ေျမကြက္တြင္ က်ဴးေက်ာ္သူသည္ အျမဲတန္းကာလစည္းကမ္းသတ္ ၁၂ နွစ္ကို အားကိုး၍မရႏိုင္

ေျမကြက္တြင္ က်ဴးေက်ာ္သူသည္ အျမဲတန္းကာလစည္းကမ္းသတ္ ၁၂ နွစ္ကို အားကိုး၍မရႏိုင္ - Property Knowledge in Myanmar from iMyanmarHouse.com
9 Oct 2019 1:14 pm တွင် တင်ခဲ့သည်
1916 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္မိတ္ေဆြျဖစ္သူ ဦးသန္းေအာင္စိုးသည္ ဖုန္းနွင့္ ခ်ိန္းဆိုသျဖင့္ မိမိ၏ ရုံးခန္းနွင့္လည္း နီးကပ္ေသာပန္းဆိုးတန္းအထက္လမ္း၊ ျမစံပါယ္အေအးခန္းလက္ဘက္ရည္နွင့္ စားဖြယ္စံုဆိုင္သို႕ပင္ သြားေရာက္ေတြ႕ဆံုျဖစ္ပါသည္။

ဦးသန္းေအာင္စိုးကပင္ မိမိအၾကိဳက္ေကာ္ဖီခါးခါးနွင့္ မုန္႕မ်ိဳးစံုအား မွာၾကားထားျပီး ဧည့္ဝတ္ျပဳရင္းနွင့္ သူက “ ေရွ႕ေနၾကီးေရျပႆနာေလးၾကံဳလာလို႕ တိုင္ပင္ခ်င္တာနဲ႕ ခ်ိန္းလိုက္ရတာပါ ။ အခ်ိန္ေကာရရဲ႕လား ” ဟု အားကိုးသံျဖင့္ ေမးျမန္း၍ ကၽြန္ေတာ္က “ ဟာ ရပါတယ္ သူငယ္ခ်င္းရယ္ ။ကိုယ္တို႕အလုပ္ကလည္း ဧည့္သည္ေတြ ၊ အမႈသည္ေတြကို ေမွ်ာ္ေနရတဲ့အလုပ္မို႕ပါ သူငယ္ခ်င္း ခ်ိန္းဆိုတာကိုလည္း အားလည္းလာရမွာပဲ၊ မအားလည္းလာရမွာပဲေလ ” ဟု ရယ္ေမာရင္း ေျပာဆိုလိုက္မွ သူက “ ဒါျဖင့္လည္း ကိုယ့္ျပႆနာေလးကိုေျပာပါရေစကြာ ကိုယ့္ရဲ႕ ဝန္ထမ္းအလုပ္ကလည္း ကခ်င္ျပည္နယ္ ၊ ခ်င္းျပည္နယ္နဲ႕ ရွမ္းျပည္နယ္ေတြမွာ တာဝန္က်တာ အနွစ္ ၂၀ ေက်ာ္ျပီဒီနွစ္ထဲမွာမွ ရန္ကုန္ကို ေျပာင္းေရႊ႕တာဝန္ထမ္းေဆာင္ျဖစ္တာပါ။ ျပန္ေရာက္တာနဲ႕ ကိုယ့္မိဘေတြရဲ႕ ေျမကြက္ေတြကို သြားၾကည့္ျဖစ္ပါတယ္။ စိတ္ညစ္သြားတာပဲသူငယ္ခ်င္းေရ ၊ ကြယ္လြန္သြားျပီျဖစ္တဲ့ ကိုယ့္မိဘေတြရဲ႕အမည္ေပါက္ထားတဲ့ ေျမကြက္မွာ က်ဴးေက်ာ္သူေတြ ေရာက္ေနျပီး ခိုင္မာတဲ့အိမ္ေတြလည္း ေဆာက္လုပ္ေနထိ္ုင္ေနၾကတယ္ ။အဲဒါကလည္း ၁၅ နွစ္ ေလာက္ရွိေနျပီလို႕ ကိုယ္စံုစမ္းျပီး သိခဲ့ရတာပါ။ ဒါနဲ႕ကိုယ္က ဥပေဒစာအုပ္မ်ားကို ဖတ္ရႈေလ့လာလိုက္ေတာ့ ပိုင္ရွင္လက္ရွိမဟုတ္ေသာ ေျမကြက္ထဲသို႕ က်ဴးေက်ာ္ဝင္ေရာက္ျပီးေနာက္ ၁၂ နွစ္ေက်ာ္လြန္ျပီးမွ ပိုင္ရွင္ျဖစ္သူမ်ားက က်ဴးေက်ာ္သူမ်ားအား နွင္ထုတ္၍ ေျမလက္ေရာက္ရလိုေၾကာင္း စြဲဆိုရာတြင္ ကာလစည္းကမ္းသတ္အက္ဥပေဒဇယားအမွတ္စဥ္ ၁၄၂ အရ ၁၂ နွစ္အတြင္းစြဲဆိုရမယ္လို႕ ဖတ္ရႈခဲ့ရပါတယ္။အဲဒီေတာ့ ကိုယ္တို႕အေနနဲ႕ အဲဒီၤကာလစည္းကမ္းသတ္အရ ၁၂ ေက်ာ္ေနျပီျဖစ္လို႕ တရားစြဲလို႔ မရႏိုင္ေတာ့ဘူးလား ၊ လံုးဝ ဆံုးရႈံးသြားရမွာလား သိခ်င္လို႕ သူငယ္ခ်င္းစီ လာေမးရတာပါကြာ ” ဟု အားငယ္သံျဖင့္ ေျပာပါသည္။

