ပရိဘောဂစက်မှုဇုန် ထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
4709 Views

ပရိဘောဂစက်မှုဇုန် ထူထောင်မည်

မြန်မာ့ပရိဘောဂပစ္စည်းများ ပြည်တွင်း ပြည်ပဈေးကွက် ပြန်လည်ရရှိရေးအတွက် ပရိဘောဂစက်မှုဇုန် ထူထောင် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင် များအသင်း၏ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံရှိ ပရိဘောဂလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင်လည်း မြန်မာ့ပရိဘောဂပစ္စည်းများ ပြည်တွင်း ပြည်ပဈေးကွက် ပြန်လည်ရရှိရေးနှင့် ပရိဘောဂလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပရိဘောဂစက်မှုဇုန်တစ်ခု တည်ထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် တင်ပြခဲ့သည်ဟု သိရသည်။

ပရိဘောဂလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့်လုပ်ငန်း ဖြစ်သည့်အတွက် ပရိဘောဂစက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေနေရာ စီစဉ်ပေးမည်ဟုလည်း ပြန်လည်ပြောဆိုခဲ့ကြောင်း ပရိဘောဂလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

၂၀ဝ၄ မှ ၂၀ဝ၈ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပရိဘောဂပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုများရှိခဲ့ပြီး နှစ်စဉ် ပရိဘောဂပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ မှ ၂၀ဝ အကြား ရရှိခဲ့သည်။

၂၀ဝ၈ ခုနှစ်နောက်ပိုင်းတွင် ကုန်ကြမ်းပစ္စည်းရရန် ခက်ခဲခြင်းနှင့် ပြည်ပနိုင်ငံမှ ဈေးနှုန်းချိုသာသော ပရိဘောဂထုတ်ကုန်များ ဝင်ရောက်လာခြင်းကြောင့် ပရိဘောဂ ပြည်ပတင်ပို့မှု လျော့ကျခဲ့သလို ပြည်တွင်း ဈေးကွက်ဝေစုများပါ ဆုံးရှုံးခဲ့ရသည်။

ယခုအခါတွင် နှစ်စဉ် ပြည်ပသို့ ပရိဘောဂတင်ပို့မှု တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်းခန့်သာရှိသဖြင့် ၂၀ဝ၈ မတိုင်မီ တင်ပို့ခဲ့သည့် ပမာဏထက် ရာခိုင်နှုန်းများစွာ လျော့ကျသွားသလို အခြားတစ်ဖက်တွင် ပြည်ပမှ ပရိဘောဂပစ္စည်းတင်သွင်းမှုတန်ဖိုးမှာ ကန်ဒေါ်လာသန်း ၆၀ ခန့်ရှိနေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ကန်ဒေါ်လာ တစ်ဘီလျံတန်ဖိုးရှိ ပရိဘောဂပစ္စည်းများကို နှစ်စဉ် ပြည်ပသို့ တင်ပို့နိုင်နေသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာတွင် သစ်တောထွက်ပစ္စည်းကဏ္ဍ ပါဝင်နေပြီး သစ်တောထွက်ပစ္စည်းကဏ္ဍတွင် ပါဝင်သော ပရိဘောဂပစ္စည်း ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက် ရရှိခဲ့ပြီးနောက်တွင် ပရိဘောဂလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန် ဆောင်ရွက်လာခြင်းဖြစ်သည်။

ကာလတိုအတွင်း ပရိဘောဂလုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုရေးအတွက် ဆွေးနွေးသုံးသပ်ရာတွင် အဓိကအချက်အဖြစ် လုပ်ငန်းရှင်များတတ်နိုင်သည့် အလုပ်ရုံများ ဖန်တီးပေးရန်နှင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရန် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲဖြေရှင်းရေးတို့အတွက် စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် လုပ်ငန်းရှင်များ ပါဝင်သည့် ညှိနှိုင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

