ဘဏ်ချေးငွေနဲ့ ပက်သက်ပြီး တဖြည်းဖြည်းလျှော့ရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
8458 Views

ဘဏ်ချေးငွေနဲ့ ပက်သက်ပြီး တဖြည်းဖြည်းလျှော့ရဖွယ်ရှိ

ငွေဖောင်းပွမှုနှုန်း အနည်းငယ်လျော့ကျလာတဲ့အခါမှာ ဘဏ်ချေးငွေနဲ့ပက်သက်ပြီး တဖြည်းဖြည်း လျော့ချရမယ့် သဘောရှိလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အက်စ်အမ်အီးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေး ချေးငွေနဲ့ပက်သက်လို့ (၃)နှစ်ကနေ (၅)နှစ်အထိ ချေးဖို့ အစိုးရက သတ်မှတ်ပေးထားပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေပေါ်မှာ မူတည်နေပါတယ်။ မန္တလေးတိုင်းမှာတော့ (၃)နှစ်ချေးတယ်လို့ ဆိုပါတယ်။ အတိုးနှုန်းကလည်း ဗဟိုဘဏ်ကနေ သတ်မှတ်တာပါ။ ဗဟိုဘဏ်ကလည်း ဘာကြောင့် သတ်မှတ်ရလဲဆိုတော့ ငွေဖောင်းပွမှုနှုန်းပေါ်မှာ အခြေခံပြီးတော့မှ အပ်ငွေအပ်ချင်တဲ့သူတွေ အပ်ချင်တဲ့နှုန်းကို သတ်မှတ်တာလို့ သိရပါတယ်။

‘ လက်ရှိဆိုရင် (၈)ရာခိုင်နှုန်းလို့ ကျွန်တော်တို့က သတ်မှတ်ထားတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ငွေဖောင်းပွမှုနှုန်းက နည်းနည်းလေးတော့ ကျလာတယ်၊ ကျလာတဲ့အခါကျတော့ ငွေဖောင်းပွမှုနှုန်းက (၅)ရာခိုင်နှုန်း (၆)ရာခိုင်နှုန်း ရှိလာတယ်၊ ရှိတယ်ဆိုရင်တော့ အတိုးနှုန်းက တဖြည်းဖြည်း ပြန်ပြီးတော့ လျှော့ချရမယ့် သဘောရှိလာတယ်၊ ဒါပေမဲ့ အများကြီးတော့ လျှော့ချလို့မရဘူး၊ ဘဏ်တွေရဲ့ အတိုးနှုန်းလျှော့ချတာက သူများနိုင်ငံတွေမှာဆိုရင် ပွိုက့်ဖိုက်တို့ ပွိုင့်တူးဖိုက်တို့ အဲဒီလောက်ပဲ လျှော့ချတာ၊ အတိုးနှုန်းကို ချတော့ချရမယ်၊ အဲဒါလဲ ဘယ်ပေါ်မှာ မူတည်လဲဆိုတော့ ဈေးကွက်ငွေဖောင်းပွမှုနှုန်း၊ ကုန်ဈေးနှုန်းပေါ်မှာ မူတည်ပါတယ် ‘ လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အတိုးနှုန်းများပြားမှုနဲ့ ချေးငွေကာလတိုတောင်းမှုတွေကြောင့် ချေးငွေနဲ့လုပ်ကိုင်တဲ့ လုပ်ငန်းချင်းအတူတူမှာတောင် ပြည်တွင်း အသေးစားနဲ့ အလတ်စား အက်စ်အမ်အီးလုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေက အက်စ်ဖက်အီးနဲ့ မယှဉ်နိုင်ဘဲ ဖြစ်နေရတယ်လို့ မန္တလေးမြို့ခံ အက်ဖ်အမ်အီးလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ‘ ကုပ္မဏီချင်း၊ လုပ်ငန်းချင်း ထောင်တာ အတူတူပဲ၊ ကိုယ်လဲထောင်တယ်၊ နိုင်ငံခြားကလာပြီး ကုမ္ပဏီထောင်တယ်၊  ချေးငွေချင်းလဲ အတူတူပဲ၊ သူက သူ့နိုင်ငံက ချေးတယ်၊ ဒီမှာ (၅)နှစ် အလုပ်လုပ်လိုက်တယ်၊ ကိုယ်ကကျတော့ (၅)နှစ်ပြည့်တဲ့အချိန်မှာ ဘဏ်တိုးနှုန်းနဲ့ ဒဏ်ကြေးတွေနဲ့ များလာတယ်၊ သူကကျတော့ (၅)နှစ်ပြည့်လို့ သူ့နိုင်ငံပြန်သွားတဲ့အခါမှာ သူ့မှာ ကိုက်တယ်၊ သူ့နိုင်ငံက အတိုးနှုန်းက လျော့နေတာကိုး ‘ လို့ ဂျယ်လီထုတ်ပြီး နိုင်ငံခြားတင်ပို့ဖို့ ကြိုးပမ်းနေသူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စိုးနိုင်က ပြောပါတယ်။

