းကုန်ဆုံးနေသည့် မြေငှားဂရန်စာချုပ်၊

- မှတ်ပုံတင်ထားသော စာချုပ်စာတမ်း၊

- နိုင်ငံသားစိစစ်ရေးကတ်ပြား၊

- မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခနောက်ဆုံးပေးဆောင်ပြီး ကြောင်းပြေစာ စသည့်စာရွက်စာတမ်းမိတ္တူများကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးသည်။

အထက်ပါစာရွက်စာတမ်းများ စစ်ဆေးပြီးနောက် ကန့်ကွက်ရန်ကြော်ငြာစာကို မြေပြင်တွင်တစ်စောင်၊ လျှောက်ထားသူသို့တစ်စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ကို မိတ္တူပေးပို့၍ လက်ခံရရှိကြောင်း လက်မှတ်ထိုးပြီး ဌာနသို့ ပြန်လည်တင်ပြရမည်။

ဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ၊ စာရွက်စာတမ်းစစ်ဆေးခြင်းများ၊ မြေစာရင်းအချက်အလက်များစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကန့်ကွက်သူမရှိပါက အဆင့်ဆင့်စိစစ်ပြီး ကော်မတီဝင်များအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်းများ ဆောင်ရွက်ပါသည်။ ခွင့်ပြုချက်ရရှိပါက ဝန်ဆောင်ခနှင့် ဂရန်စာအုပ်ဖိုး ပေးသွင်းစေပြီး ဂရန်စာအုပ်အသစ်တွင် မြေစာရင်းမှ အတိုင်းအတာ မြေပုံရေးဆွဲခြင်း၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့်သက်သေတို့ကို လက်မှတ်ရေးထိုး စေပြီး အဆင့်ဆင့်တင်ပြ၍ အတည်ပြုလက်မှတ်ရေးထိုးပြီးနောက် လျှောက်ထားသူအား ဂရန်စာအုပ်မူရင်း ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service