ထို႕ေၾကာင့္ ကၽြန္ေတာ္က “ ဟုတ္ပါတယ္၊ ျပဌာန္းခ်က္ေတာ့ရွိေနပါတယ္။ ကာလစည္းကမ္းသတ္ဥပေဒပထမဇယားအမွတ္စဥ္ ၁၄၂ တြင္မေရႊ႕မေျပာင္းႏို္င္သည့္ ပစၥည္းသည္ တရားလိုလက္တြင္ ရွိ္ေနသည့္အတြင္း လက္လြတ္သြားသည့္အခါ သို႕တည္မဟုတ္ လက္ရွိ္ျဖစ္ျခင္းကို ဆက္လက္မျပဳသည့္အခါ ထိုပစၥည္းလက္ေရာက္ရလိုမႈမွာ လက္လြတ္ျဖစ္သည့္ေန႕ရက္ကစ၍ သို႕တည္မဟုတ္ လက္ရွိ္ျဖစ္ျခင္းကို ဆက္လက္မျပဳသည့္ေန႕ရက္ကစ၍ ၁၂ နွစ္အတြင္းတရားစြဲဆိုရမယ္လို႕ ျပဌာန္းထားပါတယ္ ”

“ ေနာက္ျပီး ေဒၚက်င္ေဌးနွင့္ ဦးသိန္းတင္ပါ ၅ ၊ ၁၉၈၆ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး၊ စာမ်က္နွာ ၁၉၅ (၁၉၉) မွာ တရားလိုအျဖစ္ တရားစြဲဆိုသူသည္ အခ်င္းျဖစ္ေျမကို လက္ရွိထားစဥ္ ၊ အျခားသူတစ္ဦးက အတင္းဖယ္ရွားလွ်င္ေသာ္လည္းေကာင္း မိမိ၏သေဘာအတိုင္း ထိုလက္ရွိကို စြန္႕လြတ္လိုက္လွ်င္ေသာ္လည္ေကာင္း ၊ ျပန္လည္လက္ေရာက္ရလိုမႈ တရားစြဲဆိုသည့္အခါ၌ အမွတ္စဥ္ ၁၄၂အရ ဖယ္ရွားျခင္းခံရသည့္ေန႕ သို႕တည္မဟုတ္ လက္ရွိ စြန္႕လြတ္သည့္ေန႕မွ ၁၂ နွစ္အတြင္း တရားစြဲဆိုရမည္ျဖစ္ေၾကာင္းကို ဆံုးျဖတ္ထားပါတယ္ ”

“ ဒါပင္မဲ့ သူငယ္ခ်င္းရယ္ ျပဌာန္းခ်က္ေတြစီၤရင္ထံုးေတြအတိုင္း လိုက္နာခ်င္ေသာ္လည္း တစ္ခါတစ္ရံမွာေတာ့ မတရားမႈေတြကိုေတာ့ အားမေပးခ်င္ပါဘူး ၊ သူငယ္ခ်င္းတို႕မွာလည္း ေမာင္နွမနွစ္ဦးသာရွိျပီး သူငယ္ခ်င္းက ဝန္ထမ္းဘဝနဲ႕ နယ္စံုကို တာဝန္က်ေနလို႕ မိမိတို႕ ေျမကြက္ကို ျပန္ျပီး မၾကည့္ရႈႏိုင္သလို သူငယ္ခ်င္းရဲ႕ ညီမေတြကလည္း နယ္စပ္မွာ တာဝန္က်ေနတဲ့အတြက္ေျမကြက္ကို မေစာင့္ေရွာက္ႏိုင္ခဲ့တာကို ကိုယ္လည္းသိထားပါတယ္ ”

