အာရွပစိဖိတ္၏ ဟိုတယ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား သတ္မွတ္အဆင့္ ေဒၚလာ ၁၁ ဘီလ်ံကို ယခုႏွစ္တြင္ ေက်ာ္လြန္မည္

အာရွပစိဖိတ္၏ ဟိုတယ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား သတ္မွတ္အဆင့္ ေဒၚလာ ၁၁ ဘီလ်ံကို ယခုႏွစ္တြင္ ေက်ာ္လြန္မည္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 10:21 am တြင္ တင္ခဲ့သည္
496 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ျပည္ပ အိမ္ၿခံေျမ သတင္း | Posted by ေအးျမတ္သူ (iMyanmarHouse.com)

### Zawgyi Version ###

အာရွပစိဖိတ္တြင္ ဟိုတယ္အေရာင္းအဝယ္အေရအတြက္သည္ ယခု ၂၀၁၉ ခုႏွစ္ကုန္ထိ တစ္ႏွစ္တာအတြင္း ၂၅ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအၾကား ျမင့္တက္မည္ဟု ခန္႔မွန္းရသည္။ ယခုႏွစ္မကုန္မီ ထိုစုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ သတ္မွတ္အဆင့္ အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံကို ေက်ာ္လြန္မည္ဟု ကမာၻ႕အိမ္ၿခံေျမအတိုင္ပင္ခံကုမၸဏီ JLL က ခန္႔မွန္းလိုက္သည္။

“ စီးပြားေရးဆုိင္ရာရာသီဥတုအေျခအေနက သတိထားေနရတဲ့အေျခအေနျဖစ္ေနၿပီး ႏိုင္ငံေရးေလဆန္ေတြ ပိုမိုက်ယ္ျပန္႔လာေပမဲ့ ခရီးသြားလုပ္ငန္းဝယ္လိုအားေကာင္းလာၿပီး အာရွပစိဖိတ္ရွိဟုိတယ္ေတြက အလြန္အာ႐ံုစိုက္ခံလာရပါတယ္” ဟု JLL Hotels & Hospitality Asia Pacific ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) မိုက္ခ္ဘက္ခ်္လာက ေျပာၾကားခဲ့သည္။

၂၀၁၉ ၏ ဝယ္လိုအားအမ်ားစုကို ျပည္တြင္းေဖာက္သည္မ်ား၊ developer မ်ားႏွင့္ ပုဂၢလိကရွယ္ယာကုမၸဏီမ်ားက ျပဳလုပ္လာၾကျခင္းျဖစ္ေၾကာင္း၊ သတ္မွတ္အဆင့္ အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံကို ၂၀၁၅ ႏွင့္ ၂၀၁၇ ကသာ ေက်ာ္လြန္ထားေသးၿပီး ၂၀၁၉ သည္ ၿပီးခဲ့သည့္ ၁၀ ႏွစ္အတြင္း ထို ၂၀၁၅ ႏွင့္ ၂၀၁၇ ၿပီးလွ်င္ အေရာင္းအဝယ္တတိယအမ်ားဆံုးႏွစ္ျဖစ္မည္ျဖစ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

ယခုႏွစ္ ပထမကိုးလတာအတြင္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အာရွပစိဖိတ္ေဒသတြင္း အေမရိကန္ေဒၚလာ ၇ ဒသမ ၈ ဘီလ်ံတန္ဖိုးရွိ ဟိုတယ္မ်ားကို ဝယ္ယူခဲ့ၾကသည္။ ပမာဏအမ်ားစုျဖစ္ေသာ အေမရိကန္ေဒၚလာ ၃ ဘီလ်ံဖိုးနီးပါး အေရာင္းအဝယ္မ်ားမွာ 2019 Rugby World Cup ၊ 2020 Tokyo Olympic Games ႏွင့္ 2025 World Expo အပါအဝင္ ဂ်ပန္ရွိ အခမ္းအနားႀကီးမ်ားေၾကာင့္ ျဖစ္သည္။

“အဲ့ဒီအခမ္းအနားေတြက ေနထိုင္တည္းခိုမႈလိုအပ္ခ်က္ေတြကို ျမင့္တက္ေစမွာမို႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ဝယ္လိုအားကလည္း ျမင့္တက္လာတာပါ။ ဂ်ပန္ကေတာ့ အာရွပစိဖိတ္မွာ ယခုႏွစ္ရဲ႕ စြမ္းေဆာင္မႈအေကာင္းဆံုးေဈးကြက္ျဖစ္ၿပီး ယခုႏွစ္အတြင္း အေရာင္းအဝယ္ပမာဏ အေမရိကန္ေဒၚလာ ၄ ဘီလ်ံထိ စံခ်ိန္တင္ျမင့္တက္ေရာက္ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။” ဟုလည္း ဘက္ခ်္လာက ေျပာၾကားခဲ့သည္။

