အိမ်ရာအများအပြား လိုအပ်နေသည့် ယနေ့ ရန်ကုန်မြေ ပိုင်ရိုက်ပြီး တိုက်ဆောက်မှ အဆင်ပြေ - Property News in Myanmar from iMyanmarHouse.com
2489 Views

အိမ်ရာအများအပြား လိုအပ်နေသည့် ယနေ့ ရန်ကုန်မြေ ပိုင်ရိုက်ပြီး တိုက်ဆောက်မှ အဆင်ပြေ

ရန်ကုန်မြို့ကြီးသည် မြန်မာနိုင်ငံလုံး အားထားရာ စီးပွားရေး မြို့တော် ကြီး ဖြစ်သည်။ ထို့ပြင် စက်မှုပညာ၊ လက်မှုပညာ စီးပွားရေးပညာ၊ ဥပဒေ ပညာများ သင်ယူနိုင်သည် စသည်ဖြင့် အတတ်ပညာ ရှာမှီးနေကြသည့် လူငယ် လူရွယ်တို့ ပေါင်းစပ်နေထိုင်သည့် မြို့တော်ကြီးလည်း ဖြစ် သည်။ ရေကြောင်း၊ လေကြောင်းနှင့် ကုန်းလမ်းခရီးများ သွားလာ ဆက် သွယ်ရေး၊ အကောင်းဆုံး အချက်အချာ အကျဆုံး မြို့တော်ကြီး လည်း ဖြစ်နေသည်။

"အိမ်ရာအများအပြား လိုအပ်နေသည့် ရန်ကုန်မြေ"

ရန်ကုန်မြို့သည် စီးပွားရေး ရှာသူများအတွက်လည်း အဆင်ပြေ၊ ပညာရှာသူ များ အတွက်လည်း အဆင်ပြေသဖြင့် မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများထက် စာလျှင် ပိုမို၍ လူဦးရေ ထူထပ်သည်ကို တွေ့ရသည်။ ယင်းသို့ များပြားလှ သည့် လူဦးရေများ အဆင်ပြေနေထိုင်နိုင်ရန် အိမ်ရာ အဆောက်အအုံများ အများအပြား လိုအပ်လှပါသည်။

ရန်ကုန်မြို့တွင်း၌ အစိုးရဌာနနှင့် ကုမ္ပဏီလုပ်ငန်းများ အများအပြားရှိခြင်း မြို့သစ်များတွင် စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်များ ပေါများလာခြင်းကြောင့် အဆိုပါ အစိုးရဌာန၊ ကုမ္ပဏီ နှင့် စက်မှုဇုန်များတွင် အလုပ် လုပ်ကိုင်ရန် နယ်နိမိတ်များမှ ပြောင်းရွှေ့လာသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလျှက် ရှိသည်။


"မြေအောက် နက်နက်တူး၊ ဖောင်ဒေးရှင်း ခိုင်အောင်ချမှ၊ စိတ်ချရသည့် အထပ်မြင့်တိုက်များ ဖြစ်လာ"

ယင်းသို့ တိုးတတ်လာသည့် လူဦးရေများ နေထိုင်နိုင်ရန် အလုပ် လုပ်ကိုင်နိုင် ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အိမ်ထောင်စုများ အ များအပြား နေထိုင်နိုင်ရန်အတွက် တစ်ထပ်အိမ်ထက် (၅)ထပ်တိုက် (၁၀) ထပ်တိုက် စသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်ဖို့ လိုအပ်လာ သည်။ ယင်းသို့ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သဘာဝဘေး အန္တရာယ် ကင်းဝေးနိုင်ရန် ခိုင်မာသော အဆောက်အအုံများ ဖြစ်စေရန်မှာ
မြေအောက်သို့ များစွာ နက်အောင် တူးပြီး ဖောင်ဒေးရှင်း (အုတ်မြစ်) ချ ပြီး ဆောက်လုပ်မှသာ အာမခံချက်ရှိသော အဆောက်အအုံများ ဖြစ်လာပါ မည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ယခုအခါ ယာ/အုံဌာနမှ ပိုင်ရိုက်လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက် ရှိသည်ကို တွေ့ရ သည်။


"ပိုင်ရိုက်လုပ်ငန်း ကုမ္ပဏီ ၄၃ခု တရားဝင် လိုင်စင် ထုတ်ပေးပြီ"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ဆောက် လုပ်မည့် အဆောက်အအုံများအနေဖြင့် ပိုင်ရိုက်ခြင်း လုပ်ငန်း ဆောင် ရွက်နိုင်ရန် ပိုင်ရိုက်လုပ်ငန်း ကုမ္ပဏီ ၄၃ ခုအား တရားဝင် လုပ်ငန်းလိုင်စင် များ ထုတ်ပေးထားပြီးကြောင်း သိရသည်။


"အထပ်မြင့် တိုက်ဆောက်လုပ်ပါက ယင်းကုမ္ပဏီများ နှင့် ဆက်သွယ်ရန် လိုအပ်"

ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် အဆောက်အအုံ လုပ် ခွင့် တင်ပြရာတွင် အဆိုပါ အသိအမှတ်ပြု ပိုင်ရိုက်ခြင်း လုပ်ငန်းလိုင်စင် ရ ယူထားသည့် ကုမ္ပဏီများကိုသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


"အဆောက်အအုံ ခိုင်မာရန် ပိုင်ရိုက်ခြင်းလုပ်ငန်း အဓိက ထားလာ"

ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် အဆောက်အအုံသစ် ဆောက်လုပ်သူများမှာ သိသိသာသာ တိုးတတ် များပြားလာခဲ့သည်။ အဆိုပါ အဆောက်အအုံသစ် ဆောက်လုပ်မှုများ တည်ငြိမ်ခိုင်မာမှုအတွက် ပိုင်ရိုက်လုပ်ငန်းများကို အဓိက လုပ်ကိုင်ဆောင် ရွက်ကြရသည်ဟု ဆိုသည်။


"ဘေးပတ်ဝန်းကျင် မထိခိုက်ဖို့ ပိုင်ရိုက်ကျွမ်းကျင်ရန် အရေးကြီး"

အဆိုပါ ပိုင်ရိုက် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု မရှိ ပါက ပတ်ဝန်းကျင် အဆောက်အအုံများ၊ လမ်းများ၊ ရေမြောင်းများကို ထိခိုက် ပျက်စီးမှု ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်မည့် အဆောက်အအုံများ၏ ပိုင်ရိုက်ခြင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စည်းကမ်းတကျ ဆောင်ရွက်မှု ရှိစေရန် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ ရေမြောင်းများနှင့် ပလက်ဖောင်းများအား ထိခိုက်ပျက်စီးမှု မရှိရန် လုပ်ကိုင် ဆောင် ရွက်နိုင်ရေးအတွက် ပိုင်ရိုက်ကျွမ်းကျင် လုပ်ငန်းကုမ္ပဏီများအား တရားဝင် လိုင်စင်များ ထုတ်ပေးလျက် ရှိသည်။

"တာဝန်ခံမှု ရှိစေရန် ကြီးကြပ်စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက် လိုအပ်"

အဆိုပါ ပိုင်ရိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူ တာဝန်ခံမှု ရှိစေရန် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့မှ ထောက်ခံချက် ပေးထားသည့် ကုမ္ပဏီများကို စိစစ်ထုတ်ပေးလျက်ရှိရာ ယခုအခါ ပိုင်ရိုက်ခြင်း ဆောင် ရွက်နေသော ကုမ္ပဏီ ၄၃ခု အား လိုင်စင်ထုတ်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

"အထပ်မြင့် ဆောက်လုပ်ခွင့်တင်လျင် ပိုင်ရိုက်လုပ်ငန်း လိုင်စင်ရှိသူနှင့် ဆက်သွယ်ရန် လိုအပ်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် (၁.၁.၂၀၁၆ ) နေ့မှ စတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းများမှ အဆောက်အ အုံ ဆောက်လုပ်ခွင့် တင်ပြရာတွင် ကော်မတီမှ အသိအမှတ်ပြု ပိုင်ရိုက်ခြင်း လုပ်ငန်းလိုင်စင် ရယူထားသည့် ကုမ္ပဏီများကို လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ကြောင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြသူ များ သိရှိနိုင်စေရန် နှင့် ပိုင်ရိုက်ခြင်းလုပ်ငန်း လိုင်စင်လျှောက်ထားလိုသည့်
မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ သိရှိစေရန် အဆိုပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"အသေးစိတ် သိရှိလိုပါသလား ၁၀ထပ်ရုံး(ယာ/အုံ) ဌာနသို့ သွားလိုက်ပါ"

ထို့ကြောင့် ပိုင်ရိုက်ခြင်း လုပ်ငန်း လိုင်စင်လျှောက်ထားလို သည့် မြန်မာနိုင်ငံ သား ပိုင် ကုမ္ပဏီများအနေဖြင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက် ပူးတွဲ တင်ပြရန် တရားဝင်လုပ်ငန်း လိုင်စင်များ၊ လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) ၁၀ ထပ်ရုံသို့ ရုံးချိန်အတွင်း လာရောက်၍ ဖြစ်စေ၊ ဖုန်း ၀၁-၃၇၄၀၇၇၊ ၀၁-၃၇၄၀၅၅ သို့ ဖြစ်စေ ဆက်သွယ်စုံ စမ်းနိုင်ကြောင်း လေ့ လာသိရှိရသည်။

မှတ်ချက်။ ။အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြရာတွင် ပိုင်ရိုက်လုပ်ငန်း လိုင်စင် ကုမ္ပဏီများကိုသာ လက်ခံဆောင်ရွက်ပေးမည်။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service