“ အဲဒါကို အခြင့္ေကာင္းယူျပီး က်ဳးေက်ာ္သူေတြက ဝင္ေရာက္ေနထိုင္ျပီး အပိုင္းသိမ္းထားတာကို ဝင္ေရာက္ေနထိုင္ျပီး အပိုင္သိမ္းတာကို ေျဖရွင္းေပးဖို႕ရာမွာ ကာလစည္းကမ္းသတ္ဥပေဒကလည္း ရွိ္ေနေလေတာ့ တစ္ခါတစ္ရံမွာ ခက္ခဲမႈေတြ ဆံုးရႈံးမႈေတြ ရွိလာတာပါ ”

“ သို႕ေပမယ့္ သူငယ္ခ်င္းေရ႕ တစ္ခုေတာ့ အၾကံေပးပါရေစ ၊ သူငယ္ခ်င္းအေနနဲ႕ကေတာ့ အေမြဆက္ခံမႈအရ ပိုင္ရွင္ျဖစ္တဲ့အတြက္ က်ဴးေက်ာ္သူမ်ားအား နွင္ထုတ္၍ ေျမလက္ေရာက္ရလိုေၾကာင္းကို တရားစြဲရမွာပါပဲ ။ဘာျဖစ္လို႕လဲဆိုေတာ့ ကိုယ့္မိဘရဲ႕ အေမြျဖစ္ေနလို႕ပါ ျပန္ျပီးေတာ့လက္ေရာက္ရႏိုင္ မရႏိုင္ကေတာ့ ကုသိုလ္ကံလို႕သာ သတ္မွတ္ရမွာပ ါ”

“ ကိုယ့္အေနနဲ႕ကေတာ့ အားမေလွ်ာ့ဖို႕ေျပာခ်င္တာက ကိုယ္ေလ့လာထားတဲ့ အမႈေတြထဲမွာ ထူးျခားတဲ့ စီရင္ထံုးတစ္ခုလည္း ရွိပါတယ္။ အဲဒီစီရင္ထံုးအတိုင္း ထံုးျပဳ ညြန္းဆိုေပးပါလို႕ တရားရုံးကို ညြန္ျပေတာင္းဆိုရမွာပဲေလ ”

“ အဲဒီစီရင္ထံုးကေတာ့ ေဒၚခင္လွမူပါ ၄ နွင့္ ေဒၚစိန္ပါ ၁၁ ၊ ၂၀၀၃ ခုနွစ္ ၊ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာမ်က္နွာ ၁၀၅ မွာ ဆိုရင္ ပိုင္ရွင္လက္ရွိ္မဟုတ္ေသာ ေျမကြက္ထဲသို႕ က်ဴးေက်ာ္ဝင္ေရာက္ျပီးေနာက္ ၁၂ နွစ္ေက်ာ္လြန္ျပီးမွ ပိုင္ရွင္ျဖစ္သူမ်ားက က်ဴးေက်ာ္သူမ်ားအား နွင္ထုတ္၍ ေျမလက္ေရာက္ရလိုေၾကာင္းစြဲဆိုျခင္းမွာ ကာလစည္းကမ္းသတ္မွတ္ အက္ဥပေဒပထမဇယား အမွတ္စဥ္ ၁၄၂ နွင့္ သက္ဆိုင္ေၾကာင္း ဆံုးျဖတ္ျခင္းသည္ မွန္ကန္ျခင္း ရွိမရွိကို စီရင္ဆံုးျဖတ္ထားပါတယ္ ”

“ အမႈမွာ ပဲခူးတိုင္း တရားရုံး ၂၀၀၀ ျပည့္နွစ္ ၊ တရားမၾကီးမႈ အမွတ္ ၁၆ တြင္ အယူခံတရားလို ေဒၚခင္လွမူ (ခ) ေဒၚမူမူပါ ၄ ဦးက ၊ ၄င္းတို႕၏ အေထြေထြကိုယ္စားလွယ္စာရသူေဒၚေဆြေဆြမင္းမွတဆင့္ အယူခံတရားျပိဳင္ေဒၚစိန္ပါ ၁၁ ဦးအေပၚ ပိုင္ေရးပိုင္ခြင့္ တစ္စံုတစ္ရာမရွိဘဲ ေဆာက္လုပ္ထားေသာ အေဆာက္အအံုမ်ားအား ဖ်က္သိမ္းဖယ္ရွား၍ ေျမကြက္အား လက္ေရာက္ေပးအပ္ေစလိုမႈ စြဲဆိုရာ ပလပ္ျခင္းခံရပါတယ္ ”

" တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို ေဒၚခင္လွမူ (ခ) ေဒၚမူမူတို႕က ေက်နပ္မႈမရွိပါသျဖင့္ တရားရုံးခ်ဳပ္တြင္ ၂၀၀၂ ခုနွစ္ ၊ တရားမ ပထမအယူခံမႈ အမွတ္ ၂၈၄ အရ အယူခံဝင္ရာ မေအာင္ျမင္ပါ "

“ တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို ေဒၚခင္လွမူ (ခ) ေဒၚမူမူတို႕က ၂၀၀၀ ျပည့္နွစ္၊ တရားစီရင္ေရး ဥပေဒပုဒ္မ ၇ အရ ျပန္လည္စစ္ေဆးစီရင္ေပးရန္ ေလွ်ာက္ထားသည့္အခါ တရားရုံးခ်ဳပ္ အထူးအယူခံခံုရုံးက ျပႆနာကို ၾကားနားရန္ အထူးအယူခံ ခံုရုံးဝင္ခြင့္ျပဳခဲ့ပါတယ္”

“ အဓိကမွာ ဇယားအမွတ္စဥ္ ၁၄၂ နွင့္ သက္ဆိုင္ျခင္းရွိမရွိျဖစ္ပါတယ္ ”

“ အထူးအယူခံခံုရုံးက ပဲခူးတိုင္း ၊ သနပ္ပင္ျမိဳ႕၊ ရပ္ကြက္ အမွတ္(၄) ၊ စက္ကုန္းပိုင္းရပ္ကြက္ ၊ ဦးပိုင္အမွတ္ (၉၀) ၊ ေျမခ်ိန္ ၊ ဧရိယာ (၀.၂၇၆၆ )ဧကရွိ ေျမကြက္မွာ သက္ဆိုင္ရာ ေျမစာရွင္းပံုစံ (၁၀၅) ၊ သက္ေသခံအမွတ္ (င) အရ ၊ ေဒၚဖြားရင္းအမည္ေပါက္ပိုင္ဆိုင္ေၾကာင္း ၊ ေဒၚဖြားရင္နွင့္ ခင္ပြန္း ဦးအုန္းတို႕မွာ ကြယ္လြန္ျပီး ၊ အယူခံတရားလို (၁) ေဒၚခင္လွမူ (ခ) ေဒၚမူမူမွာ ေဒၚဖြားရင္း၏ သမီးျဖစ္ျပီး က်န္အယူခံတရားလိုမ်ားမွာ ေဒၚဖြားရင္း၏ အေမြဆက္ခံသူမ်ားျဖစ္ေၾကာင္း အမႈတြင္ ေပၚလြင္သျဖင့္ အခ်င္းျဖစ္ေျမကြက္ၾကီးကို အေမြဆက္ခံ ပိုင္ဆိုင္ၾကတယ္ ။ အယူခံတရားျပိဳင္းမ်ားသည္ အခ်င္းျဖစ္ေျမကြက္ေပၚတြင္ ပိုင္ေရးဆိုင္ခြင့္မရွိဘဲ ၊ ေနအိမ္အေဆာက္အအံုမ်ား ေဆာင္လုပ္ေနထိုင္ခဲ့ၾကသျဖင့္ အယူခံတရားလိုမ်ားက ေျမလက္ေရာက္ေပးအပ္ေစရန္ စြဲဆိုျခင္းျဖစ္တယ္ ” “ တိုင္းတရားရုံးက အမႈကို ကာလစည္းကမ္းသတ္ေက်ာ္လြန္ျပီးမွ စြဲဆိုျခင္းျဖစ္ေၾကာင္း ေကာက္ယူသံုးသပ္ကာ အမႈကို ပလပ္သျဖင့္ တရားရုံးခ်ဳပ္ကလည္း အမွတ္စဥ္ ၁၄၂ နွင့္ အက်ံဳးဝင္ေၾကာင္း ေကာက္ယူ၍ အထူးအယူခံခံုရုံးက ကာလစည္းကမ္းသတ္ေက်ာ္လြန္ျခင္းရွိ ၊ မရွိကို စိစစ္ရန္ျဖစ္ပါတယ္ ”

