ႏုိင္ငံျခားသားမ်ား ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္း၀င္ ကုမၸဏီမ်ားတြင္ အစုရွယ္ယာပထမအႀကိမ္ ၀ယ္ယူခြင့္ စတင္ခြင့္ျပဳ - Property News in Myanmar from iMyanmarHouse.com
693 Views

ႏုိင္ငံျခားသားမ်ား ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္း၀င္ ကုမၸဏီမ်ားတြင္ အစုရွယ္ယာပထမအႀကိမ္ ၀ယ္ယူခြင့္ စတင္ခြင့္ျပဳ

### Zawgyi Version ###

ဇူလိုင္ ၁၂ ရက္က ေငြေခ်းသက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္က ထုတ္ျပန္မႈတြင္ ႏုိင္ငံျခားသားမ်ားအေနႏွင့္ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္း၀င္ ကုမၸဏီမ်ားတြင္အစုရွယ္ယာ ၀ယ္ယူခြင့္ကို ပထမအႀကိမ္ စတင္ခြင့္ျပဳေၾကာင္း သိရသည္။

စာရင္း၀င္ ကုမၸဏီမ်ားအေနႏွင့္လုပ္ငန္းေဆာင္ရြက္ရာတြင္ အခ်က္ႏွစ္ခ်က္လုိက္နာရမည္ျဖစ္ၿပီး ႏိုင္ငံျခားရွယ္ယာပိုင္ဆိုင္မႈဆိုင္ရာ ခြင့္ျပဳမည့္ ပမာဏကို ရန္ကုန္စေတာ့အိတ္ခ်ိန္းသို႔ ႀကိဳတင္တင္ျပရျခင္းႏွင့္ႀကီးၾကပ္သည့္အဖြဲ႕အစည္း၏ ခြင့္ျပဳခ်က္ရယူျခင္းတို႔ျဖစ္သည္။

ထို႔အျပင္ ေကာ္မရွင္က ရန္ကုန္စေတာ့အိတ္ခ်ိန္းသည္ အခ်က္ငါးခ်က္ေဆာင္ရြက္ရမည္ဟု ထုတ္ျပန္ထားရာ ကုမၸဏီမ်ားက ႏုိင္ငံျခားသားမ်ားကို ရွယ္ယာစတင္ေရာင္းခ်သည့္ ေန႔ရက္ေၾကညာျခင္း၊ ႏိုင္ငံျခားသားပါ၀င္ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္စည္းမ်ဥ္းမ်ားကို ေကာ္မရွင္ခြင့္ျပဳခ်က္ျဖင့္ ထုတ္ျပန္ျခင္း၊ အေရာင္းအ၀ယ္ျပဳလုပ္ရာတြင္ အစုရွယ္ယာ တစ္မ်ိဳးတစ္စားတည္းထားရွိရန္၊ ကုမၸဏီမ်ားက ေကာ္မရွင္သို႔ တင္ျပထားသည့္ ရွယ္ယာပမာဏ အတိုင္း အေရာင္းအ၀ယ္ေဆာင္ရြက္ရန္ႏွင့္ အစုရွယ္ယာမွတ္တမ္းတင္ရာတြင္ ႏိုင္ငံျခားကုမၸဏီ၏တိုက္႐ိုက္ အစုရွယ္ယာပိုင္ဆိုင္မႈျဖစ္ပါက ႏုိင္ငံျခားပိုင္ဆိုင္မႈဟု သတ္မွတ္ရန္တို႔ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ အစုရွယ္ယာမ်ား ေရာင္းခ်ေနသည့္ အမ်ားပိုင္ကုမၸဏီ ငါးခုရွိၿပီး ကုမၸဏီ ဥပေဒအသစ္အရ ျပည္တြင္းကုမၸဏီမ်ားတြင္ ႏုိင္ငံျခားသား အစုရွယ္ယာပိုင္ဆိုင္မႈကို ၃၅ ရာခိုင္ႏႈန္းခြင့္ ျပဳထား ၿပီးေနာက္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္လည္း ႏိုင္ငံျခားရွယ္ယာ ၀ယ္ယူခြင့္ကို ၃၅ ရာခိုင္ႏႈန္းေအာက္ ခြင့္ျပဳ ျခင္းျဖစ္ေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဇူလိုင် ၁၂ ရက်က ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန်မှုတွင် နိုင်ငံခြားသားများအနေနှင့်ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများတွင်အစုရှယ်ယာ ဝယ်ယူခွင့်ကို ပထမအကြိမ် စတင်ခွင့်ပြုကြောင်း သိရသည်။

စာရင်းဝင် ကုမ္ပဏီများအနေနှင့်လုပ်ငန်းဆောင်ရွက်ရာတွင် အချက်နှစ်ချက်လိုက်နာရမည်ဖြစ်ပြီး နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာ ခွင့်ပြုမည့် ပမာဏကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြိုတင်တင်ပြရခြင်းနှင့်ကြီးကြပ်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူခြင်းတို့ဖြစ်သည်။

ထို့အပြင် ကော်မရှင်က ရန်ကုန်စတော့အိတ်ချိန်းသည် အချက်ငါးချက်ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ထားရာ ကုမ္ပဏီများက နိုင်ငံခြားသားများကို ရှယ်ယာစတင်ရောင်းချသည့် နေ့ရက်ကြေညာခြင်း၊ နိုင်ငံခြားသားပါဝင် ရင်းနှီးမြှုပ်နှံမှုအတွက်စည်းမျဉ်းများကို ကော်မရှင်ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ရာတွင် အစုရှယ်ယာ တစ်မျိုးတစ်စားတည်းထားရှိရန်၊ ကုမ္ပဏီများက ကော်မရှင်သို့ တင်ပြထားသည့် ရှယ်ယာပမာဏ အတိုင်း အရောင်းအဝယ်ဆောင်ရွက်ရန်နှင့် အစုရှယ်ယာမှတ်တမ်းတင်ရာတွင် နိုင်ငံခြားကုမ္ပဏီ၏တိုက်ရိုက် အစုရှယ်ယာပိုင်ဆိုင်မှုဖြစ်ပါက နိုင်ငံခြားပိုင်ဆိုင်မှုဟု သတ်မှတ်ရန်တို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ ရောင်းချနေသည့် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ကုမ္ပဏီ ဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသား အစုရှယ်ယာပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းခွင့် ပြုထား ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားရှယ်ယာ ဝယ်ယူခွင့်ကို ၃၅ ရာခိုင်နှုန်းအောက် ခွင့်ပြု ခြင်းဖြစ်ကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service