ပုံနှိပ်စက်လုပ်ငန်းရှင် တစ်ဦးကလည်း ‘ ဘဏ်နဲ့ငွေချေးပြီးလုပ်တဲ့အခါမှာ အက်စ်အမ်အီးဖြစ်မှ (၈.၅)ဖြစ်ပြီးတော့ ကျွန်တော်တို့က တခြားဘဏ်ချေးငွေဆိုရင် (၁၂)ရာခိုင်နှုန်း ပေးရပါတယ်၊  အဲဒီအချိန်မှာ ဥပမာ ထိုင်းဆိုရင် (၄)ရာခိုင်နှုန်းအောက် ချေးငွေပဲရှိတယ်၊ ကျွန်တော်တို့က အနည်းဆုံး (၈.၅)နဲ့ လုပ်မယ်ဆို အဲဒီမှာတင် ချေးငွေချေးတဲ့လုပ်ငန်းရှင်ချင်း ကျွန်တော်တို့က (၁)နှစ်ကို (၄.၅)ဆုံးရှုံးနေသလို ဖြစ်နေပါတယ် ‘ လို့ ပြောပါတယ်။ ဘဏ်ချေးငွေတိုးနှုန်း တွက်ချက်မှုစနစ်ကို ပြင်ဆင်ပေးမှ ပြည်တွင်း အက်စ်အမ်အီးလုပ်ငန်းတွေအတွက် ပိုမိုအကျိုးရှိမှာ ဖြစ်တယ်လို့ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

‘ ကျွန်တော်တို့လုပ်ငန်းတွေ အားအင်ချည့်နဲ့သွားပြီဆိုတဲ့အချိန်ကျမှ ဆိုကြပါစို့ ဘဏ်ပေါ်လစီတွေ ပြောင်းမယ်ဆိုရင် ဒါက အကျိုးရှိစေမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပြင်ဆင်နေဆဲကာလမှာ သူတို့ဆီက လုပ်ငန်းတွေကလဲ ရပ်နေမှာမဟုတ်ပါဘူး၊ ဒါလေးကို လေးလေးနက်နက် စဉ်းစားပြီး ဆောင်ရွက်ပေးဖို့ပါ ‘ လို့ မန္တလေး စက်မှုဇုန် (၂)က လယ်ယာသုံးပစ္စည်း ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဘဏ်တိုးနှုန်း များပြားတာတွေကြောင့် ဖိအားအများအပြားရှိတဲ့အပြင် အရင်းကို ကာလတိုပြန်ဆပ်ရတာကြောင့် ဘဏ်ချေးငွေကို အသုံးပြုလုပ်ငန်းတိုးချဲ့နိုင်ရေးဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲတဲ့အရာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service