“ အယူခံတရားျပိဳင္မ်ားသည္ မိမိတို႕ ပိုင္ေရးဆိုင္ခြင့္အရ ေနထိုင္ေၾကာင္း ေဖာ္ထုတ္ထုေခ်ႏိုင္ျခင္းမရွိသည့္အျပင္ အခ်င္းျဖစ္ေနအိမ္တြင္ ေနအိမ္အခိုင္အမာေဆာက္လုပ္၍ အဆက္ဆက္ေနထိုင္လာရုံမွ်ျဖင့္ ေျမပိုင္ရွင္အား ဖယ္ရွားသည့္ သို႕မဟုတ္ ေျမပိုင္ရွင္က လက္ရွိျဖစ္ျခင္းကို စြန္႕လြတ္သည္ဟု မဆိုႏိုင္ေပ ။ ထိုေၾကာင့္ကာလစည္းကမ္းသတ္ ဥပေဒဇယားအမွတ္စဥ္ ၁၄၂ နွင့္ သက္ဆိုင္ရန္အေၾကာင္းမရွိပါ ”

“ သို႔႕ျဖစ္၍ ၾကားနားလ်က္ရွိ္ေသာ ျပႆနာကို သံုးသပ္လ်က္ ဤတရားမအထူးအယူခံမႈကိုခြင့္ျပဳျပီး တိုင္းတရားရုံးနွင့္ တရားရုံးခ်ဳပ္တို႕၏ စီရင္ခ်က္နွင့္ ဒီကရီကို ပယ္၍ က်န္ျငင္းခ်က္မ်ားကို ဥပေဒနွင့္အညီ စီရင္ဆံုးျဖတ္ရန္ တိုင္းတရားရုံးအား ညြန္ၾကားသည့္အမိန္႕ကို အထူးအယူခံရုံးမွ ဆံုးျဖတ္ထားပါတယ္ ”

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (တရားလႊတ္ေတာ္ေရွ႕ေန)

 

### Unicode Version ###

ကျွန်တော်၏ ကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဦးသန်းအောင်စိုးသည် ဖုန်းနှင့် ချိန်းဆိုသဖြင့် မိမိ၏ ရုံးခန်းနှင့်လည်း နီးကပ်သောပန်းဆိုးတန်းအထက်လမ်း၊ မြစံပါယ်အအေးခန်းလက်ဘက်ရည်နှင့် စားဖွယ်စုံဆိုင်သို့ပင် သွားရောက်တွေ့ဆုံဖြစ်ပါသည်။

ဦးသန်းအောင်စိုးကပင် မိမိအကြိုက်ကော်ဖီခါးခါးနှင့် မုန့်မျိုးစုံအား မှာကြားထားပြီး ဧည့်ဝတ်ပြုရင်းနှင့် သူက “ ရှေ့နေကြီးရေပြဿနာလေးကြုံလာလို့ တိုင်ပင်ချင်တာနဲ့ ချိန်းလိုက်ရတာပါ ။ အချိန်ကောရရဲ့လား ” ဟု အားကိုးသံဖြင့် မေးမြန်း၍ ကျွန်တော်က “ ဟာ ရပါတယ် သူငယ်ချင်းရယ် ။ကိုယ်တို့အလုပ်ကလည်း ဧည့်သည်တွေ ၊ အမှုသည်တွေကို မျှော်နေရတဲ့အလုပ်မို့ပါ သူငယ်ချင်း ချိန်းဆိုတာကိုလည်း အားလည်းလာရမှာပဲ၊ မအားလည်းလာရမှာပဲလေ ” ဟု ရယ်မောရင်း ပြောဆိုလိုက်မှ သူက “ ဒါဖြင့်လည်း ကိုယ့်ပြဿနာလေးကိုပြောပါရစေကွာ ကိုယ့်ရဲ့ ဝန်ထမ်းအလုပ်ကလည်း ကချင်ပြည်နယ် ၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တာဝန်ကျတာ အနှစ် ၂၀ ကျော်ပြီဒီနှစ်ထဲမှာမှ ရန်ကုန်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖြစ်တာပါ။ ပြန်ရောက်တာနဲ့ ကိုယ့်မိဘတွေရဲ့ မြေကွက်တွေကို သွားကြည့်ဖြစ်ပါတယ်။ စိတ်ညစ်သွားတာပဲသူငယ်ချင်းရေ ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုယ့်မိဘတွေရဲ့အမည်ပေါက်ထားတဲ့ မြေကွက်မှာ ကျူးကျော်သူတွေ ရောက်နေပြီး ခိုင်မာတဲ့အိမ်တွေလည်း ဆောက်လုပ်နေထိုင်နေကြတယ် ။အဲဒါကလည်း ၁၅ နှစ် လောက်ရှိနေပြီလို့ ကိုယ်စုံစမ်းပြီး သိခဲ့ရတာပါ။ ဒါနဲ့ကိုယ်က ဥပဒေစာအုပ်များကို ဖတ်ရှုလေ့လာလိုက်တော့ ပိုင်ရှင်လက်ရှိမဟုတ်သော မြေကွက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် ၁၂ နှစ်ကျော်လွန်ပြီးမှ ပိုင်ရှင်ဖြစ်သူများက ကျူးကျော်သူများအား နှင်ထုတ်၍ မြေလက်ရောက်ရလိုကြောင်း စွဲဆိုရာတွင် ကာလစည်းကမ်းသတ်အက်ဥပဒေဇယားအမှတ်စဉ် ၁၄၂ အရ ၁၂ နှစ်အတွင်းစွဲဆိုရမယ်လို့ ဖတ်ရှုခဲ့ရပါတယ်။အဲဒီတော့ ကိုယ်တို့အနေနဲ့ အဲဒီၤကာလစည်းကမ်းသတ်အရ ၁၂ ကျော်နေပြီဖြစ်လို့ တရားစွဲလို့ မရနိုင်တော့ဘူးလား ၊ လုံးဝ ဆုံးရှုံးသွားရမှာလား သိချင်လို့ သူငယ်ချင်းစီ လာမေးရတာပါကွာ ” ဟု အားငယ်သံဖြင့် ပြောပါသည်။