"တစ်စုတစ်ဝေးတည်း လုပ်ကိုင်နိုင်ဖို့ နေရာတစ်ခု စက်မှုအသိုင်းအဝိုင်းတစ်ခုကို တောင်းဆိုတယ်။ ဘာလို့ တောင်းဆိုတာလဲဆိုတော့ စက်မှုဇုန်တစ်ခု လုပ်ခွင့်ရမယ်ဆိုရင် ဈေးနှုန်းသက်သက်သာသာ အလုပ်ရုံမြေနေရာ ပေးနိုင်မယ်၊ အစိုးရကုန်ကျစရိတ်ကိုလည်း ပြန်ပေးမယ်။ ဝန်ကြီးချုပ်ဘက်က အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ကဏ္ဍတစ်ခု ဖြစ်တဲ့အတွက် အားပေးချင်တယ်။ စက်မှုမြေရအောင် ဖန်တီးပေးမယ်လို့ ကတိပေးခဲ့တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပါဝင်တဲ့ ညှိနှိုင်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်ဖို့ စီးပွား/ကူးသန်းက သဘောတူထားပါတယ်"ဟု ဆင်းမာပရိဘောဂကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်သူ ဦးကျော်ကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး သစ်အချောထည်လုပ်ငန်းများကို လျစ်လျူရှုခဲ့သည်။ ၂၀၁၄ ဧပြီမှစတင်ကာ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်တန့်ခဲ့ပြီး သစ်တောကြိုးဝိုင်းများမှ သစ်ခုတ်ခွင့်ကိုလည်း ၂၀၁၆ ဧပြီ မှ စတင်ကာ ရပ်ဆိုင်းထားသည်။ လက်ရှိတွင် မြန်မာပရိဘာဂလုပ်ငန်းအနေဖြင့် အိမ်ခန်း ပြင်ပတွင် ထားရှိနိုင်သည့် Outdoor သစ်အခြေခံ ပရိဘောဂများ၊ ကြိမ်ဝါးပရိဘောဂများအပြင် ခေတ်မီ ပရိဘောဂများအဖြစ် ဖိုင်ဘာ၊ မှန် စသည့်ကုန်ကြမ်းများကို အခြေခံသည့် ပရိဘောဂများ ထုတ်လုပ်နိုင်ရန် ရည်မှန်းနေသည်။

"ကုန်ကြမ်းရောင်းတာထက် ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ရောင်းမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းဖွံ့ဖြိုးဖို့ အစိုးရက အားပေးဖို့ လိုတယ်။ ဈေးကွက်မှာက ပြည်ပကတင်သွင်း ရောင်းချတဲ့ ပရိဘောဂတွေများတယ်။ ပြည်တွင်း နည်းတယ်။ အစမှာတော့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်"လို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

ပရိဘောဂလုပ်ငန်းများကို ရန်ကုန်တိုင်းရှိ မြို့နယ် အချို့တွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသူ များပြားပြီး ပြည်ပတင်ပို့/တင်သွင်းနေသည့် လုပ်ငန်းအချို့သာလျှင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်နှင့် ဝါးတစ်ရာ စက်မှုဇုန်များတွင် လုပ်ကိုင်နိုင်ကြသည်။

"အရှိန်ရနေတဲ့လုပ်ငန်းကို တွန်းတင်တာမျိုးမဟုတ်ဘဲ အရှိန်သေသွားတဲ့ လုပ်ငန်းကို ပြန်တွန်းတင်ရမှာဖြစ်တဲ့အတွက် ချက်ချင်းကြီး အိတ်စ်ပို့ လုပ်ကြဆိုတော့ အားလုံး အဆင့်သင့်မဖြစ်ကြဘူး။ ပရိဘာဂလုပ်ငန်းတွေအတွက် နေရာဖန်တီးရေး၊ လိုအပ်တဲ့ ကုန်ကြမ်း၊ ကုန်ချောကို ထုတ်လုပ်ရောင်းချရေးအထိကို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှ ရမယ်"ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service