လယ်ယာမြေ ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများ စတင်ဆောင်ရွက်နိုင် - Property News in Myanmar from iMyanmarHouse.com
5066 Views

လယ်ယာမြေ ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများ စတင်ဆောင်ရွက်နိုင်

လယ်ယာမြေပိုင်ဆိုင်သူများအနေနှင့် ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများကို ဥပဒေများဖြင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန်အတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

ယခင်က နည်းဥပဒေများ မပြီးပြတ်သေးသောကြောင့် ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများ မဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ယခု နည်းဥပဒေများ ပြီးပြတ်သွားသောကြောင့် ဇွန်လ ၁ ရက်နေ့က စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ကြေညာလိုက်ခြင်းဖြစ်သည်။

လယ်ယာမြေနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း၊ ရှာဖွေခြင်းနှင့် မိတ္တူကူးယူခြင်းများ ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် အခကြေးငွေနှုန်းထားများကိုလည်း ယင်းဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ထားသည်။

“ လယ်ယာမြေဥပဒေမှာတော့ လယ်သမားတွေအနေနဲ့ လယ်ယာတွေကို ရောင်း၊ ပေါင်၊ ငှားလုပ်ခွင့်ရှိတယ်လို့ပါပြီးသား။ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်က မပြီးသေးလို့ လုပ်လို့မရတာ။ အခုတော့ ပြီးပြီဆိုတော့ စလုပ်လို့ရပြီ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။

လယ်ယာမြေများ ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးတွင် စုံစမ်းနိုင်ပြီး ယင်းလုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် လက်တွေ့စတင်ဆောင်ရွက်ကြမည်ဖြစ်ရာ အားနည်းချက်များ၊ မပြည့်စုံမှုများရှိနိုင်သော်လည်း သက်ဆိုင်သူများက ဝိုင်းဝန်းပံ့ပိုးမှသာ ရေရှည်တွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပေါ်ထွက်လာပါက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ပြင်ဆင်သည့်ဥပဒေမထွက်ပေါ်မီ အရေးကြီး လိုအပ်ချက်များ တွေ့ရှိလာပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံဉာဏ်ရယူခြင်းများဆောင်ရွက်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လယ်ယာမြေဥပဒေ ပြင်ဆင်မှုလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ ဟိုတယ်မက်စ်တွင် ဇွန်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် အစိုးရအသစ်တက်သည့် သုံးနှစ်တာကာလအတွင်း တောင်သူ ၂၁၅,၁၉၀ အတွက် မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်လက်မှတ် ပုံစံ (၇) ၉၆၇၁၀၁ ဧကကို ထုတ်ပေးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service