ထို့ကြောင့် ကျွန်တော်က “ ဟုတ်ပါတယ်၊ ပြဌာန်းချက်တော့ရှိနေပါတယ်။ ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအမှတ်စဉ် ၁၄၂ တွင်မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းသည် တရားလိုလက်တွင် ရှိနေသည့်အတွင်း လက်လွတ်သွားသည့်အခါ သို့တည်မဟုတ် လက်ရှိဖြစ်ခြင်းကို ဆက်လက်မပြုသည့်အခါ ထိုပစ္စည်းလက်ရောက်ရလိုမှုမှာ လက်လွတ်ဖြစ်သည့်နေ့ရက်ကစ၍ သို့တည်မဟုတ် လက်ရှိဖြစ်ခြင်းကို ဆက်လက်မပြုသည့်နေ့ရက်ကစ၍ ၁၂ နှစ်အတွင်းတရားစွဲဆိုရမယ်လို့ ပြဌာန်းထားပါတယ် ”

“ နောက်ပြီး ဒေါ်ကျင်ဌေးနှင့် ဦးသိန်းတင်ပါ ၅ ၊ ၁၉၈၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၁၉၅ (၁၉၉) မှာ တရားလိုအဖြစ် တရားစွဲဆိုသူသည် အချင်းဖြစ်မြေကို လက်ရှိထားစဉ် ၊ အခြားသူတစ်ဦးက အတင်းဖယ်ရှားလျှင်သော်လည်းကောင်း မိမိ၏သဘောအတိုင်း ထိုလက်ရှိကို စွန့်လွတ်လိုက်လျှင်သော်လည်ကောင်း ၊ ပြန်လည်လက်ရောက်ရလိုမှု တရားစွဲဆိုသည့်အခါ၌ အမှတ်စဉ် ၁၄၂အရ ဖယ်ရှားခြင်းခံရသည့်နေ့ သို့တည်မဟုတ် လက်ရှိ စွန့်လွတ်သည့်နေ့မှ ၁၂ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ထားပါတယ် ”

“ ဒါပင်မဲ့ သူငယ်ချင်းရယ် ပြဌာန်းချက်တွေစီၤရင်ထုံးတွေအတိုင်း လိုက်နာချင်သော်လည်း တစ်ခါတစ်ရံမှာတော့ မတရားမှုတွေကိုတော့ အားမပေးချင်ပါဘူး ၊ သူငယ်ချင်းတို့မှာလည်း မောင်နှမနှစ်ဦးသာရှိပြီး သူငယ်ချင်းက ဝန်ထမ်းဘဝနဲ့ နယ်စုံကို တာဝန်ကျနေလို့ မိမိတို့ မြေကွက်ကို ပြန်ပြီး မကြည့်ရှုနိုင်သလို သူငယ်ချင်းရဲ့ ညီမတွေကလည်း နယ်စပ်မှာ တာဝန်ကျနေတဲ့အတွက်မြေကွက်ကို မစောင့်ရှောက်နိုင်ခဲ့တာကို ကိုယ်လည်းသိထားပါတယ် ”

