အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1922 Views

အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်အနောက်တောင်ပိုင်းရှိ ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်သည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အခန်းတစ်ခန်းသာ ပါဝင်သည့် စတူဒီယိုခန်းတစ်ခန်း၏ ဈေးနှုန်းမျှပင် မရှိသည့် ယာတောခြံကြီးကို ပေါင် ၁ ဒသမ ၇၅ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ယာတောခြံဝန်းအတွင်း ကိုယ်ပိုင်လေယာဉ်ရုံလည်း ပါဝင်ရာ အင်္ဂလန်၏ ကျေးလက်တခွင်ကို လေယာဉ်ငယ် (သို့မဟုတ်) ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဒီဗွန်ရှိုင်းယားခရိုင်ရှိ Woodscombe ဟု အမည်ပေးထားသော အဆိုပါ ယာတောတွင် အိပ်ခန်း ၆ ခန်းပါ ယာတောအိမ်တစ်လုံး၊ အိပ်ခန်း ၂ ခန်းပါ စပါးကျီ၊ အခြားစပါးကျီတစ်လုံး၊ လေယာဉ်ရုံနှင့် အဆောက်အအုံအချို့ ပါဝင်သည်။

ပန်းခြံအတွင်းတွင် အိပ်ခန်း ၂ ခန်းပါ ခရီးသွားတည်းခိုအိမ်တစ်လုံးနှင့် မြင်းဇောင်း ၄ ခုလည်း ပါဝင်သေးသည်။

ယာတောအကျယ် ၅၈ ဧကရှိပြီး ဒီဗွန်ရှိုင်းယားခရိုင်၊ နိုးမန်းစ်လန်း ကျေးရွာနှင့် နီးကပ်စွာတည်ရှိပြီး တီဗာတန်မြို့ကလေးမှ ၈ မိုင်ခန့်သာ ဝေးကွာသည်။

Exmoor နှင့် Dartmoor အမျိုးသားပန်းဥယျာဉ်များအကြားတည်ရှိခြင်းကြောင့် ဝန်းကျင်ရှုမျှော်ခင်းများမှာ အလွန်စိမ်းလန်းသာယာ လှသည်။

Woodscombe ယာတောသည် လန်ဒန်မြို့ကြီးသားများ တွေ့မြင်နေကြဖြစ်သည့် လူစည်ကားသည့် နေရာမျိုးကား မဟုတ်ချေ။

သို့ရာတွင် လူသူရှုပ်ထွေးမှုကို ငြီးငွေ့နေပြီး ကျေးလက်တွင် ကျယ်ကျယ်ဝန်းဝန်းနေထိုင်ရန် ရည်ရွယ်သူများအတွက် အလွန်သင့်လျော်သည့် နေရာတစ်ခု ဖြစ်သည်။

ဝယ်ယူမည့်ဆိုပါက ပေါင် ၁ ဒသမ ၇၅ သန်းကို ယူဆောင်ကာ ဗြိတိန်၏ နာမည်ကျော် အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သော Zoopla တွင် ကြော်ငြာတင်ထားသော Seddons Estate Agents အိမ်ခြံမြေကုမ္ပဏီနှင့် ဆက်သွယ်နိုင်ပါသည်။

ယင်းကုမ္ပဏီသည် တီဗာတန်မြို့ကလေးနှင့် ဝန်းကျင်ဒေသများရှိ အိမ်ခြံမြေများကို အဓိကဦးတည်ပြီး seddons.com အမည်ဖြင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုလည်း လွှင့်တင်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင်တွင် ကိုယ်ပိုင်လေယာဉ်သိုလှောင်ရုံ ပါဝင်ကာ ၅၈ ဧက ကျယ်ဝန်းသည့် ယာတောတစ်ခု ပေါင် ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service