ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ေက်းရြာခ်င္းဆက္ ကြန္ကရစ္လမ္းဖြင့္လွစ္ေပး - Property News in Myanmar from iMyanmarHouse.com
740 Views

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ေက်းရြာခ်င္းဆက္ ကြန္ကရစ္လမ္းဖြင့္လွစ္ေပး

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ပိုင္းခရိုင္၊ ခရမ္းၿမိဳ႕နယ္၊ က်ဳံတူး-ခင္တန္း-ရိုးႀကီး-လွဘီလူး-ပိန္းကန္ ေက်းရြာခ်င္းဆက္ ကြန္ကရစ္လမ္း ဖြင့္ပြဲ အခမ္းအနားကို ခရမ္းၿမိဳ႕နယ္၊၊ ပိန္းကန္ ေက်းရြာ၌ ဒီဇင္ဘာ ၂၀ ရက္ ျပဳလုပ္ရာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

ဝန္ႀကီးခ်ဳပ္က လမ္းေရရွည္တည္တံ့ခိုင္ျမဲဖို႔ ျပည္သူမ်ားက ဝိုင္းဝန္းထိန္းသိမ္းေစာင့္ေရွာက္ေပးဖို႔ လိုေၾကာင္း၊ ယခင္ေျမသားလမ္းမွကြန္ က ရစ္လမ္းျဖစ္လာကာကားမ်ားဝင္ႏိုင္ၿပီး ကုန္စည္မ်ား စီးဆင္းလို႔ရၿပီျဖစ္ေၾကာင္း၊ ေဒသဖြံ့ၿဖိဳးတိုးတက္ေရးကို ယခုလမ္းကေန အေျခ ျပဳၿပီး ေဆာင္ရြက္လို႔ရၿပီ ျဖစ္ေၾကာင္း၊ရြာတိုင္းရြာတိုင္း လမ္းခင္းနိုင္၊မီးထြန္းနိုင္ၿပီးေတာ့ ၿမိဳ႕ျပရဲ့ ဖြံ့ၿဖိဳးတိုးတက္မႈႏွင့္အတူ ေက်းလက္ေဒသကိုပါ တေျပးညီ ဖြံ့ၿဖိဳးတိုးတက္လာဖို႔ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ရြက္ၾကရမွာ ျဖစ္ေၾကာင္း၊ ယခုဖြင့္လိုက္သည့္ လမ္းေၾကာင့္ ေဒသခံ ျပည္သူလူထုမ်ား၏ လူမႈဘဝအတြက္ မ်ားစြာအေထာက္အကူျပဳမွာျဖစ္ၿပီး ကေလးငယ္မ်ား၏ ပညာေရး၊ က်န္းမာေရးကို အမ်ားႀကီး အေထာက္အကူျဖစ္မွာ ျဖစ္ေၾကာင္း ေျပာသည္။

ထို႔အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ စည္ပင္သာယာေကာ္မတီတို႔အၾကား ပူးေပါင္း၍ ခရမ္းၿမိဳ႕နယ္အတြင္းရွိ ရြာတိုင္းရြာတိုင္း လမ္းေဖာက္နိုင္ရန္ စီမံခ်က္တစ္ရပ္ေရးဆြဲၿပီး ႀကိဳးစားၾကရမွာျဖစ္ေၾကာင္း၊တိုင္းေဒသႀကီး အစိုးရအေနျဖင့္ ရြာတိုင္းရြာတိုင္း မီးလင္းနိုင္ေရးအ တြက္ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆက္လက္ေျပာၾကားခဲ့သည္။

ယခုလမ္းကို ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရးႏွစ္၊ ေက်းလက္ေဒသဖြံ့ၿဖိဳးေရးဦးစီးဌာန၏ ရန္ပုံေငြ (၁၉၉၅.၂၈)သန္းျဖင့္ Mega Resources Co.,Ltd ႏွင့္ တိုင္းထက္ေအာင္ကုမၸဏီတို႔မွ တာဝန္ယူေဆာင္ရြက္ခဲ့ေၾကာင္း၊လမ္းအရွည္(၅)မိုင္၊ (၃.၇၉)ဖာလုံ၊ (၂၉,ဝ၄၀)ေပ ရွိၿပီး လမ္း အက်ယ္မွာ (၁၂)ေပ၊ (ယာဥ္+ကုန္) တစ္စီးခ်င္းခံနိုင္ဝန္မွာ တန္(၂ဝ)ျဖစ္ေၾကာင္း၊ ယင္းစီမံကိန္းကို ၂၀၀၉ခုႏွစ္၊ မတ္လ(၅)ရက္ေန႔ တြင္ စတင္ခဲ့ၿပီး စက္တင္ဘာလ(၂၅)ရက္ေန႔တြင္ ၿပီးစီးခဲ့ေၾကာင္း သိရသည္။