JLL Hotels & Hospitality ၏ အာရွရင္းႏွီးျမႇဳပ္ႏွံမႈအေရာင္းဌာနေခါင္းေဆာင္ႏွင့္ မန္ေနဂ်င္းဒါ႐ိုက္တာ နီဟက္အာကန္ကလည္း “ျပည္တြင္းေရာျပည္ပေရာက ရင္းႏွီးျမႇဳပ္ႏွံသူေတြက အာရွပစိဖိတ္ေဒသတစ္လႊားမွာ အျမတ္အစြန္းမ်ားမယ့္ အခြင့္အလမ္းေတြကို ရွာေဖြေနၾကတာေၾကာင့္ ဟိုတယ္လုပ္ငန္းက႑ဟာ ဆက္လက္ေတာက္ပေနမွာပါ။” ဟု ေျပာၾကားခဲ့သည္။

“ ဒီရင္းႏွီးျမႇဳပ္ႏွံမႈအဟုန္က အဲ့ဒီအေရာင္းအဝယ္ပမာဏကို ၂၀၂၀ ျပည့္ႏွစ္အထိ ဆက္ေခၚသြားမယ္လို႔ ကၽြန္ေတာ္တို႔ယံုၾကည္ပါတယ္” ဟုလည္း သူက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အာရှပစိဖိတ်တွင် ဟိုတယ်အရောင်းအဝယ်အရေအတွက်သည် ယခု ၂၀၁၉ ခုနှစ်ကုန်ထိ တစ်နှစ်တာအတွင်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား မြင့်တက်မည်ဟု ခန့်မှန်းရသည်။ ယခုနှစ်မကုန်မီ ထိုစုစုပေါင်းရင်းနှီးမြှုပ်နှံမှုများသည် သတ်မှတ်အဆင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို ကျော်လွန်မည်ဟု ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL က ခန့်မှန်းလိုက်သည်။

“ စီးပွားရေးဆိုင်ရာရာသီဥတုအခြေအနေက သတိထားနေရတဲ့အခြေအနေဖြစ်နေပြီး နိုင်ငံရေးလေဆန်တွေ ပိုမိုကျယ်ပြန့်လာပေမဲ့ ခရီးသွားလုပ်ငန်းဝယ်လိုအားကောင်းလာပြီး အာရှပစိဖိတ်ရှိဟိုတယ်တွေက အလွန်အာရုံစိုက်ခံလာရပါတယ်” ဟု JLL Hotels & Hospitality Asia Pacific ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) မိုက်ခ်ဘက်ချ်လာက ပြောကြားခဲ့သည်။

၂၀၁၉ ၏ ဝယ်လိုအားအများစုကို ပြည်တွင်းဖောက်သည်များ၊ developer များနှင့် ပုဂ္ဂလိကရှယ်ယာကုမ္ပဏီများက ပြုလုပ်လာကြခြင်းဖြစ်ကြောင်း၊ သတ်မှတ်အဆင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို ၂၀၁၅ နှင့် ၂၀၁၇ ကသာ ကျော်လွန်ထားသေးပြီး ၂၀၁၉ သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထို ၂၀၁၅ နှင့် ၂၀၁၇ ပြီးလျှင် အရောင်းအဝယ်တတိယအများဆုံးနှစ်ဖြစ်မည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

ယခုနှစ် ပထမကိုးလတာအတွင်း ရင်းနှီးမြှုပ်နှံသူများသည် အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလျံတန်ဖိုးရှိ ဟိုတယ်များကို ဝယ်ယူခဲ့ကြသည်။ ပမာဏအများစုဖြစ်သော အမေရိကန်ဒေါ်လာ ၃ ဘီလျံဖိုးနီးပါး အရောင်းအဝယ်များမှာ 2019 Rugby World Cup ၊ 2020 Tokyo Olympic Games နှင့် 2025 World Expo အပါအဝင် ဂျပန်ရှိ အခမ်းအနားကြီးများကြောင့် ဖြစ်သည်။

“အဲ့ဒီအခမ်းအနားတွေက နေထိုင်တည်းခိုမှုလိုအပ်ချက်တွေကို မြင့်တက်စေမှာမို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအားကလည်း မြင့်တက်လာတာပါ။ ဂျပန်ကတော့ အာရှပစိဖိတ်မှာ ယခုနှစ်ရဲ့ စွမ်းဆောင်မှုအကောင်းဆုံးဈေးကွက်ဖြစ်ပြီး ယခုနှစ်အတွင်း အရောင်းအဝယ်ပမာဏ အမေရိကန်ဒေါ်လာ ၄ ဘီလျံထိ စံချိန်တင်မြင့်တက်ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။” ဟုလည်း ဘက်ချ်လာက ပြောကြားခဲ့သည်။