“ အဲဒါကို အခွင့်ကောင်းယူပြီး ကျုးကျော်သူတွေက ဝင်ရောက်နေထိုင်ပြီး အပိုင်းသိမ်းထားတာကို ဝင်ရောက်နေထိုင်ပြီး အပိုင်သိမ်းတာကို ဖြေရှင်းပေးဖို့ရာမှာ ကာလစည်းကမ်းသတ်ဥပဒေကလည်း ရှိနေလေတော့ တစ်ခါတစ်ရံမှာ ခက်ခဲမှုတွေ ဆုံးရှုံးမှုတွေ ရှိလာတာပါ ”

“ သို့ပေမယ့် သူငယ်ချင်းရေ့ တစ်ခုတော့ အကြံပေးပါရစေ ၊ သူငယ်ချင်းအနေနဲ့ကတော့ အမွေဆက်ခံမှုအရ ပိုင်ရှင်ဖြစ်တဲ့အတွက် ကျူးကျော်သူများအား နှင်ထုတ်၍ မြေလက်ရောက်ရလိုကြောင်းကို တရားစွဲရမှာပါပဲ ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မိဘရဲ့ အမွေဖြစ်နေလို့ပါ ပြန်ပြီးတော့လက်ရောက်ရနိုင် မရနိုင်ကတော့ ကုသိုလ်ကံလို့သာ သတ်မှတ်ရမှာပ ါ”

“ ကိုယ့်အနေနဲ့ကတော့ အားမလျှော့ဖို့ပြောချင်တာက ကိုယ်လေ့လာထားတဲ့ အမှုတွေထဲမှာ ထူးခြားတဲ့ စီရင်ထုံးတစ်ခုလည်း ရှိပါတယ်။ အဲဒီစီရင်ထုံးအတိုင်း ထုံးပြု ညွန်းဆိုပေးပါလို့ တရားရုံးကို ညွန်ပြတောင်းဆိုရမှာပဲလေ ”

“ အဲဒီစီရင်ထုံးကတော့ ဒေါ်ခင်လှမူပါ ၄ နှင့် ဒေါ်စိန်ပါ ၁၁ ၊ ၂၀၀၃ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ ၁၀၅ မှာ ဆိုရင် ပိုင်ရှင်လက်ရှိမဟုတ်သော မြေကွက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် ၁၂ နှစ်ကျော်လွန်ပြီးမှ ပိုင်ရှင်ဖြစ်သူများက ကျူးကျော်သူများအား နှင်ထုတ်၍ မြေလက်ရောက်ရလိုကြောင်းစွဲဆိုခြင်းမှာ ကာလစည်းကမ်းသတ်မှတ် အက်ဥပဒေပထမဇယား အမှတ်စဉ် ၁၄၂ နှင့် သက်ဆိုင်ကြောင်း ဆုံးဖြတ်ခြင်းသည် မှန်ကန်ခြင်း ရှိမရှိကို စီရင်ဆုံးဖြတ်ထားပါတယ် ”

“ အမှုမှာ ပဲခူးတိုင်း တရားရုံး ၂၀၀၀ ပြည့်နှစ် ၊ တရားမကြီးမှု အမှတ် ၁၆ တွင် အယူခံတရားလို ဒေါ်ခင်လှမူ (ခ) ဒေါ်မူမူပါ ၄ ဦးက ၊ ၎င်းတို့၏ အထွေထွေကိုယ်စားလှယ်စာရသူဒေါ်ဆွေဆွေမင်းမှတဆင့် အယူခံတရားပြိုင်ဒေါ်စိန်ပါ ၁၁ ဦးအပေါ် ပိုင်ရေးပိုင်ခွင့် တစ်စုံတစ်ရာမရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများအား ဖျက်သိမ်းဖယ်ရှား၍ မြေကွက်အား လက်ရောက်ပေးအပ်စေလိုမှု စွဲဆိုရာ ပလပ်ခြင်းခံရပါတယ် ”

" တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ဒေါ်ခင်လှမူ (ခ) ဒေါ်မူမူတို့က ကျေနပ်မှုမရှိပါသဖြင့် တရားရုံးချုပ်တွင် ၂၀၀၂ ခုနှစ် ၊ တရားမ ပထမအယူခံမှု အမှတ် ၂၈၄ အရ အယူခံဝင်ရာ မအောင်မြင်ပါ "

“ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ဒေါ်ခင်လှမူ (ခ) ဒေါ်မူမူတို့က ၂၀၀၀ ပြည့်နှစ်၊ တရားစီရင်ရေး ဥပဒေပုဒ်မ ၇ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် လျှောက်ထားသည့်အခါ တရားရုံးချုပ် အထူးအယူခံခုံရုံးက ပြဿနာကို ကြားနားရန် အထူးအယူခံ ခုံရုံးဝင်ခွင့်ပြုခဲ့ပါတယ်”