ေက်းရြာအုပ္စု(၅)စု၊ ေက်းရြာေပါင္း(၂၁)ရြာ၊ အိမ္ေျခေပါင္း(၃,၁၈၄)အိမ္၊ အိမ္ေထာင္စု(၃,၂၆၄)စု၊ လူဦးေရ(၁၁,၇၄၄)ဦး၊ လယ္ယာထြက္ကုန္ ကုန္စည္စီးဆင္းမႈအတြက္ အေထာက္အကူျဖစ္ေသာ စိုက္ပ်ိဳးေျမဧက (၁၀,၂၇၁)ဧက၊ လမ္းပန္းဆက္သြယ္ေရး အေထာက္အကူျပဳ စာသင္ေက်ာင္း(၉)ေက်ာင္းႏွင့္ ေက်ာင္းသား၊ေက်ာင္းသူစုစုေပါင္း (၂,၀၉၁)ဦးအတြက္ ယခု ကြန္ကရစ္လမ္းက အက်ိဳးျပဳနိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 ### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ကျုံတူး-ခင်တန်း-ရိုးကြီး-လှဘီလူး-ပိန်းကန် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနားကို ခရမ်းမြို့နယ်၊၊ ပိန်းကန် ကျေးရွာ၌ ဒီဇင်ဘာ ၂၀ ရက် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်က လမ်းရေရှည်တည်တံ့ခိုင်မြဲဖို့ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုကြောင်း၊ ယခင်မြေသားလမ်းမှကွန် က ရစ်လမ်းဖြစ်လာကာကားများဝင်နိုင်ပြီး ကုန်စည်များ စီးဆင်းလို့ရပြီဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ယခုလမ်းကနေ အခြေ ပြုပြီး ဆောင်ရွက်လို့ရပြီ ဖြစ်ကြောင်း၊ရွာတိုင်းရွာတိုင်း လမ်းခင်းနိုင်၊မီးထွန်းနိုင်ပြီးတော့ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကျေးလက်ဒေသကိုပါ တပြေးညီ ဖွံ့ဖြိုးတိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ယခုဖွင့်လိုက်သည့် လမ်းကြောင့် ဒေသခံ ပြည်သူလူထုများ၏ လူမှုဘဝအတွက် များစွာအထောက်အကူပြုမှာဖြစ်ပြီး ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးကို အများကြီး အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်သာယာကော်မတီတို့အကြား ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ရွာတိုင်းရွာတိုင်း လမ်းဖောက်နိုင်ရန် စီမံချက်တစ်ရပ်ရေးဆွဲပြီး ကြိုးစားကြရမှာဖြစ်ကြောင်း၊တိုင်းဒေသကြီး အစိုးရအနေဖြင့် ရွာတိုင်းရွာတိုင်း မီးလင်းနိုင်ရေးအ တွက် ကြိုးစားသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ယခုလမ်းကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ရန်ပုံငွေ (၁၉၉၅.၂၈)သန်းဖြင့် Mega Resources Co.,Ltd နှင့် တိုင်းထက်အောင်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊လမ်းအရှည်(၅)မိုင်၊ (၃.၇၉)ဖာလုံ၊ (၂၉,ဝ၄၀)ပေ ရှိပြီး လမ်း အကျယ်မှာ (၁၂)ပေ၊ (ယာဉ်+ကုန်) တစ်စီးချင်းခံနိုင်ဝန်မှာ တန်(၂ဝ)ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ၂၀၀၉ခုနှစ်၊ မတ်လ(၅)ရက်နေ့ တွင် စတင်ခဲ့ပြီး စက်တင်ဘာလ(၂၅)ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း(၂၁)ရွာ၊ အိမ်ခြေပေါင်း(၃,၁၈၄)အိမ်၊ အိမ်ထောင်စု(၃,၂၆၄)စု၊ လူဦးရေ(၁၁,၇၄၄)ဦး၊ လယ်ယာထွက်ကုန် ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူဖြစ်သော စိုက်ပျိုးမြေဧက (၁၀,၂၇၁)ဧက၊ လမ်းပန်းဆက်သွယ်ရေး အထောက်အကူပြု စာသင်ကျောင်း(၉)ကျောင်းနှင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂,၀၉၁)ဦးအတွက် ယခု ကွန်ကရစ်လမ်းက အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service