JLL Hotels & Hospitality ၏ အာရှရင်းနှီးမြှုပ်နှံမှုအရောင်းဌာနခေါင်းဆောင်နှင့် မန်နေဂျင်းဒါရိုက်တာ နီဟက်အာကန်ကလည်း “ပြည်တွင်းရောပြည်ပရောက ရင်းနှီးမြှုပ်နှံသူတွေက အာရှပစိဖိတ်ဒေသတစ်လွှားမှာ အမြတ်အစွန်းများမယ့် အခွင့်အလမ်းတွေကို ရှာဖွေနေကြတာကြောင့် ဟိုတယ်လုပ်ငန်းကဏ္ဍဟာ ဆက်လက်တောက်ပနေမှာပါ။” ဟု ပြောကြားခဲ့သည်။

“ဒီရင်းနှီးမြှုပ်နှံမှုအဟုန်က အဲ့ဒီအရောင်းအဝယ်ပမာဏကို ၂၀၂၀ ပြည့်နှစ်အထိ ဆက်ခေါ်သွားမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟုလည်း သူက ပြောကြားခဲ့ကြောင်း သိရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ေနာက္ဆံုးရ အိမ္ၿခံေျမ သတင္းမ်ား

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၈ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့...
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၈ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုပေးခဲ့...
အိမ်ရာများရောင်းချရေး ကော်မတီက ရောင်းချရေးအပိုင်းကိုစိစစ်မည်
အိမ်ရာများရောင်းချရေး ကော်မတီက ရောင်းချရေးအပိုင်းကိုစိစစ်မည်
ကွန်ဒိုခန်းအသစ် တစ်သောင်းခွဲလောက် ထပ်ထွက်လာမယ်
ကွန်ဒိုခန်းအသစ် တစ်သောင်းခွဲလောက် ထပ်ထွက်လာမယ်
ရထားခရီးစဉ်အများစု ပြန်လည်ပြေးဆွဲပြီ
ရထားခရီးစဉ်အများစု ပြန်လည်ပြေးဆွဲပြီ
ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရန် ရိုလာကိုစတာစီးသူများကို စူးစူးဝါးဝါးမအော်ရဟု ပိတ်ပင်တားမြစ်...
ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရန် ရိုလာကိုစတာစီးသူများကို စူးစူးဝါးဝါးမအော်ရဟု ပိတ်ပင်တားမြစ်...
ကိုရိုနာဗိုင်းရပ်စ်ဟူသည် လိမ်ညာသည့်လှည့်ကွက်တစ်ခုသာဖြစ်သည်ဟုဆိုကာ Covid ပါတီပွဲ တက်ရောက်သူ covid-19 ဖြင့် သေဆုံး...
ကိုရိုနာဗိုင်းရပ်စ်ဟူသည် လိမ်ညာသည့်လှည့်ကွက်တစ်ခုသာဖြစ်သည်ဟုဆိုကာ Covid ပါတီပွဲ တက်ရောက်သူ covid-19 ဖြင့် သေဆုံး...
ခရီးသွားလုပ်ငန်းတွေ Social Disatncing ပုံစံသစ်နဲ့ပြန်လည်စတင်မယ်
ခရီးသွားလုပ်ငန်းတွေ Social Disatncing ပုံစံသစ်နဲ့ပြန်လည်စတင်မယ်
ငွေကျပ်ဘီလီယံ ၁၀၀ ကို အတိုး ၁ ရာခိုင်နှုန်း ဖြင့် ဒုတိယအကြိမ်ထုတ်ချေးမည်
ငွေကျပ်ဘီလီယံ ၁၀၀ ကို အတိုး ၁ ရာခိုင်နှုန်း ဖြင့် ဒုတိယအကြိမ်ထုတ်ချေးမည်
ချွေးမဖြစ်သူ မင်းသမီးအက်ရှ်ဝါယာရိုင်းအပါအဝင် အမီတာဘဂျမ်းတို့မိသားစု COVID-19 ကူးစက်ခံရ
ချွေးမဖြစ်သူ မင်းသမီးအက်ရှ်ဝါယာရိုင်းအပါအဝင် အမီတာဘဂျမ်းတို့မိသားစု COVID-19 ကူးစက်ခံရ
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာတွင် ရောင်းချရန် အခန်း ၁၂၀၀ သာကျန်တော့ဟု ဒုမြို့တော်ဝန်ပြော
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာတွင် ရောင်းချရန် အခန်း ၁၂၀၀ သာကျန်တော့ဟု ဒုမြို့တော်ဝန်ပြော

အိမ္ၿခံေျမ သတင္းမ်ားကို
Email ျဖင့္ ဖတ္ရန္

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)