“ အဓိကမှာ ဇယားအမှတ်စဉ် ၁၄၂ နှင့် သက်ဆိုင်ခြင်းရှိမရှိဖြစ်ပါတယ် ”

“ အထူးအယူခံခုံရုံးက ပဲခူးတိုင်း ၊ သနပ်ပင်မြို့၊ ရပ်ကွက် အမှတ်(၄) ၊ စက်ကုန်းပိုင်းရပ်ကွက် ၊ ဦးပိုင်အမှတ် (၉၀) ၊ မြေချိန် ၊ ဧရိယာ (ဝ.၂၇၆၆ )ဧကရှိ မြေကွက်မှာ သက်ဆိုင်ရာ မြေစာရှင်းပုံစံ (၁၀၅) ၊ သက်သေခံအမှတ် (င) အရ ၊ ဒေါ်ဖွားရင်းအမည်ပေါက်ပိုင်ဆိုင်ကြောင်း ၊ ဒေါ်ဖွားရင်နှင့် ခင်ပွန်း ဦးအုန်းတို့မှာ ကွယ်လွန်ပြီး ၊ အယူခံတရားလို (၁) ဒေါ်ခင်လှမူ (ခ) ဒေါ်မူမူမှာ ဒေါ်ဖွားရင်း၏ သမီးဖြစ်ပြီး ကျန်အယူခံတရားလိုများမှာ ဒေါ်ဖွားရင်း၏ အမွေဆက်ခံသူများဖြစ်ကြောင်း အမှုတွင် ပေါ်လွင်သဖြင့် အချင်းဖြစ်မြေကွက်ကြီးကို အမွေဆက်ခံ ပိုင်ဆိုင်ကြတယ် ။ အယူခံတရားပြိုင်းများသည် အချင်းဖြစ်မြေကွက်ပေါ်တွင် ပိုင်ရေးဆိုင်ခွင့်မရှိဘဲ ၊ နေအိမ်အဆောက်အအုံများ ဆောင်လုပ်နေထိုင်ခဲ့ကြသဖြင့် အယူခံတရားလိုများက မြေလက်ရောက်ပေးအပ်စေရန် စွဲဆိုခြင်းဖြစ်တယ် ” “ တိုင်းတရားရုံးက အမှုကို ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း ကောက်ယူသုံးသပ်ကာ အမှုကို ပလပ်သဖြင့် တရားရုံးချုပ်ကလည်း အမှတ်စဉ် ၁၄၂ နှင့် အကျုံးဝင်ကြောင်း ကောက်ယူ၍ အထူးအယူခံခုံရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိ ၊ မရှိကို စိစစ်ရန်ဖြစ်ပါတယ် ”

“ အယူခံတရားပြိုင်များသည် မိမိတို့ ပိုင်ရေးဆိုင်ခွင့်အရ နေထိုင်ကြောင်း ဖော်ထုတ်ထုချေနိုင်ခြင်းမရှိသည့်အပြင် အချင်းဖြစ်နေအိမ်တွင် နေအိမ်အခိုင်အမာဆောက်လုပ်၍ အဆက်ဆက်နေထိုင်လာရုံမျှဖြင့် မြေပိုင်ရှင်အား ဖယ်ရှားသည့် သို့မဟုတ် မြေပိုင်ရှင်က လက်ရှိဖြစ်ခြင်းကို စွန့်လွတ်သည်ဟု မဆိုနိုင်ပေ ။ ထိုကြောင့်ကာလစည်းကမ်းသတ် ဥပဒေဇယားအမှတ်စဉ် ၁၄၂ နှင့် သက်ဆိုင်ရန်အကြောင်းမရှိပါ ”

“ သို့ဖြစ်၍ ကြားနားလျက်ရှိသော ပြဿနာကို သုံးသပ်လျက် ဤတရားမအထူးအယူခံမှုကိုခွင့်ပြုပြီး တိုင်းတရားရုံးနှင့် တရားရုံးချုပ်တို့၏ စီရင်ချက်နှင့် ဒီကရီကို ပယ်၍ ကျန်ငြင်းချက်များကို ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရန် တိုင်းတရားရုံးအား ညွန်ကြားသည့်အမိန့်ကို အထူးအယူခံရုံးမှ ဆုံးဖြတ်ထားပါတယ် ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (တရားလွှတ်တော်ရှေ့နေ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service